မီးရောင်စုံ တစ်ဖျက်ဖျက်များနှင့် တီးလုံးသံများကဆူညံနေသည်
Jungkook Taeနဲ့ယူပြီးကတည်းကclub ဆိုသောနေရာကိုမလာဖြစ်တော့ကြာပြီ အခု စိတ်ရှုပ်ထွေးလွန်း၍ထွက်ပေါက်အဖြစ်လာခဲ့ခြင်းဖြစ်သည် ဘေးကအချောအလှများက ကိုယ့်နားကပ်ကာ ဟိုထိဒီထိ မကြိုက်ပေ သူဆိုသော jeon
Jungkook မှာ Kim Tae အပိုင်ဖြစ်သည် ထိုနည်းလည်းကောင်း Kim Taeသည်လည်းသူ့အပိုင်
ဒီနေရာထိုင်နေရင် ဆူညံသံတွေဘေးလူတွေနဲ့အေးဆေး သောက်လို့မရ VIP အခန်းတစ်ခန်းအားယူခဲ့သည်Jungkook အရက်ခွက်ထဲသို့ ရေခဲတုံးပစ်ထည့်ကာ တစ်ကျိုက်မော့ကျလိုက် ပြီးခွက်ကို 'ခွပ်' ခနဲ
မြည်အောင်ချလိုက်သည်
ပြီးနောက်နောက်သို့ခပ်လျှောလျှောမှီထိုင်ကာ
အတွေးတို့ကိုဆက်လိုက်သည်Kim namjoon ဆိုသောသူက သူနှင့်ဖက်စပ်တွဲလုပ်သော လုပ်ငန်းပါတနာ တစ်ယောက် Taeနဲ့စတွေ့ချင်းနေ့ကတည်းက Taeကိုဘဲခိုးကြည့်နေသည်မှာသိပ်တော့ဘဝင်မကျ
ပြီးနောက် Taeဖုန်းနံပါတ်ဘယ်လိုရလဲတော့မသိ
ခဏခဏဆက်တာကိုယ်သိသည် သို့သော် ကိစ္စ
ရှိလို့ပင်ဖြစ်မည်ဟု မသိချင်ယောင်ဆောင်လိုက်သည် ထို့နောက် အိမ်သို့ခဏခဏ လာသည်
ကလေးတွေအားအကြောင်းပြ ကာ လာသည်ဒါ
လည်း သူက ကလေးတွေကိုတအားချစ်တာကို
Companyမှာပြောလို့ရသည့်ကိစ္စလေးအားအရေးတကြီး အိမ်သို့လာပြောသည် သြော် ဒါလဲသူသည် အရာရာကို အလေးထားသည်ဟုသာမှတ်သည်ဒါအပြင် သားလေးဆေးရုံ တတ်တုန်းက ဆို ကိုယ့်တတ်ပင်ပို၍ပင်စိုးရိမ်နေသည် ဒါလဲစိတ်ပူစရာတော့မဟုတ် Kim Namjoon သည် ကလေးတွေနဲ့သွေးကအစ မြေပဲနဲ့မတည့်ပါတူနေသည်
တိုက်ဆိုင်မှုတော့မဖြစ်နိုင်တော့ Taeလဲ Namjoon ရောက်လာသည့်အချိန်မှစ၍ မရွှင်လန်းတော့ မေးတော့လည်း ဘာမှမဟုတ်ပါဘူး
လို့သာဖြေသည်အိတ်ကပ်ထဲမှဖုန်းအားထုတ်ကာနံပါတ်တစ်ခုသို့လှမ်းခေါ်လိုက်သည်သူထင်တာမဟုတ်ပါစေနဲ့လို့သာဆုတောင်းရင်း
"Hello "
"Jimin hyung ကျွန်တော်တစ်ခုမေးစရာရှိလို့"
"မေးလေ မင်းအရက်တွေသောက်ထားတာလား
အိမ်ပြန်လဲနောက်ကျဦးမယ်"
YOU ARE READING
My Husband |COMPLETED |
RomanceJeon Jungkook × Kim Taehyung TAEKOOK💙 Cover by Paing {Zawgyi + unicode }