ရာမားဒါးဆန်ဟာ ကာတားနားဓားရှည်ကို အသင့်အနေအထားနဲ့ ၀တ်ရုံဖြူနဲ့အမျိုးသမီးဆီကို ချိန်ရွယ်ထားလိုက်တယ်။
အရေပြားပေါ်က အီလက်ထရွန်တွေဟာ ဓားတလျှောက်ထပ်မံစီးဆင်းလာတယ်။ လရောင်အောက်မှာ ကာတားနားဟာ ဖြိုးဖြိုးဖျက်ဖျက်နဲ့ ဖြစ်လာတယ်။ အမျိုးသမီးဟာ အခြေအနေကို သုံးသပ်မိပြီး မဲ့ပြုံးတချက်ပြုံးပြီး နောက်ကိုတဖြည်းဖြည်းဆုတ်ခွာသွားတယ်။ ရာမားဒါးဆန်ဟာ အမျိုးသမီးနောက်ကို လိုက်တိုက်ခိုက်ဖို့ မကြိုးစားပါဘူး။ ဒီလိုအချိန်အခါမှာ ၂ဦးစလုံးထိခိုက်နစ်နာနိုင်တယ်ဆိုတာ သူလည်းသိနေတယ်။ အခြေအနေမဟန်ရင် သူ့အတွက် အန္တရာယ်ပိုကြီးတယ်လေ။
အမျိုးသမီးဟာ မြင်ကွင်းထဲက ပျောက်သွားမှပဲ ရာမားဒါးဆန်ဟာ စိတ်ကိုလျှော့နိုင်ခဲ့တယ်။ ဓားပေါ်က အီလက်ထရွန်တွေကတော့ တဖြည်းဖြည်း neutralize ဖြစ်သွားမှာပဲဖြစ်တယ်။
ဓားကို ဓားအိမ်ထဲပြန်ထည့်ပြီး ကောင်းကင်ကို တချက်ကြည့်လိုက်တယ်။ လရောင်ဟာ တောက်ပဆဲပဲ။ ရာမားဒါးဆန်တယောက် ဒီမြေမှာ ဘာတွေဆက်ဖြစ်အုန်းမလဲမသိ။တိုမိုချိခခရီးသွားကုမ္ပဏီ - မန္တလေးရုံးခွဲ။
မန္တလေးညဟာ ဟိုပင်ညလိုအေးမနေပါဘူး။ ဒါပေမဲ့ နေ့ခင်းဘက် ပူတာထက်တော့ အပူချိန်တအားလျော့သွားပြီး နေသာထိုင်သာရှိလှပါတယ်။ ဩဂုတ်လမို့ ခြေခင်းလက်ခင်းသာယာပါတယ်။ တိုမိုချိခကုမ္ပဏီရုံးခွဲကတော့ ညကြီးလည်းမအားလပ်ကြပေ။ ကုမ္ပဏီဟာ ခရီးသွား၀န်ဆောင်မှုကုမ္ပဏီအဖြစ်သာ ဟန်လွဲထားပြီး နောက်ကွယ်မှာတော့ ကြီးမားတဲ့လုပ်ငန်းတခုကို လုပ်ကိုင်ကြပါတယ်။
မိဆုမီတယောက်ဆေးလိပ်ကို ဘူးထဲမှထုတ်လိုက်သည်။ ပါးစပ်မှာတေ့ပြီးမှ တစုံတခုကို သတိရ၍ပြန်ချလိုက်လေသည်။ မိဆုမီဟာ ဗမာ-ဂျပန်ကပြားမလေးပါ။ ဒီမြေမှာလည်း ကလေးဘ၀ကုန်လွန်ခဲ့ဖူးသလို မြန်မာစကားလည်းကောင်းကောင်းမွန်မွန်ရေရေလည်လည်ပြောတတ်လို့ ကုမ္ပဏီက ဒီမှာ တာ၀န်ချထားပေးတာလည်းဖြစ်တယ်။
ချိရခိခွန်းလုပ်ခဲ့သမျှကိစ္စတွေကို စာရင်းပြန်ပြန်ရှင်းပေးရတဲ့အလုပ်က တအားစိတ်ကုန်စရာကောင်းလှတယ်။ ချိရခိခွန်းဟာ တအားနမော်နမဲ့နဲ့ နေလွန်းတယ်။ သူ့ရဲ့ ကာတားနားပေါ် အီလက်ထရွန်တွေလွင့်ပြီး ခုတ်တာမျိုးကို မကောင်းဆိုးရွားတွေရှေ့မှာတင်မကဘဲ သာမန်လူအရပ်သားတွေရှေ့မှာပါ သုံးလွန်းလို့ ရှင်းရတာ ဒီလထဲမှာပဲ ၂ခေါက်ရှိနေပြီ။
ပြီးရင် "တောင်းပန်ပါတယ် မိဆုမီချမ်း" ဆိုပြီး ရိုရိုကျိုးကျိုးလေး ပြန်ပြောတာနဲ့ပဲ ကျေနပ်ပေးနေရသည်။ တကယ်တော့ ချီရခိခွန်းကို ဒီတခေါက်စီမံကိန်းပြီးရင် အပြစ်ပေးရမှာဖြစ်သည်။ သို့သော်မလုပ်ရက်။ သူမဟာ တိုမိုချိခအိမ်တော်ရဲ့ မျိုးရိုးမို့ ချိရခိခွန်းထက် ရာထူးကြီးကြီးရထားတာလည်း သူသိသည်။ တကယ်တော့ ချိရခိခွန်းက ဒီရုံးခွဲရဲ့ အကြီးဆုံးနေရာရသင့်သည် မဟုတ်ပါလား။
သို့တိုင် တိုမိုချိခအိမ်တော်ရဲ့ အကောင်းဆုံးဓားသမားတယောက်ဖြစ်တဲ့ ချိရခိရဲ့ ဂရုမစိုက်နေမှုကို အိမ်တော်ကသိနေတာလည်း မိဆုမီသိတယ်။ ချီရခိသာ အိမ်တော်ရဲ့ အားအကိုးရဆုံးဓားသမားမဟုတ်ရင် အိမ်တော်က ဒီကိစ္စကို ပြင်းပြင်းထန်ထန်အရေးယူတာကြာပေါ့။ အခုတော အိမ်တော်ကိုယ်၌က အခက်အခဲတွေနဲ့မို့ ဒါတွေကို လျစ်လျူရှုထားရတာပဲ။ တိုမိုချိခအိမ်တော်မှမဟုတ်၊ နီဟွန်းက အခြားပြိုင်ဘက်အိမ်တော်တွေဖြစ်တဲ့ ခါမားဒိုအိမ်တော်နဲ့ ဂရီမောရီအိမ်တော်လည်း အကြပ်တည်းတွေ ကြုံနေရတာဖြစ်တယ်။
လူမဟုတ်တဲ့အရာတွေဒီနှစ်ပိုင်းထဲမှာ တအားကြီးစိုးလာလို့ပဲဖြစ်တယ်။
![](https://img.wattpad.com/cover/219921488-288-ka1a6d8.jpg)
YOU ARE READING
ဓားသမားများ
Fantasíaသာမန်လူတွေ မသိနိုင်တဲ့အစွမ်းတွေ၊မကောင်းဆိုးရွားတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ လူမဟုတ်တဲ့သူတိုင်းကို မကောင်းဆိုးရွားလို့ခေါ်တာ မျှတပါရဲ့လား။ တကယ်ရော မကောင်းဆိုးရွားတွေက လူတွေကိုဖျက်စီးချင်တာဟုတ်ရဲ့လား။ နိုင်ငံရေးလှည့်ကွက်တွေရဲ့နောက်ကွယ်မှာ ငွေ၊...