မန္တလေးဟာ အစောင့်အရှောက်တွေရဲ့အောက်မှာ သိမ်မွေ့ပြီး အေးချမ်းတဲ့မြို့လို့ မိဆုမီထင်မိတယ်။ ဒီအတွက်ကြောင့် သည်မြို့မှာရုံးခွဲလာထားတာဖြစ်သည်။
တကယ်တော့ ချီရခိရဲ့ စစ်ဆင်ရေးဟာ မလွယ်ကူလှပါ။ ကိုဘေးစာလိပ်ကိုခိုးယူသွားတဲ့ မကောင်းဆိုးရွားကို အမြစ်ဖြတ်သုတ်သင်ရန်ဖြစ်သည်။ ကိုဘေးစာလိပ်ဆိုတာ ၁၉၉၅ ကိုဘေးငလျင်ရဲ့ အမှောင်စွမ်းအင်အချို့ကို သိမ်းထားသည့်စာလိပ်ဖြစ်သည်။ ထိုအမှောင်စွမ်းအင်ပမာဏသည် ကိုဘေးငလျင်လို နောက်တခုလှုပ်ခတ်နိုင်လောက်အောင် စွမ်းအားကြီးမားသည်။ ချီရခိကတော့ ကိုဘေးစာလိပ်ကိုခိုးသွားတဲ့အကြောင်းကိုမသိပါ။ သူသိတာက မကောင်းဆိုးရွားကိုသတ်ဖို့ပဲဖြစ်သည်။
အိမ်တော်မှာလည်း ဒီအကြောင်းကို ထိပ်သီးပိုင်းအချို့သာသိသည်။ လူအများကြီးလွှတ်လျှင် သိသာနေမည်။ ဤသတင်းထွက်သွားလျင် ဓားသမားလောကတွင် တိုမိုချိခအိမ်တော် လွန်စွာနာမည်ကျဆင်းမည်ဖြစ်သည်။ မကောင်းဆိုးရွားများကလည်း စာလိပ်ကိုအတင်းလုယူမည်ဖြစ်သည်။ ထို့ကြောင့်အတော်ဆုံး ချိရခိကိုလွှတ်လိုက်ရခြင်းဖြစ်သည်။
သို့သော် ကိုဘေးစာလိပ်က မန္တလေးမှာပဲရှိနေသည်ဟု သတင်းရထားသည်။ ထို့ကြောင့် မိမိသည် မန္တလေးမှာပဲ ဆက်ရှာမည်ဟု ဆုံးဖြတ်ထားခြင်းဖြစ်သည်။
မန္တလေးလိုမြို့ဟာ အစောင့်အရှောက်များတာကြောင့် မကောင်းဆိုးရွားများဟာ မြို့ထဲမှာစာလိပ်ဖွက်ရန်မလွယ်ကူချေ။ ထို့ကြောင့် မြို့ပြင်မှာပဲဖွက်ရလိမ့်မည်။ ထို့ပြင် ယနေ့ည မြို့ပြင်မှာ မကောင်းဆိုးရွားတွေစုစည်းမည်ဟု သတင်းကြားထားသည်။ သို့သော် မိမိကိုယ်တိုင် ဘာမှမတတ်နိုင်။ မိမိလိုသာမန်မန္တာန်ဆရာမလေးအဖို့ မကောင်းဆိုးရွားစုဝေးပွဲကို သွားလျင်အသက်နှင့်ကိုယ်ပြန်ပါဖို့ ခဲယဉ်းသည်ဟု မိဆုမီသိသည်။ ဒါ့ကြောင့် အရာအားလုံးကို ကျော်ကြီးကိုပဲ ယုံကြည်ပုံအပ်လိုက်မိသည်။
စာလိပ်သာ စုဝေးပွဲမှာရှိလျင် ကျော်ကြီးယူလာနိုင်လိမ့်မည်ဟု မိဆုမီယုံကြည်သည်။ ကျော်ကြီးလောက် လျင်မြန်ပေါ့ပါးသူကို မိဆုမီတခါမှမတွေ့ဖူးခဲ့။ မကောင်းဆိုးရွားများပင်ကျော်ကြီးကို မမှီနိုင်။
![](https://img.wattpad.com/cover/219921488-288-ka1a6d8.jpg)
YOU ARE READING
ဓားသမားများ
Fantasyသာမန်လူတွေ မသိနိုင်တဲ့အစွမ်းတွေ၊မကောင်းဆိုးရွားတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ လူမဟုတ်တဲ့သူတိုင်းကို မကောင်းဆိုးရွားလို့ခေါ်တာ မျှတပါရဲ့လား။ တကယ်ရော မကောင်းဆိုးရွားတွေက လူတွေကိုဖျက်စီးချင်တာဟုတ်ရဲ့လား။ နိုင်ငံရေးလှည့်ကွက်တွေရဲ့နောက်ကွယ်မှာ ငွေ၊...