Unicode......
ချည်သားအဖြူအကျီလက်ရှည်နဲ့ဘောင်းဘီအရှည်ကိုလဲ၀တ်လိုက်တယ် ဒါဆိုရင်တော့ အထူသားဆိုတော့သိပ်ပြီးမသိသာတော့ပါဘူး ဟိုရေခဲတုံးကမထင်ရင်မထင်သလိုရောက်လာတာ တံခါးကိုလည်းသေချာပိတ်ပြီးပြီ အထိန်းတော်ယုံဆိုရင်တောင်မဖွင့်ပေးဖို့ဆုံးဖြတ်ထားလိုက်တယ်......
ဒေါက်ဒေါက်......
ဘယ်သူလဲ.......
ဒေါက်ဒေါက်......
အထိန်းတော်ယုံလားမေးနေတယ်ဘယ်သူလဲလို့......
ဘာလားသရဲလားမဟုတ်လောက်ပါဘူးသရဲကတကယ်မရှိဘူး ......
ဒေါက်ဒေါက်.....
တံခါးခေါက်သံကရပ်မသွားတာကြောင့် တံခါးနားသို့အသာကပ်ပြီး ကြောက်ကြောက်နဲ့အရဲစွန့်ပြီးဖွင့်ကြည့်လိုက်တော့ မျက်စိရှေ့ဘာမှန်းမသိတဲ့အထုတ်ငါးထုတ်ပြူးပြီးကြည့်နေတုန်း.....အထုတ်တွေကိုင်မြှောက်ထားသူကဖုန်းထျန်းရီ တံခါးကိုအမြန်ပြန်ပိတ်လိုက်တယ်..
အဲ....လော့လော့ဘာလုပ်တာလဲတံခါးဖွင့်လေဘာလို့ပြန်ပိတ်လိုက်တာလဲ......
မဖွင့်ပါဘူးဘာလာလုပ်တာလည်းညဉ့်နက်နေပြီကိုယ့်နန်းဆောင်ကိုယ်ပြန်လေ.....
ကိုယ်ဒီနေ့မြို့တော်သွားတာ ချိုချဉ်တွေ၀ယ်လာတယ်
အဲ့ဒါ ရပါတယ်လော့လော့မကြိုက်ရင်လည်း တခြားသူပဲပေးလိုက်တော့မယ်.......ဟို...ဟို....တံခါး၀ချထားခဲ့ပြီးရင်ရှင်ပြန်တော့......
ဒါဆိုထားခဲ့ပြီနော် ....ကိုယ်ပြန်ပြီ.....
ခြေသံကိုသေချာနားထောင်လိုက်ပြီး ခဏကြာမှတံခါးကိုအသာဖွင့်ပြီးအထုတ်ကိုလှမ်းအဆွဲ.....
မိပြီ လော့လော့.....
ခြေသံမထွက်အောင်အသာပြန်လျောက်လာပြီးတံခါးအဖွင့်ကိုစောင့်နေတာ ထွက်လာတဲ့လက်ကလေးကိုလှမ်းဖမ်းချုပ်လိုက်ပြီးအခန်းထဲ၀င်လိုက်တယ်......
ရှင်....ရှင်....လူယုတ်မာ.....ထွက်သား......လက်ကိုလွတ်
ဘာလုပ်တာလဲ........အခန်းထဲရောက်ပြီဆိုတော့လက်ထဲကအထုပ်တွေခုံပေါ်တင်ပြီးအေပါ်၀တ်ရုံကိုချွတ်ကာ ကုတင်ပေါ်အသာလှဲပြီး၀င်အိပ်လိုက်တယ်....