⚜NINE⚜

3.4K 332 9
                                    

ဘာလိုလိုနှင့် တစ်လတောင်ပြည့်ခါနီးလာပြီ
ထိုအချိန်အတွက်သူကြိုတင်ပြင်ဆင်ထားခဲ့ပါလျက် ဘာကြောင့်မစွန့်လွှတ်ချင်မှန်း မသိပေ။
အမှန်တိုင်းပြောရရင် သူဒီမိသားစုလေးကိုမခွဲချင်ဘူး အချိန်တစ်မိနစ် တစ်စက္ကန့်လေးဘဲရရ ထိုအချိန်နည်းနည်းကသူ့အတွက် ပင်လယ်သမုဒ္ဒရာလောက် ပင်။

ဒီနေ့တော့Taeနဲ့အတူ တစ်နေကုန်အတူရှိချင်မိသည်။ ဒီနေ့တစ်ရက်ပါဘဲ နောက်ဆုံး အနေနဲ့ တစ်ရက်ပါဘဲ လုံလောက်ပါတယ်။

အဟွတ်...

ရေချိုးသန်စင်ပြီး ကိုယ်လုံးပေါ်မှန်ရှေ့တွင် အင်္ကျီ ကြယ်သီးကိုကျန စွာတပ်ဆင်ရင်း ကိုယ့်ကိုယ်ကို သုံးသပ်နေမိသည်။

မျက်နှာလဲတော်တော်ပိန်ကျကာ ဖြူဖပ်လာသည်။ချောင်းလည်း မကြာခဏဆိုသလို ဆိုးလာတတ်သည်။ ဒါ့အပြင် သူသည် jimin ကိုပါတစ်ခါတစ်လေမေ့သွားတတ်သည်။ သူTaeကိုတော့ မမေ့ပစ်ချင်ပါ အဆုံးစွန် ထိ သတိရနေမည်။Taeနဲ့ပျော်ပါးခဲ့တာတွေ ချစ်စကားများပြောခဲ့တာတွေ ကျီစယ်ခဲ့ကြတာတွေ ဒီအမှတ်တရတွေကမေ့ပစ်ဖို့မတန်အောင် တန်ဖိုးရှိလွန်းသည်။

Taeကခုတလော သူ့အား စိတ်နဲ့ကိုယ်နဲ့မကပ်ဘူး ဆိုပြီး ကရုစိုက်တတ်လွန်းသည်။
ကိုယ့်ဒီလိုပုံစံတောင်နေမကောင်း၍အအေးမိလို့ဆိုပြီးလိမ်ထားရသေးသည်။

စားပွဲပေါ်ကခေါင်းဖီးကိုယူကာ တစ်ချက်နှစ်ချက်သပ်တင်ရင်းပြင်ဆင်မှုကိုအဆုံးသတ်လိုက်သည်။ သို့သော် ဘီးတွင် ဆံချည်မျှင်တစ်ချို့

အင်း ဘယ်လိုပင်ထောင်ခံထားသည်ပြောပြော
ခန္ဓာကိုယ်က သူ့အချိန်သူသိသည်ထင်ပါ့ လက္ခဏာ ပြလာတော့သည်။

"Jungkook ရေ မနက်စာရပြီ မပြီးသေးဘူးလား"

အချစ်တော် babyလေးက အော်ခေါ်နေလေပြီ
ကျွတ်နေသော ဆံချည်မျှင်တစ်ချို့ ကို အမှိုက်ပုံး
ထဲထည့်ကာခပ်သုတ်သုတ်ဆင်းလာလိုက်တယ်။

မီးဖိုခန်းရောက်တော့ ကလေးနှစ်ယောက်ကတစ်ဖက် မနက်စာကတစ်ဖက်နှင့်အလုပ်ရှုပ်နေပါသော Babyလေး

"ကဲ ဒယ်ဒီပိစိလေးတွေ ဒီကိုလာပါဦး"

"ဒယ်ဒီ! !!.."

My Husband |COMPLETED |Where stories live. Discover now