⚜EIGHT ⚜

3.6K 341 4
                                    

ု့"ဝါး......ပါးပါးရေ ဒီကိုလာကြည့်ပါဦး ရေခဲမုန့်တွေအများကြီးဘဲ ပါးပါးရေလို့....."

မနက်စောစောစီးစီး ရေခဲသေတ္တာထဲတွင် ရေခဲမုန့်တွေတွေ့လို့ပျော်နေသည်လေ အဲ့လိုပျော်အောင်လဲ ကိုယ်ဘဲဝယ်ထည့်ထားပေးတာ Taeသိရင်တော့ အော်ခံရကိန်းပေါ့

"မီးမီးရေ စောစောစီးစီး ဘာတွေအော်နေတာလဲ"

အပေါ်ထပ်ကနေ Taehyungie ကိုချီကာဆင်းလာသည့်Tae

"သွားကြည့်ပေးလိုက်ပါ babyရယ်"
ဧည့်ခန်း တွင်သတင်းစာဖတ်နေရင်း ပြုံးပြုံးကြီးကြည့်ပြောလာသည် တစ်ခုခုတော့တစ်ခုခုဘဲ

ဘာကြောင့်ရယ်မှန်းမသိ Taeမျက်စောင်းအားမြင်လိုက်သော jungkookတစ်ယောက် ခေါင်းမွှေးပါထောင်လာရသည် သိနေသည်လေ မကြာခင် သူအော်ခံရကိန်းဆိုက်တော့မည်

"Jeon jungkook!!!!!!!..."

ဟော.......ပြောလို့ပင်မဆုံးသေး အော်နေပါပြီ
မီးဖိုချောင်ကအော်နေပေမယ့် အသံလှိုင်း သည်ကွေ့ဝိုက်ကာ နားထဲသို့ မဆိုင်းမတွ အလုံးအရင်း နဲ့ဝင်ရောက်လာသည် မကြာပါ လူသည်လည်း လေအဟုန်ကဲ့သို့ဘေးနားချက်ချင်းရောက် လာသည်

"Jungkook ဘာလို့ရေခဲမုန့်တွေအများကြီးဝယ်ထားတာလဲ ကြည့်ဦး... ရေခဲသေတ္တာတစ်ခုလုံးပြည့်လို့ တစ်ဆိုင်လုံးဘဲဝယ်လာပါတော့လား ကလေးတွေကိုစည်းကမ်းပျက်အောင်သိပ်လုပ်တာဘဲ "

ကြည့်...အသက်ကဖြင့်ငယ်ငယ်လေးနဲ့
တစ်နေ့တခြား အဘွားကြီးအိုလေးနဲ့တူလာတယ် အခုလဲ ထင်တဲ့အတိုင်းပွစိပွစိ ဗြစ်တောက် ဗြစ်တောက် ကပြောသေး
ရွဲ့တာလေးကအဆစ်ပါလိုက်သေးတယ်

"ကိုက စားစေချင်လို့ပါကွာ ကလေးတွေသိပ်ကြိုက်တာသိရဲ့လားနဲ့ တစ်ခါတစ်လေကို စားပါစေ"

"အဲ့လိုတွေ သိပ်အလုပ်ကောင်းလို့ Taeစကားဆိုနားမထောင်ကြတော့ဘူး သူအဖေကိုသိပ် ကာဗာ ယူကြတယ် ကြည့်လို့ကိုမရတော့ဘူးသုံးယောက်လုံး အထူးသဖြင့် jungkook ကြပ်ကြပ်သတိထား နေ"

မျက်စမျက်နပစ်ကာ မျက်နှာပေးနဲ့ ပြောလာတော့ ဒီလူကရီချင်တာပေါ့လို့
ရီရင်လည်း "ဘာရီတာလဲ"ဆိုကာ ကောက်တော်မူလိုက်မှ ရုပ်ချည်းဆိုသလို အခန်းပြင်ထွက်အိပ်ခိုင်းဦးမယ်
အခုလဲ ကလေးတွေက ကိုယ့်အား ကပ်လွန်းလို့
စိတ်ဆိုးတာတဲ့ နှုတ်ခမ်းကို စူထော်နေလိုက်တာ
ကလေးတွေနဲ့အပြိုင် တစ်ခါတစ်ခါ သွေးထားတဲ့ဓားသွားလို ထက်လှတဲ့ နဂါးမျက်စောင်းများက အခါခါ ပစ်ခွင်းသေး
လူကိုစေ့စေ့ကြည့်ကာ "ကြပ်ကြပ်သတိထား နေ"ဆိုဘဲ ခေါင်းကြိမ်းလိုက်တာ Taeရယ်

My Husband |COMPLETED |Where stories live. Discover now