Unicode.....
အားစ် ............ငါမဟုတ်ဘူး.....
အဲ့ဒါငါမဟုတ်ဘူး.........အားလော့ဘာဖြစ်လို့လဲ.....
ဘာဖြစ်လို့လဲ......အထိန်းတော်ယုံ ပုကျိမနေ့ညကကျွန်တော်......
အော်သံကြားလို့အိပ်ခန်းထဲပုကျိနဲ့အမြန်ပြေး၀င်တာဘာများဖြစ်လို့လဲပေါ့......သိလိုက်ပါပြီဒ္ီကလေးမနေ့ညကလုပ်ရက်တွေပြန်မှတ်မိပြီးထိုင်အော်နေတာ....
ရှက်လိုက်တာဘယ်နားသွားနေရမလဲ သူနဲ့မတွေ့ချင်ဘူးတွေ့ရင်ဘယ်လိုမျက်နာပြရမလဲ.......ပုကျိငါ့ကိုကယ်ပါအုံး ....အထိန်းတော်ယုံသူလာရင်ပေးမ၀င်နဲ့နော်ကျွန်တော်မတွေ့ချင်ဘူး......နော်နော်.....
ဘာလို့အများကြီးသောက်လဲအကုန်ပေါ်ကုန်တော့မယ်မင်းကတော့လေအခုထိမလိမ္မာဘူး
ငါလည်းမသောက်ရတာကြာလို့သောက်လိုက်မိတာပါ...
ကဲပါနိုးလာရင်ရေချိုးသန့်စင်လိုက်အုံးပြီးရင်ခေါင်းကြည်အောင်ပျားရည်ဖျော်ထားပေးမယ်ဟုတ်ပြီလား.......
ရေချိုးကန်ထဲရေချိုးနေပေမယ့် ကြာပန်းပွင့်ဖတ်လေး
တွေဆယ်ယူရင်း ကိုယ့်လက်တွေကိုယ်ကြည့်မိတော့မနေ့ညကအဖြစ်ပျက်တွေပြန်မြင်ယောင်........Flashbacks.......
ပုကျိငါ့မြင်းရဲ့လည်ပင်းကဘာလို့သေးသွားတာလဲ...
ထားပါသေးပေမယ့် လည်ဆလုတ်လေးကကိုင်လို့ကောင်းတယ် .....ပြီးတော့ရင်ဘက်ကအဖုတွေကြီးလာတယ်ကောင်းလိုက်တာငါ့မှာတောင်အလိုမရှိဘူး....ကိုင်လို့ကောင်းလိုက်တာ.....အိမ်ရှေ့စံမင်းသားကိုတောင်းပန်ပါတယ်မင်းသမီးကအရမ်းမူးနေလို့လျောက်ပြောနေတာပါ......
ကျွန်တော်နားလည်ပါတယ်....
ြမင်းကဘာလို့ရပ်သွားတာလဲပြေးလေဟဲ့မြင်း
မြန်မြန်ပြေးအောင်ဖင်ကိုရိုက်ရမယ်.......Present.....
ဟော့ဒီလက်ချောင်းတွေနဲ့သူ့ရင်ဘက်ကိုပွတ်တိုက်မိပြီး
ဟော့ဒီလက်နဲ့သူတင်ပါးကိုရိုက်ခဲ့တာအား....
ဆက်တောင်မတွေးရဲတော့ဘူးငါ့ကိုနှာဘူးလို့ထင်နေတော့မှာဘဲ.........အလယ်နန်းဆောင်.....
လက်သေးသေးလေးတွေရင်ဘက်ကိုပွတ်တိုက်တော့
ပေါက်ကွဲမတက်ဒီ့ကောင့်နှလုံးသားတစ်ခုလုံး
ခုန်နေတာဘယ်သူ့မှမသိလိုက်ဘူး....
အဲ့လက်သေးသေးလေးတွေကလက်သံတော့ပြောင်တယ်ဖင်ကိုရိုက်လိုက်တာများအခုထိနာနေတုန်း....
နိုးလာလို့ပြန်မှတ်မိရင်ရှက်နေမှာသေချာတယ်
ဒီနေတော့သွားမတွေ့တော့ဘူးကိုယ့်တွေ့ရင်သူရှက်နေမှာ...အဲ့ရှက်နေတဲ့ပုံလေးကိုလည်းတွေချင်သေး.....