⚜TEN⚜

3.7K 337 1
                                    

ဒီအတောအတွင်းလုပ်သင့်လုပ်ထိုက်သော အရာများကို ကြိုတင်စီစဉ်ထားရသည်။နှောင့်နှေးလို့မဖြစ်ပေ။စားပွဲက စာရင်းဇယားတွေကို ပြန်စီနေရင်း လက်ကနာရီကိုလည်း သတိတရနှင့်ငုတ်ငုတ်ကြည့်ရသေးသည်။

"ကျစ် ရောက်သင့်နေပြီကို"

ချိန်းထားသည့်လူကမရောက် ကိုကလည်းအလုပ်ရှုပ်နေသည်မို့ စိတ်မရှည်ပေ။

ဒေါက်ဒေါက်

(CEO nim အကြံပေးရှေ့နေ ရောက်နေပါတယ်ရှင့်)

အတွင်းရေးမှူးမလေး၏စကားကြောင့် နည်းနည်းသက်သာရာရသွားသည် စောင့်နေတဲ့သူကရောက်လာပြီကို

"ဝင်ခိုင်းလိုက်"

"ထိုင်ပါဦး ရှေ့နေကြီး"

"ဟုတ်ကဲ့ CEO ဘာများပြောစရာလို့လဲ ခင်မျာ့"

"အခြားတော့မဟုတ်ပါဘူး  ကျွန်တော်သေတမ်းစာလုပ်ချင်လို့ ရှေ့နေကြီးကိုအကူညီတောင်းမလို့ပါ"

"ခမျာ"

..........................................................

အချိန်အားဖြင့် လေးနာရီ နေစောင်းလေပြီ
Taeတစ်ယောက်စောင့်နေရတာ နာရီဝက်ကျော်နေပြီ သို့သော်jungkookရောက်မလာသေး
သူ့အားဘာအကြောင်းလဲမပြောဘဲ လမ်းထိပ်တွင်စောင့်ခိုင်းထားသည်။မေမေကလည်း
ကလေးတွေခေါ်သွားမယ်ဆိုကာအတင်းခေါ်သွားသည်။ဘာတွေဖြစ်နေမှန်းမသိပေ။

တီတီ

ကားဟွန်းသံကြားမှ အတွေးတို့ကိုရပ်ပစ်လိုက်သည်။အရှေ့လာရပ်သောကားအား လှမ်းကြည့်လိုက်တော့ ကားနောက်ခန်းမှ ချစ်ရသူ

"Baby စောင့်နေတာကြာသွားလား လာတတ်"
ဟုဆိုကာအရှေ့ခန်းတံခါးအားဖွင့်ပေးသည်။

ထို့နောက် "မင်းဆင်းပြီးနေခဲ့"ဟုဒရိုင်ဘာအားjungkookလှမ်းပြောရင်းမောင်းသူနေရာတွင်ဝင်ထိုင်လိုက်သည်။ကားလေးထွက်သွားတာကိုကြည့်ရင်း ကျန်ခဲ့သူကကြောင်တောင်တောင်နဲ့ပေါ့(ငါပါ ဒရိုင်ဘာလေး :") )

"Jungkookဘယ်သွားနေတာလဲ"

"ရှူး ဒီနေ့ ကို့သဘောကျလိုက်ခဲ့ပေး"

ကားလေးဟာရုပ်ရှင်ရုံရှေ့တွင်တိခနဲရပ်လိုက်သည်။ထို့နောက်" Tae မုန့်ဝယ်ထားနှင့် ကိုကားပါကင်ထိုးပြီးလာခဲ့မယ်"ဟုပြောသွားလေသည်။

My Husband |COMPLETED |Where stories live. Discover now