ကျော်ကြီး
မန္တလေးသား။ အစောင့်အရှောက်ကောင်းတွေရဲ့ အရိပ်အောက်မှာ ကြီးပြင်းခဲ့သူဖြစ်တယ်။ ပေါင်နှစ်ဘက်လုံးမှာ ဘကြီးဘုန်းကြီးရဲ့ ပေါ့ဆေးစုတ်ထိုးပြီးကတည်းက ကျော်ကြီးဟာ ပုံမှန်လူထက်လျင်မြန်တဲ့အရှိန်၊ ပေါ့ပါးတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ခဲ့သူဖြစ်သည်။
ကျော်ကြီးဟာ ပုဆိန်နှစ်လက်ကို ပေါင်ရင်းမှာချိတ်ထားလေ့ရှိတယ်။ ဒီပုဆိန်တွေဟာ လူလူချင်းခုတ်ဖို့မဟုတ်ဘဲ မကောင်းဆိုးရွားတွေကို ခုတ်ဖို့မန္တာန်စိမ်ထားတာဖြစ်တယ်။ ပုဆိန်တွေဟာ ကျော်ကြီးရဲ့ ခေါ်သံကြားတာနဲ့ ရောက်ရာနေရာကနေသခင့်ဆီအပြေးလာနိုင်တယ်။
ဒီမြို့ပတ်လည်က မကောင်းဆိုးရွားတွေဟာ ကျော်ကြီးကို ကြောက်လန့်ကြတယ်။ မြို့ပြင်ကစုစည်းမှုကိုတော့ ကျော်ကြီးမသိလောက်ဘူးဟု ယုံကြည်ခဲ့ကြသည်။ သိူ့သော် အထင်နှင့်အမြင်တက်တက်စင်အောင်လွဲသွားခဲ့ပါသည်။
မန္တလေးမြို့ပြင်က ဘိလပ်မြေစက်ရုံတခုမှာ စုစည်းပွဲကျင်းပတယ်။ ကျော်ကြီးဟာ အမိုးတခုပေါ်က မှောင်ရိပ်ရဲ့အားကိုးနဲ့ စောင့်ကြည့်နေတယ်။ စုစည်းပွဲမှာ ပျင်းစရာကောင်းလှပါတယ်။ မကောင်းဆိုးရွားအစည်းအရုံးဟာ စည်းလုံးဖို့၊ အချင်းချင်းကူညီကြဖို့နဲ့ သခင်ကြီးရဲ့ ခေါင်းဆောင်မှုနဲ့ အမှောင်တခေတ်တည်ထောင်ဖို့ပဲဖြစ်ပါတယ်။ သူတို့ဟာ လူအသွင်နဲ့လာတာမို့ ကျော်ကြီးပိုပြီး ပျင်းရိမိတယ်။
ကျော်ကြီးစိတ်၀င်စားတာက၂ခုပဲ။ ကိုဘေးစာလိပ်နဲ့ အမှောင်သခင်ကြီးပေါ်လာမလားပဲ။ အမှောင်သခင်ကြီးရောက်လာလျင် ဘာကိုမှမစောင့်ဘဲ ချက်ချင်းပဲလုပ်ကြံပစ်မည်။ စာလိပ်ပေါ်လာလျှင် အခွင့်ကောင်းယူပြီး လုပြေးမယ်လို့ပေါ့။
ကျော်ကြီးအမြင်မှားယွင်းသွားပါသည်။ စာလိပ်ပေါ်လာဖို့ဆိုမထားနှင့်။ ပွဲပြီးခါနီးထိ စာလိပ်အကြောင်းပင် မည်သူမျှ ပါးစပ်မဟကြပါ။ စိတ်ပျက်လက်ပျက်နဲ့ကျော်ကြီးသက်ပြင်းချလိုက်မိသည်။ အခမ်းအနားပြီး၍ အားလုံးလည်းပြန်ကြတော့မည်။ ကျော်ကြီးလည်း မှောင်ရိပ်ခိုထိုင်နေရာမှရုတ်တရက်ထလိုက်သည်။ ဘေးနားက ပဲ့နေသောအင်္ဂတေကိုတိုက်မိရာအောက်သို့ပြုတ်ကျသွားပါသည်။ အားလုံးရဲ့ မျက်လုံးတွေက ကျော်ကြီးဆီကို ရောက်သွားပါသည်။ အမှောင်ထဲမှာငြိမ်နေရင်မသိသာပေမဲ့ တထောင်မကသော မျက်လုံးတွေရဲ့ အောက်မှာ ကျော်ကြီးဟာ ထင်းခနဲဖြစ်နေပါတယ်။
"အဲ့တာကျော်ကြီးပဲ။ကျော်ကြီးကိုသတ်" လို့ထိပ်ဆုံးကလူတယောက်က အော်လိုက်သည်။ အားလုံးပဲ မိမိတို့ရဲ့ မကောင်းဆိုးရွားအသွင်ကိုပြောင်းသွားကြပြီး ကျော်ကြီးကို သတ်ဖို့ကြိုးစားပါတော့သည်။
ကျော်ကြီးလည်း ရုတ်တရက်ကိုယ်ဖော့ကာ အမြင့်သို့ခုန်လိုက်သည်။ တောင်ပံပါသော၊ပျံနိုင်သော နဂါး၊ဂဠုန်နှင့်တူသောမကောင်းဆိုးရွားများက ကျော်ကြီးအနားကပ်လာပြီး တိုက်ခိုက်သည်။ သို့သော် ကျော်ကြီးရဲ့ ပုဆိန်နှစ်လက်စာနဲ့ပင် ပြင်းထန်စွာဒဏ်ရာရပြီး မြေသို့ကျကုန်သည်။
ကျော်ကြီးခုန်ရာမှမြေသို့ကျလာသည်။ အောက်ကအသင့်စောင့်နေသာ မကောင်းဆိုးရွားများကို ရှောင်တိမ်းရင်း ပုဆိန်နှင့် ခုတ်မိရာခုတ်ရပြန်သည်။ ထို့နောက် ဘိလပ်မြေစက်ရုံထဲမှ ကျော်ကြီးပြေးထွက်လာသည်။ ပေါ့ပါးသောကိုယ်ဖြင့် လျင်မြန်စွာကျော်ကြီးပြေးသည်။ အသွင်မျိုးစုံ၊အရွယ်မျိုးစုံရှိသော မကောင်းဆိုးရွားတို့သည် ကျော်ကြီးနောက်မှ တရကြမ်းလိုက်လာကြလေသည်။
ကျော်ကြီးလည်းအနောက်သို့တချက်ပြန်လှည့်ပြီး ပုဆိန်နှစ်လက်နှင့်ပစ်ထည့်သည်။ တပိုင်းစီပြတ်သွားသော မကောင်းဆိုးရွားများလည်းရှိလာသည်။
"ပုဆိန်တွေပြန်လာခဲ့" အနောက်ဘက်သို့ရောက်သွားသော ပုဆိန်နှစ်လက်သည် ကျော်ကြီးလက်ထဲသို့ ပြန်ရောက်လာသည်။
ရှေ့တွင် မြို့၀င်နန်းတော်အဝိုင်းဖြစ်သည်။ ထိုအဝိုင်းကျော်လျှင် မန္တလေးမြို့အစောင့်အရှောက်တို့၏ အာဏာစက်ကွင်းအောက်ရောက်ပြီ။ ကျော်ကြီးလွှားခနဲခုန်လိုက်သည်။ အနောက်ကမကောင်းဆိုးရွားများကလည်းလိုက်ခုန်လာသည်။ မြို့နယ်နိမိတ်ကိုမိုးအုပ်ထားသောအတားအဆီးကိုထိမိလျှင် မီးလောင်သကဲ့သို့ မကောင်းဆိုးရွားများ၏ ခန္ဓာကိုယ်များပျက်စီးသွားသည်။ ကျော်၀င်လာနိုင်သော အနည်းငယ်မျှသော မကောင်းဆိုးရွားတို့ကို ကျော်ကြီးက ပုဆိန်နှင့်စီးခုတ်သည်။
မကောင်းဆိုးရွားများသည် အကာအရံရှေ့မှ မာန်တဖီဖီနှင့်ဖြစ်နေကြသည်။ ကျော်ကြီးမှာကား လှောင်ပြုံးပြုံးပြနေသည်။ နောက်တော့ ကျောပေးပြီး မြို့ထဲသို့ လျှောက်လာခဲ့သည်။
"အခြားသူသာဆို ဒီကိစ္စကိုကူညီဖြစ်မှာမဟုတ်ဘူး မိဆုမီရေ" ဟုပါးစပ်ကတီးတိုးပြောဆိုလိုက်လေသည်။
YOU ARE READING
ဓားသမားများ
Fantasíaသာမန်လူတွေ မသိနိုင်တဲ့အစွမ်းတွေ၊မကောင်းဆိုးရွားတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ လူမဟုတ်တဲ့သူတိုင်းကို မကောင်းဆိုးရွားလို့ခေါ်တာ မျှတပါရဲ့လား။ တကယ်ရော မကောင်းဆိုးရွားတွေက လူတွေကိုဖျက်စီးချင်တာဟုတ်ရဲ့လား။ နိုင်ငံရေးလှည့်ကွက်တွေရဲ့နောက်ကွယ်မှာ ငွေ၊...
