🍑Chapter 7🍑(Unicode)

693 11 0
                                    

မျက်ဝန်းတွေရဲ့စိုစွတ်မှုနှင့်အတူ ရင်ဘတ်ထဲကနာကျင်မှု...

မင်းငါ့ကြောင့်ပျော်ရွှင်ရစေမယ် နောက်ဆုံးငါ့ကိုအလိုမရှိတော့တဲ့အချိန်ထငါမင်းဘေးမှာတိတ်တိတ်လေးနေသွားဦးမယ်...

မင်းပျော်လို့ပြုံးနေရင်ငါ့ရင်တွေအေးချမ်းလွန်းလို့ ငါအသက်ဆက်ရှင်ဖို့ မင်းအပြုံးလေးတော့ ငေးနေခွင့်ပေးပါ..

ကျိုးဟိုင် ကလပ်ကိုရောက်လာတော့ အတွေးတွေကိုခဏပြန်သိမ်းထားလိုက်ပြီး ကလပ်ထဲကိုဝင်လာလိုက်တယ်။

"ဒီကညီလေး ဟိုဖုန်းဆက်ထားလို့ အစ်ကို့သူငယ်ချင်းကိုလာခေါ်တာ''

"သြော်ဟုတ်အစ်ကို ဟိုးကထောင့်ဆုံးဝိုင်းမှာ''

"ကျေးဇူးပဲငါ့ညီ''

ကျိုးဟိုင်တွေ့လိုက်ရတယ် စားပွဲပေါ်မှာမှောက်ပြီးခေါင်းတောင်မထောင်နိုင်တော့တဲ့ဝမ်ရိပေါ်..

"ဟျောင့်! ဝမ်ရိပေါ် ထ!''

"........''

"ဝမ်ရိပေါ် ထတော့ မင်းတစ်ညလုံးဒ်ိီတိုင်းအိပ်နေမှာလား?''

နာမည်ကိုအော်ခေါ်ပြီးလှုပ်နှိုးနေတာကြောင့် ရိပေါ်မျက်လုံးတွေပွင့်လာပြီး..

"မင်း..ခွပ်''

".........''

"မင်း..မင်းကိုကိုနဲ့နမ်းနေတဲ့ကောင်..ဟုတ်တယ် ''

"ဝမ်ရိပေါ် ငါမူးနေတဲ့သူကိုပြန်မလုပ်ချင်ဘူး''

"ဘာ!လာလုပ်လေ လာခဲ့''

"မင်း..ခွပ်ခွပ်''

"အဟက်..ငါပြန်မလုပ်ချင်လည်းမင်းကအကြောတင်းတာကိုး ခွပ်''

"..မင်း..ဘာလို့မင်းလဲ ဘာ..ဘာလို့ ကိုကိုနဲ့နမ်းနေရတာလဲ မင်းတို့ဘယ်အခြေနေထိသွားပြီးပြီလဲ''

ကျိုးဟိုင်ရင်ဘတ်ကြီးအောင့်သွားပြီ ဘာလို့နမ်းနေခဲ့လဲဆိုတာသူကိုယ်တိုင်အသိဆုံးမို့လေ..

*မင်းမသိပါဘူး ဝမ်ရိပေါ် ငါကအပြင်လူသက်သက်ပါ ငါ့ရင်တွေကွဲကြေနေတာဘယ်သူမှမမြင်နိုင်ပါလား*

"အဟက်!ငါကဘာလို့ပြောပြရမှာလဲ ''

"မင်း..''

MY EVERYTHING Where stories live. Discover now