Unicode.....
အားလော့ အားလော့.......ကယ်ပါအုံးအိမ်ရှေ့စံအားလော့လေးကိုကယ်ပါအုံး......
ထွက်နေတဲ့ဒေါသကိုခဏထားပြီး သတိမေ့လဲသွားသူအားပွေ့ချီလိုက်ပြီးအဆောင်ဆီသို့........
အားလော့လေးကအိမ်ရှေ့စံလက်ပေါ်မှာပဲသတိမေ့သွားတယ် ပွေ့ချီကာခေါ်သွားတဲ့နောက်အမြန်ပြေးလိုက်ရင်း အိမ်ရှေ့စံသွားနေတာကအရှေ့နန်းဆောင်မဟုတ်ဘူး.......
မိုးရေထဲပြေးထွက်သွားသူအိမ်ရှေ့စံမင်းသားပြန်လာတော့မိဘုရားလော့ကိုချီပြီးအသည်းသန်လျှောက်လှမ်းလာသူ.....
မင်းသား......
ဟုန်း အတော်ဆုံးသမားတော်အမြန်ပင့်ခဲ့....
ဟုတ်ကဲ့မင်းသား.....
အခုရောက်နေတာအလယ်နန်းဆောင်ရေှ့ကို
အိမ်ရှေ့စံကဟုန်းကိုသမားတော်ပင့်ခိုင်းနေတယ်ကြောက်ပေမယ့်လည်းအရဲစွန့်ကာပြောရတော့မယ်......ဟို အိမ်ရှေ့စံမင်းသား ကျွန်မခေါ်လိုက်တဲ့အသံကြားတော့နန်းဆောင်ထဲ၀င်မယ့်ခြေလှမ်းတစ်ချက်ရပ်သွားပြီး သူလှည့်ပြောလာတာက
အကုန်သိတာမို့စိတ်မပူဘဲ အဆောင်ပြန်နားလိုက်ပါအုံး ကျွန်တော်ကိုယုံတယ်မှတ်လား.....လော့လော့ကို
ကျွန်တော့်ဆီထားခဲ့လိုက်ပါ......ရှင်......ကြားလိုက်ရတဲ့စကားကသွေးပျက်စရာ.......
အကုန်သိတယ်ဆိုတာ....ဘာလဲအိမ်ရှေ့စံပြောသွားတဲ့စကားကိုကြားပြီး နန်းဆောင်ထဲ၀င်သွားတဲ့ထိကြောင်ပြီးရပ်ကြည့်နေမိတယ်......စိုရွဲနေတဲ့၀တ်စုံကိုအလျှင်အမြန်တစ်လွှာခြင်းချွတ်လိုက်ပြီး၀တ်စုံအသစ်ကိုလဲပေးလိုက်တယ်ပူကျစ်နေတဲ့နံဖူးပေါ်ရေဆို၀တ်တင်ပေးနေမိတယ်.......
သမားတော်ရောက်လာပါပြီမင်းသား......
လာ မြန်မြန်ကုသပေး......
ဟုတ်ကဲ့မင်းသား
လိုက်ကာကိုချထားလိုက်ပြီးသမားတော်စမ်းသပ်လို့ရအောင်လော့လော့ရဲ့လက်ကလေးကိုပဲအပြင်အနည်းငယ်ထုတ်လေးလိုက်ပြီး လက်ပေါ်ပုဝါအပါးလေးပါထပ်အုပ်လိုက်တယ်......
တခြားသူစိမ်းတွေလော့လော့ကိုထိတာကျွန်တော်တကယ်မနှစ်မြို့လို့ပါ......