နီဟွန်းရဲ့ အိမ်တော်များ

29 3 0
                                    

တိုမိုချိခအိမ်တော်ဟာ နီဟွန်းရဲ့ အကြီးဆုံးဓားသမားဂိုဏ်းကြီးတွေထဲက တခုပါ။ အခြားနာမည်ကြီးပြိုင်ဘက်အိမ်တော်တွေကတော့ ခါမားဒိုနဲ့ဂရီမောရီတို့ ဖြစ်တယ်။

ဒီအိမ်တော်တွေဟာ ဟိုးယခင်ရှိုးဂန်းများလက်ထက်ကတည်းက တည်ရှိတာလို့ ပါးစပ်ပြောပုံပြင်တွေရှိတယ်။ တိတိကျကျသမိုင်းများဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာပျောက်ကွယ်သွားခဲ့ပြီးဖြစ်တယ်။ သို့သော် သာလွန်တဲ့စွမ်းရည်ရှိတဲ့ ဓားသမားတွေကတော့ပေါ်ထွန်းစမြဲဖြစ်တယ်။

ချိရခိဟာ တိုမိုချိခအိမ်တော်ရဲ့ သာလွန်စွမ်းရည်ရှိဓားသမားပါ။ အီလက်ထရွန်တွေကို ဓားပေါ်စီးဆင်းနိုင်တဲ့စွမ်းရည်ရှိတယ်။ ဒါ့ကြောင့်ချိရခိကို လျှပ်စစ်ဓားသမား၊မိုးကြိုးဓားသမားလို့ ခေါ်တဲ့သူတွေလည်းရှိကြတယ်။

ခါမားဒိုအိမ်တော်ကတော့ သာလွန်စွမ်းရည်ဓားသမားတွေထက် သာလွန်စွမ်းရည်ရှိတဲ့ဓားတွေ ထုတ်ကြတယ်။ ခါမားဒိုဓားတွေဟာ လူကိုယ်ထဲမှာအောင်းနေတဲ့ အကျင့်ဗီဇတွေအပေါ်အခြေခံတဲ့အစွမ်းတွေကို တိုးမြင့်ပေးတယ်။ ခါမားဒိုအိမ်တော်မှာ စွမ်းရည်မြင့်ဓားတွေရဲ့ အရှိန်နဲ့ မကောင်းဆိုးရွားတွေတောင် ကြောက်ရတဲ့ ဘီလူးဓားသမားတပ်ဖွဲ့ရှိတယ်။ လူ့ကိုယ်ထဲက အရိုင်းဓာတ်တွေကို ပိုပြင်းထန်စေလို့ဖြစ်တယ်။ အရိုင်းဓာတ်နဲ့အတူ ခွန်အား၊အရှိန်၊သက်လုံတွေပါတက်လာတာပဲ ဖြစ်တယ်။

ဂရီမောရီအိမ်တော်ကတော့ မန္တာန်အတတ်မှာ တဖက်ကမ်းကျွမ်းကျင်တဲ့အိမ်တော်ဖြစ်တယ်။ ဓားကိုသော်လည်းကောင်း ဓားသမားကိုသော်လည်းကောင်း မန္တာန်စီရင်ခြင်းဖြင့် သာလွန်တဲ့ဓားသမားတွေ ပေါ်ပေါက်လာစေတာပဲဖြစ်တယ်။

ဒီအိမ်တော်ကြီး၃ခုအပြင် ဂိုဏ်းသေးသေးလေးတွေလည်းရှိပေမဲ့ အိမ်တော်၃ခုရဲ့ လက်ဝေခံအဆင့်သာရှိလို့ သိပ်ပြီး မကောင်းဆိုးရွားများက ဂရုမစိုက်ကြပါဘူး။

ဓားသမားများWhere stories live. Discover now