မိုးမလင်းခင်ပဲ ချိရခိရာမားဒါးဆန်ဟာ ဟိုပင်မြို့ထဲကို ရောက်ခဲ့တယ်။ ဒီဒေသရဲ့ ညတာဟာနေ့တာထက်ပိုရှည်တယ်။ နေမထွက်ခင်ထိ ကိုယ့်ကိုကိုယ်လုံခြုံအောင်နေရမယ်ဆိုတာ ချိရခိသိတယ်။ နေမထွက်ခင်ထိတော့ ပြေးနေတာကလွဲရင် ဘယ်နေရာမှမလုံခြုံ။
မြို့ပေါ်လမ်းတွေဟာ တိတ်ဆိတ်နေတယ်။ ဒီနေရာမှာတော့ လျှပ်စစ်မီးရောင်တွေက လရောင်ထက်ပိုလင်းနေတယ်။ လမ်းချိုးတခုကို ရာမားဒါးဆန်ကွေ့၀င်လိုက်တယ်။ လမ်းရဲ့တဖက်အဆုံးမှာ လူတယောက်ရပ်နေတယ်။ ချိရခိလည်း အသင့်အနေအထားပြင်ပြီး ရုတ်တရက်ရပ်ကြည့်နေလိုက်တယ်။ ဒီလိုကာလမှာ ရပ်နေတာဟာ မကောင်းဆိုးရွားကလွဲပြီးအခြားမရှိ။
ရပ်နေတဲ့ထိုလူဟာ ရုတ်တရက်ဆိုသလိုပဲ ကြွက်သားတွေအရွယ်အစားပြောင်းလဲသွားပြီး ဘီလူးတကောင်အသွင်ပြောင်းသွားတယ်။ ဟိုပင်ရဲ့ နာမည်ကြီးဘီလူးပဲဖြစ်တယ်။
လေနုအေးကို တ၀ကြီးရှုသွင်းလိုက်ပြီး ချိရခိဟာ ဓားကိုဓားအိမ်ထဲက ဆွဲထုတ်ပြီး ပြေးခုတ်လိုက်တယ်။ ဟိုပင်ဘီလူးဟာ ရုတ်တရက်ပဲအလျင်အမြန်ရှောင်လိုက်ပြီး ချိရခိကို လက်သည်းအချွန်ကြီးတွေနဲ့ ကုတ်လိုက်တယ်။ ချိရခိဟာ ကိုယ်နေဟန်ထားကိုချက်ချင်းပြောင်းပြီးရှောင်လိုက်ပေမဲ့ ရင်ဘတ်ကို ရှပ်ထိသွားတယ်။
သွေးအနည်းငယ်စိမ့်ထွက်လာတယ်။ ရာမားဒါးဟာ အီလက်ထရွန်တွေကို ဘယ်ဘက်လက်ဖဝါးပေါ်မှာ စုပုံလိုက်တယ်။ ၀က်ဝံကြီးတကောင်ရဲ့ ခန္ဓာကိုယ်ရှိတဲ့ ဟိုပင်ဘီလူးဟာ သူ့ရဲ့လက်သည်းတွေနဲ့ ချိရခိကို အလွတ်မပေးဘဲ တရစပ်တိုက်ခိုက်ပါတော့တယ်။ ချိရခိဟာ ညာဘက်လက်နဲ့ဓားကိုကိုင်ပြီး ကာကွယ်ရင်း ဘယ်ဘက်လက်ရဲ့ အီလက်ထရွန်တွေကို ပြင်းသထက်ပြင်းအောင်စုထားပါတော့တယ်။
ဘယ်ဘက်လက်ပေါ်က လျှပ်စစ်ဓာတ်ဟာ ဖြိုးဖြိးဖျက်ဖျက်တောက်ပလာတဲ့အထိ မြင့်မားလာပါတယ်။ ချိရခိဟာ ဟိုပင်ဘီလူးရဲ့ လက်သည်းကိုရှောင်လိုက်ပြီး အီလက်ထရွန်လက်သီးနဲ့ ဟိုပင်ဘီလူးကို အားကုန်သုံးပြီးထိုးထည့်လိုက်ပါတယ်။
လျှပ်စစ်ဓာတ်တွေဟာ ဘီလူးကိုယ်ထဲကိုစီး၀င်သွားပြီး ဘီလူးဟာလည်း ဘေးမှာရှိတဲ့ အုတ်တံတိုင်းကို၀င်တိုက်တဲ့အထိ လွင့်သွားပါတယ်။ တံတိုင်းလည်း ပြိုသွားပါတယ်။ သို့သော်ချက်ချင်းပြန်ထပါတယ်။
ဘီလူးရဲ့ခန္ဓာကိုယ်ဟာ နဂိုထက်ပိုပြီးကြီးထွားေတာင့်တင်းလာပါတယ်။ လည်သည်းတွေကလည်းပိုမိုမာကြောလာတဲ့ပုံ ပေါ်ပါတယ်။
"ကိုဘေးစာလိပ်ကို ခိုးတယ်ဆိုတာ ငါလိုဘီလူးကလွဲရင် ကျန်တဲ့သူတွေ မတတ်နိုင်ဘူးကွ"
"ကိုဘေးစာလိပ်?" ချိရခိမေးလိုက်တယ်။
"မသိချင်ယောင်ဆောင်မနေနဲ့ မအေဘေးလေး" ပြောပြီး ချိရခိကို သဲကြီးမဲကြီးတိုက်ခိုက်ပါတော့တယ်။ ချိရခိဟာ ရှောင်ရင်းတိမ်းရင်းနဲ့ အီလက်ထရွန်တွေစီးတဲဓား၊ အီလက်ထရွန်လက်သီးနဲ့ ဆက်တိုက်တိုက်ခိုက်ပေမဲ့ အလုပ်မဖြစ်ပါဘူး။
တခါသုံးပြီးသား အစွမ်းတွေကိုခံနိုင်ရည်ရှိတဲ့ ဘီလူးပဲဆိုတာသူသိလိုက်သည်။ ဒီလိုဘီလူးမျိုးကို နိုင်ရန်၂နည်းပဲရှိသည်။ တခါတည်းအသေသတ်တာနဲ့ လူအင်အားသုံးပြီးဖမ်းတာမျိုးဖြစ်သည်။ ဒီနေရာမှာတော့ လူအင်အားမသုံးနိုင်ပေ။
ထို့ကြောင့် ချိရခိက အနောက်ခပ်လှမ်းလှမ်းသို့ ရုတ်တရက်လွှားခနဲ ခုန်လိုက်သည်။ အီလက်ထရွန်တွေကို ခန္ဓာကိုယ်အရေပြားတခုလုံးစုစည်းလိုက်သည်။ ဆံပင်တွေကအစ လျှပ်စစ်စီးဆင်းနေသည်ကိုခံစားရသည်။ ခန္ဓာကိုယ်တခုလုံးဖြိုးဖြိုးဖျက်ဖျက်တောက်လာသည်။ ထို့နောက် တကိုယ်လုံးက လျှပ်စစ်တွေကို ရင်ညွန့်သို့စုစည်းလိုက်သည်။ လျှပ်စစ်ပမာဏအရမ်းမားလာသဖြင့် လျှပ်စီးကြောင်းကြီတခုလျှံထွက်လာတော့သည်။ ထိုလျှပ်စီးကြောင်းကြီးသည် ဘီလူး၏ကိုယ်အားပြင်းထန်စွာထိမှန်လေတော့သည်။
ထိမှန်သောနေရာသည်ချက်ချင်းပင် အငွေ့ပျံကျသွားသည်။ ထို့နောက်ဘီလူးလည်း လဲကျသွားသည်။ ချိရခိလည်း ပင်ပန်းသွားသည်။ လင်းကြက်တွန်သံကိုကြားရသည်။ မကြာခင်နေထွက်တော့မည်။ နေရောင်ကို မကောင်းဆိုးရွားတွေကြောက်သည်။ နေရောင်က သူတို့ကိုအားနည်းစေသည်။
"ကိုဘေးစာလိပ်တဲ့လား" ချိရခိတခုခုကိုစဉ်းစားနေတော့လေသည်။
YOU ARE READING
ဓားသမားများ
Fantasiaသာမန်လူတွေ မသိနိုင်တဲ့အစွမ်းတွေ၊မကောင်းဆိုးရွားတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ လူမဟုတ်တဲ့သူတိုင်းကို မကောင်းဆိုးရွားလို့ခေါ်တာ မျှတပါရဲ့လား။ တကယ်ရော မကောင်းဆိုးရွားတွေက လူတွေကိုဖျက်စီးချင်တာဟုတ်ရဲ့လား။ နိုင်ငံရေးလှည့်ကွက်တွေရဲ့နောက်ကွယ်မှာ ငွေ၊...