မျက်နှာပေါ်ကမီးအရောင်ဟာလည်း မျက်စိအားစူးလွန်းသည်
စကားပြောသံတွေကြားနေရသည် တစ်ယောက်က Hyung တစ်ယောက်ကတော့ဘယ်သူမှန်းမသိ သိချင်စိတ်ဖြင့်မျက်စိဖွင့်ကြည့်မိတော့ ဖြူဖွေးနေသော မျက်နှာကျက် တစ်ချိန်တည်း နှာခေါင်းထဲအနံ့တစ်ခုကတိုးဝင်လာသည် ပိုးသတ်ဆေးနံ့ သြော်..... သူhyungနဲ့အပြန် မေ့လဲသွားလို့ဆေးရုံရောက်နေတာကို
အနည်းငယ်ညည်းညူ ရင်း အားယူကာထလိုက်တော့ ဆရာဝန်နဲ့စကားပြောနေတဲ့ hyungကသူ့ဆီသို့ ကမန်းကတန်း ပြေးလာသည်
" jungkook အဆင်ပြေရဲ့လား ထနိုင်လား"
"ရတယ် hyung"
"လူနာကဒီသွင်းထားတဲ့ဆေးကုန်ရင် အုပ်ထိန်းသူနဲ့ ကျွန့်တော့်ရုံးခန်းကိုလာပေးပါ ခဏနေ ဆေးစစ်ချက်အဖြေထွက်လာပါလိမ့်မယ်"
"ဟုတ်ကဲ့ ဒေါက်တာ "
"ဆေးစစ်ချက်?"
Jungkookကအံ့သြသလိုဆိုလာသည်"ဟုတ်တယ် jungkook ဒေါက်တာက medical checkup လုပ်ကြည့်ပါဆိုလို့ အကုန်လုံး စစ်လိုက်တယ်"
"သြော် ရပါတယ် ကျွန်တော်အကုန်ကောင်းပါတယ်"
"အေးပါ ခုတော့ဆေးကုန်တဲ့အထိနားလိုက်ဦး ပြီးရင် ဒေါက်တာဆီသွားမယ်"
Dr.Park Shin Ho ဆိုသော အမည်တပ်ထားသော အခန်းထဲတွင်လူသုံးယောက်တိတ်ဆိတ်စွာထိုင်နေကြသည်
"ဗျာ......ကင်ဆာ နောက်ဆုံးအဆင့်"
"ဟုတ်ကဲ့ အခုအဖြေထွက်လာတဲ့အရ ဦးနှောက်မှာ အကျိတ်တွေ့တယ် ဖြစ်နေတာကကြာနေပြီ အခုမှ ပင်ပန်းမှုနဲ့စိတ်ဖိစီးမှုကြောင့် ရောဂါ
လက္ခဏာ ပြလာတာ နောက်ပိုင်း လက္ခဏာ တွေပိုပြီး ပြလာလိမ့်မယ် ပြီးတော့ ဒါက ကင်ဆာ ဖြစ်နိုင်မယ်""ဒေါက်တာရယ် ဟုတ်ပါ့မလား မဖြစ်နိုင်တာတွေ jungkookကကျန်းမာပါတယ်"
Jungkook ဘာတစ်ခွန်းမှဝင်မပြောဖြစ် သူက ကင်ဆာတဲ့လား ပြီးတော့လဲနောက်ဆုံးအဆင့်
ကြားကြားပြီးချင်း ကျောက်ရုပ်လိုသာ ကျောက်ချထိုင်နေမိတော့သည် ။ကံကြမ္မာ ရယ်ရက်စက်လွန်းလိုက်တာ
ဒါဆိုသူနဲ့Taeက ထာဝရဝေးရတော့မှာလား
YOU ARE READING
My Husband |COMPLETED |
RomanceJeon Jungkook × Kim Taehyung TAEKOOK💙 Cover by Paing {Zawgyi + unicode }