⚜ELEVEN ⚜

9.1K 388 66
                                    

အရင်ကမိသားစုစုံလင်ခဲ့သောအိမ်ကြီးတွင်ခြောက်ကပ်နေသည်။ ရာသီဥတုကအေးနေတော့ပိုလို့ပင်လွမ်းရသည်။ jungkook ဟုတ်တယ်
Jungkook ထွက်သွားတာလဝက်လောက်ရှိပြီ
ဂျပန်တွင် အလုပ်ကိစ္စ နှင့်ထွက်သွားတာ သူ့ဆီအဆက်အသွယ်မလုပ်ရတဲ့အထိအလုပ်ရှုပ်နေတယ်ထင်သည်။ ပြန်လာချိန်လည်းအတိအကျမပြော ဖုန်းခေါ်တော့လည်း မကိုင်ပေ။ ကလေးတွေကသူ့ဒယ်ဒီကိုညတိုင်းမေးကာသတိရနေကြတယ်။ ကလေးတွေသာမက သူလည်းသတိရနေသည်။

သိသာသည်အရင်လိုကိုယ့်အားအရိပ်တကြည့်ကြည့်နေပေးသောမျက်လုံးတွေကိုလွမ်းလှသည်။စိုးရိမ်ပူပန်ပြီးပြောတတ်သောစကားတွေကိုလွမ်းလှသည်။jeon jungkook ပတ်သက်ပြီးအရာရာကို လွမ်းလွန်းလှသည်။

အနေနီးတုန်းကမသိသာပေမယ့် အနေဝေးမှလစ်ဟာမှုကိုနားလည်လာသည်။အမှန်တိုင်းပြောရရင် သူလည်း Jungkook နီးပါးချစ်တတ်လာပြီ။

Jungkookမရှိတော့ဘာလုပ်လုပ်စိတ်မပါဘဲလေးလံထိုင်းမှိုင်းကာနေသည်။သို့ပေမယ့် အသံရှုလိုက်တိုင်း Jungkook ရှိသည်ဆိုသည့် စိတ်လေးနှင့်ဘဲ လွမ်းစိတ်ကိုဖြေဖျောက်နေရသည်။

ဒီတခေါက် jungkookပြန်လာလျှင် သူခံစားချက်အမှန်တွေကိုjungkookအား တကယ်ဖွင့်ပြောတော့မည်။ အရင်လို အုံပုန်းမနေပါဘဲပွင့်ပွင့်လင်းလင်း ပြောပြီး jungkookအားဒီထက်ပို ကရုစိုက်ပေးမည်။ ချစ်ပေးမည်။

တိုတောင်းလွန်းသောဘဝမှာ အချိန်ဆွဲခြင်းသည်သိပ်ကောင်းတဲ့အရာမဟုတ်။ပြောမရသောကိစ္စများဖြစ်မလာနိုင်ဟုမပြောနိုင်ပေ။ ဒါကြောင့် အချိန်မှီလေး
အမှားတွေကိုဝန်ခံပြီး ခွင့်လွှတ်မှု တောင်းခံမည်ဟုဆုံးဖြတ်ထားသည်။

Taeအိမ်သန့်ရှင်းရေးလုပ်နေတာနောက်ဆုံး စာကြည့်ခန်းတစ်ခန်းသာကျန်တော့သည်။ စာကြည့်ခန်းကိုသူမဝင်မိတာတော်တော်ကြာခဲ့ပြီ။သတိမထားမိတာလည်းပါမည်။

တံခါးကိုဖွင့်လိုက်တော့ ထုံးစံအတိုင်း စားပွဲပေါ်တွင်စာရွက်များကဟိုတစ်ခုဒီတစ်ခုပွစိလို့နေသည်။ ဒါ့အပြင်ကလေး ကစားစရာ များကလည်းကြမ်းပြင်တွင် မွစာကျဲနေသည်။ ကလေးနှစ်ယောက်သည်တစ်ခါတစ်လေ သူတို့ဒယ်ဒီနှင့်ဒီအခန်းထဲဝင်ကစားလေ့ရှိသည်။ သူမရှင်းရင်မရှင်း
သလို ရှုပ်ပွနေသည်။ရှင်းရှင်းပြောရလျှင် အမှိုက်ပုံနှင့်ပင်တူလေသည်။သူလည်းjungkookကဒီထဲတွင်အမြဲအလုပ်လုပ်တတ်သည်မို့ သူလည်းဝင်မရှင်းဖြစ်ပေ။

My Husband |COMPLETED |Where stories live. Discover now