⚜FOUR ⚜

4.6K 511 4
                                    

ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုတဲ့စကားကတစ်ကယ်ကိုမှန်သည်


ဘဝမှာထပ်မတွေ့ချင်ဘူး ရင်ထဲမှာမြုပ်နှံထားတော့မယ်ဆိုတဲ့သူကို မျက်ဝါးထင်ထင်တွေ့ခဲ့ရသည် ဘာလို့လဲ ဘာကြောင့်ပြန်လာခဲ့ရတာလဲ
အတိတ်ကိုအတိတ်မှာထားပြီး မေ့ပစ်ပါမယ်ဆို
ပြန်တူးဆွမိပြန်ပြီ ဟင့်အင်း ပြန်မတွေးချင်ဘူး လွတ်မြောက်ချင်ပြီ ခုချိန်မှာ အဓိက jungkook ဘဲ
ကိုယ်နဲ့တရားဝင်လက်ထပ်ထားတဲ့ခင်ပွန်း
ဟုတ်တယ် ကျန်တာမတွေးဘူး

"ပါးပါး...."အသံပိစိလေးလာရာကြည့်မိတော့အိမ်ပေါ်ထပ်ကအရုပ်လေးပိုက်ကာဆင်းလာတဲ့သမီးလေး

"ပါးပါး kookieလေးကမနိုးဘဲနဲ့တောင်နိုးနေပြီလား လာပါဦး"လက်ကမ်းခေါ်လိုက်တော့အနားကိုပြေးလာသည် ကိုယ်လဲသူနဲ့အညီဒူးထောက်ချလိုက်ကာ

"သမီး ကိုကိုကော မနိုးသေးဘူးလား"

"ပါးပါး ကိုကိုက အကျင့်မကောင်းဘူး kookieကို
ကန်ချတယ် kookieလေဟိုး...အောက်ကို ဖုတ်ခနဲဘဲပြုတ်ကျတာ"

ဟိုး ဆိုတဲ့နေရာလေးကိုသံရှည်ဆွဲ ချစ်စရာကောင်းပြန်တိုင်သည်တဲ့လေ တကယ့်ကို စကားတတ်လေးပါ

ထိုချိန်အိပ်ပေါ်ကဆင်းလာတဲ့jungkook

"ပါးပါးကို ဘာတွေ ကပ်ချွဲနေပြန်တုန်းဒယ်ဒီဆီလဲလာပါဦး"

Jungkookပြောတော့jungkookပေါင်ပေါ်တတ်ထိုင်ကာ ပြန်မှေးနေသည် အရုပ်လေးကတော့မလွှတ်သေး

"Taehyungie လေး ကုတင်ပေါ်ကကန်ချလို့တဲ့
Jungkookရေ"

"Baby ကို ကိုပြောသားဘဲအစထဲကခွဲသိပ်ပါလို့
Taehyungie လေးကနဂိုတည်းကအအိပ်ကြမ်းတာ"

"အင်း ခုတော့အဲ့လိုဘဲလုပ်ရတော့မှာပေါ့"

"အဲ့ဒါဆိုညနေလောက်ကို အလုပ်ကပြန်လာရင်လာခေါ်မယ်လေ ကလေးတွေအတွက် ကုတင်
သွားကြည့်မယ်"

"ဒယ်ဒီတကယ်ပြောတာလား kookie ကိုယ့်ကုတင်နဲ့အိပ်ရတော့မှာပေါ့"

"ဒါပေါ့"

"ဟေး....Kookie ကို pink pink pink လေးတွေအများကြီးဝယ်ပေး"

"ဟုတ်ပါပြီဗျာ ဒီကဒယ်ဒီကမင်းသမီးလေးကို pink pink pink လေးဘဲဝယ်ပေးရမှာပေါ့"

My Husband |COMPLETED |Where stories live. Discover now