ဟိုပင်မြို့မှာ

239 9 0
                                    

ဩဂုတ်ရဲ့ မနက်ခင်းတခုပေါ့။
မွန်းကျပ်နေတဲ့မြို့ပြကနေ ရုန်းထွက်လာခဲ့ပြီး ကချင်ပြည်နယ်၊ဟိုပင်မြို့လေးကို ရောက်ရှိနေခဲ့တယ်။

မန္တလေး-မြစ်ကြီးနားရထားလမ်းဖြတ်သွားပြီး မိုးညှင်းနဲ့မိုးကောင်းကြားက မြို့လေးတမြို့ပေါ့။ ဒီကနေ ရွာသစ်တို့ အင်းတော်ကြီးတို့ဘက်ကို ဆက်သွားလို့ရတယ်။

ခရစ်ယာန်တ၀က်နဲ့ဗုဒ္ဓဘာသာတ၀က်စီ ဒီမှာရှိကြတယ်။
လွတ်လပ်တဲ့ အောက်စီဂျင်ကြွယ်၀တဲ့လေကို တ၀ကြီးရှုလိုက်တယ်။ ဖြတ်သန်းလာခဲ့တဲ့အညာမှာဒါမျိုး လွယ်လွယ်ဘယ်ရပါ့မလဲ။ ဖုန်တလုံးလုံးနဲ့ နေပူလိုက်တဲ့ဒေသလေ။

မြို့ပတ်လည်မှာ တောင်တွေ အများကြီးပဲ မှိုင်းမို့နေတာကို တွေ့ရတယ်။ ကျွန်တော့်ရဲ့ ဂိုက်မလေးကတော့ အဲ့ဒီဘက်တွေမှာ သူပုန်တပ်တွေမိုင်းထောင်ထားလို့ တောင်တက်ဖို့ အဆင်မပြေဘူးလို့ပြောတယ်။

တကယ်တော့ တိုကျိုရဲ့မြောက်ဘက် နစ်ကိုမြို့လေးထဲမှာကြီးလာတဲ့ကျွန်တော့်အတွက်တော့ တောင်တန်းတွေဟာ လွမ်းမောစရာကြီးဖြစ်နေပြန်ရော။ နစ်ကိုမြို့လေးရဲ့ တောတွေတောင်တွေကြားထဲမှာကလေးဘ၀ကုန်ဆုံးခဲ့ပေမယ့် တိုကျိုမှာ အလယ်တန်း၊အထက်တန်းနဲ့ တက္ကသိုလ်တက်ခဲ့ရတာမို့ မြို့ပြရဲ့ မွန်းကျပ်မှုဒဏ်ကို အတော်ခံခဲ့ရတယ်။

ပြီးပြန်တော့ မန္တလေးလို ဖုန်ထူထူခြောက်ကပ်ကပ်နေပူလှတဲ့မြို့မှာ ကုမ္ပဏီကတာ၀န်ချပေးလိုက်ပြန်ရော။ အခုတော့ ဒီမြို့လေးကို ရောက်ခဲ့ပြီ။ ကလော၊တောင်ကြီးကိုရောက်ဖူးပေမဲ့ ဟိုပင်ရဲ့ ထူးခြားနေမှုကိုတော့ ပိုကြိုက်မိတယ်။ တကယ်တော့ ဒီကို အလုပ်ကိစ္စနဲ့လာခဲ့တာပဲလေ။ ရောက်လာချင်းပဲ အလွမ်းဒဏ်ကသင့်နေပြီ။

ချီရခီရာမားဒါး ဆန် ရောက်ခဲ့တဲ့ Hopin Baptist Church ကိုသွားနေတယ်။ မိုးတွေအုံ့နေတာက စိတ်ကသိကအောက်ဖြစ်စေတယ်။ မိုးရွာရင် မကောင်းဆိုးရွားတွေ တွဲလာတတ်တယ်။ ရာမားဒါး ဆန်ကလည်း ဒီမကောင်းဆိုးရွားတွေနဲ့ တိုက်ခိုက်ရင်း သေဆုံးသွားတယ်လို့ကြားမိတယ်။ ရာမားဒါးဆန်လို အရမ်းတော်တဲ့ဓါးသမားတယောက်ကို သတ်နိုင်တာ ဘယ်လိုအစွမ်းကြီးတဲ့ ‌မကောင်းဆိုးရွားပါလိမ့်။

ဓားသမားများWhere stories live. Discover now