လပြည့်ညဖြစ်တယ်။
ရာမားဒါးဆန်တယောက် ဟိုပင်မြို့တောင်ဘက်က တောအုပ်ထဲမှာ ညကြီးသန်းခေါင်ပြေးလွှားနေရပါတယ်။ ညဟာ အအေးဓာတ်နဲ့အတူ ပတ်၀န်းကျင်ကို အုပ်စိုးထားတယ်။ အအေးဓာတ်ကိုမမူပဲ သတိကြီးစွာနဲ့ ကာတားနားဓားရှည်လက်ကိုင်ကို မြဲမြံစွာကိုင်ထားရင်းပြေးနေတာကတော့ ရာမားဒါးဆန်။
ဓားကို ဓားအိမ်ထဲက ထုတ်မထားပါ။ ဓားသမားတယောက်ဟာ တိုက်ခိုက်ဖို့ရန်သူကိုမတွေ့သေးဘဲ ဓားကိုထုတ်ရိုးထုံးစံမရှိပါ။ ထုတ်ခဲ့ရင်လည်း ရန်သူ့ကို တကွက်အကျောပေးတာဖြစ်နေပြီ။
အရပ်ရှစ်မျက်နှာမှာရှိတဲ့သစ်ပင်တွေပေါ်မှာ ဖျက်ခနဲဖျက်ခနဲ တစုံတခုရွေ့ရွေ့နေတာကို သိရပါတယ်။ ပြေးရင်းနဲ့ တောအုပ်ထဲက ထွက်ပြီး ခါးလယ်လောက်အရှည်ရှိတဲ့မြက်ရိုင်းခင်းထဲရောက်လာပါတယ်။ ဒီနေရာဟာ ရန်သူကိုတုံ့ပြန်ဖို့ အကောင်းဆုံးနေရာလို့ ရာမားဒါးဆန်ဆုံးဖြတ်လိုက်ပါတယ်။
မြက်ခင်းရဲ့အလည်မှာ ရာမားဒါးဆန်ဟာ ရန်သူကိုရင်ဆိုင်ဖို့ အသင့်အနေအထားစောင့်နေလိုက်ပါတယ်။ ရုတ်တရက်ဆိုသလိုပဲ ရန်သူဟာ သစ်ပင်တပင်ပေါ်ကနေ ရာမားဒါးဆန်ဆီကို ခုန်၀င်လာပါတယ်။ ပြည့်၀န်းနေတဲ့လရောင်အောက်မှာ ရန်သူကို ရာမားဒါးဆန်တွေ့လိုက်ပါတယ်။
အလေ့အကျင့်ရှိနေတဲ့လက်တွေက ဓားကိုလျင်မြန်စွာထုတ်ပြီး ခုန်၀င်လာတဲ့ရန်သူကို ပိုင်းထုတ်လိုက်တယ်။ ရန်သူဟာ ရာမားဒါးဆန်အလွန်မှာ လဲကျသွားတယ်။ ရန်သူကို ရာမားဒါးဆန်သေချာကြည့်လိုက်တယ်။ လူတပိုင်းဝံပုလွေတပိုင်းဖြစ်တယ်။ တကောင်တည်းနေရိုးထုံးစံမရှိ။
ဓားကို အပေါ်တည့်တည့်မြောက်ထားလိုက်တယ်။ အရေပြားပေါ်က အီလက်ထရွန်တွေက ဓားတလျှောက်စီးဆင်းသွားတယ်။ ကြိုတွက်ထားတဲ့အတိုင်းမြက်ခင်းထဲကို လူတပိုင်းဝံပုလွေတပိုင်းတွေ ဘက်ပေါင်းစုံကနေပြေး၀င်လာကြတယ်။ အီလက်ထရွန်တွေပြည့်၀နေတဲ့ဓားက်ု အားကုန်သုံးပြီး ဝှေ့ရမ်းလိုက်တယ်။ လျှပ်စစ်စက်ကွင်းတခုဟာ ရာမားဒါးဆန်ဆီကနေထွက်လာပြီး ရန်သူတွေကို ထိခိုက်သွားပါတော့တယ်။
ပြင်းထန်လှတဲ့လျှပ်စီးအားကြောင့် ပြန်ထလာနိုင်တဲ့ရန်သူမရှိပါ။ သို့သော် မြက်ခင်းပြင်ထဲကို ဖြည်းဖြည်းချင်း၀င်လာတဲ့ ၀တ်ရုံဖြူနဲ့ အမျိုးသမီးကိုတော့ ရာမားဒါးဆန် သတိပြုမိလိုက်ပါသည်။
YOU ARE READING
ဓားသမားများ
Fantasíaသာမန်လူတွေ မသိနိုင်တဲ့အစွမ်းတွေ၊မကောင်းဆိုးရွားတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ လူမဟုတ်တဲ့သူတိုင်းကို မကောင်းဆိုးရွားလို့ခေါ်တာ မျှတပါရဲ့လား။ တကယ်ရော မကောင်းဆိုးရွားတွေက လူတွေကိုဖျက်စီးချင်တာဟုတ်ရဲ့လား။ နိုင်ငံရေးလှည့်ကွက်တွေရဲ့နောက်ကွယ်မှာ ငွေ၊...
