2Wish Kingdom part-23💙💚

173 27 11
                                    

Unicode

ခါတိုင်းနဲ့မတူအိပ်ရတာ သက်တောင့်သက်သာရှိလိုက်တာကုန်းကုန်းအိပ်ယာအသစ်လဲထားလို့လား မျက်စိမဖွင့်ဘဲလက်နဲ့အသာအယာစမ်းကြည့်မိတော့ လှေကားထစ်လေးတွေလိုအထစ်ထစ်တွေနဲ့ ဘာလဲဟအပေါ်ဘက်နားလက်ရောက်သွားချိန်မှာတော့ အိစိစိလေးဘာလေးလဲဟ ဘာလဲမသိပေမယ့်တစ်ချက်တော့
ညှစ်ကြည့်လိုက်တယ် လှုတ်နေတယ်နိမ့်လိုက်မြင့်လိုက်နဲ့ဒါဒါခုန်‌ေနတာကသက်ရှိတစ်ကောင်ကောင်
ငါ...ငါဘယ်ရောက်....ဘာကောင်ကြီးပေါ်ရောက်နေတာလဲ ဟုန်းငါ့ကိုတောထဲပစ်ထားခဲ့တာလား....ပြေးပြေးရမယ် ဒီကောင်ကြီးမနိုးခင်.....ချီရှဲမင်းယောက်ျားပဲ
သတ္တိရှိရမယ် ဟုတ်တယ်.....အရင်ဆုံးဘယ်ရောက်နေလဲအရင်ကြည့်ရမယ်....အရဲစွန့်ကာမျက်စိကိုအသာယာဖွင့်......ဟင်ဒါငါ့အခန်းပါပဲ...
အခုထိမဖယ်ရသေးတဲ့လက်ကဘာကိုစမ်းမိတာလဲဆိုတာအခုသိပြီ......မနိုးသေးပါစေနဲ့ကြိတ်ဆုတောင်းကာ
အသာခေါင်းမော့ကြည့်တော့ စိုက်ကြည့်နေတဲ့မျက်၀န်းတစ်စုံ........အား.....အုအု....

တိတ်တိတ်နေအော်မနေနဲ့ မင်းဆက်အော်နေရင်အကုန်နိုးပြီးဒုက္ခရောက်ကုန်တော့မယ်......
ငါလွတ်ပေးမယ်မအော်နဲ့နော်....
တစ်ညလုံးသောင်းကျန်းပြီးအသိစိတ်မကပ်သူနား
အမှားမရှိအောင်စည်းစောင့်ပြီးဘယ်လောက်တောင်ခက်ခက်ခဲခဲချုပ်ထိန်းထားရသလဲဆိုရင်မိုးလင်းခါနီးမှမှေးခနဲတစ်ချက်အိပ်ပျော်သွားတာ နိုးနိုးကြားကြားရှိသူမို့ခန္ဓာကိုယ်ပေါ်ပွတ်သတ်နေတဲ့လက်သေးသေးတစ်စုံကြောင့် လူနိုးထလာရတယ် ခံရသူကမအော်ရဘဲလုပ်ချင်ရာလုပ်နေသူကထအော်တော့ ရင်ဘက်ပေါ်ကအကောင်ငယ်ကိုလျှင်မြန်စွာကိုယ်လုံးဖြင့်အုပ်မိုးလိုက်ပြီး ပါးစပ်ကိုလက်နဲ့ပိတ်အုပ်ထားလိုက်တယ်....

အဟွတ်.....ဟုန်း ခင်ဗျားဘယ်လိုလုပ်ဒီအခန်းထဲရောက်နေတာလဲ......
ပြီးတော့ဘာလို့ကျွန်တော်နဲ့အတူအိပ်နေရတာလဲ......

ညကမူးနေလို့ကျွန်တော်အခန်းထဲထိလိုက်ပို့တာပါ...
အတူအိပ်ရအောင်လို့မင်းသားကအမိန့်ပေးလို့အတူအိပ်ရတာပါ......

ကျွန်တော်ကအဲ့လိုပြောတယ်ပေါ့.....

ဒါဒါဆိုဟုန်းရောကျွန်တော်ရော အပေါ်အကျီင်တွေကဘာလို့ရှိမနေတာလဲ......

2wish Kingdom💙💚Where stories live. Discover now