A Night On The Highway (4/UN)

520 62 32
                                    

ကျွန်တော်တို့အားလုံး စိတ်အပျက်ကြီးပျက်
သွားကြသည်။

" သွားပြီကွာ "

"မပူပါနဲ့   အနောက်မှာ ကားဘီးအပိုပါတယ် "

သူကပြောပြောဆိုဆိုနှင့်ပင် ကားကို လမ်းဘေး
ချရပ်လိုက်သည်။

" အော်  တော်သေးတာပေါ့…ဒါဆို မြန်မြန်ပြီး
အောင် ကျွန်တော်တို့လဲဝိုင်းကူမယ်လေဆရာ "

" အင်း  "

" နင်တို့မိန်းကလေးတွေ အပေါ့အပါးသွားချင်
ရင်  သွားလို့ရတယ်နော်… "

ယောကျာ်းလေး အားလုံး ကားပေါ်က
ဆင်းလိုက်ကြပြီး ကားနောက်ဖုံးကိုဖွင့်,
လိုအပ်တဲ့ ကိရိယာများထုတ်လိုက်ကြသည်။

ခဏအကြာ သံသာချိုက ph ကိုင်ရင်း
ကားပေါ်မှ ဆင်းလာပြီး……

" သီဟ  ရော့  နင့်ph "

" hello ဒေါ်လေး…မေမေ အခြေအနေ
ဘယ်လိုရှိလဲ…"

"hello…hello…helloဒေါ်လေး  ကြားလား
… ကျစ်…ဘာလဲကွာ "

"ဘာတဲ့လဲ ဟေ့ကောင် "

" ဘာမှကိုမသိလိုက်ရပါဘူးကွာ…phက
တိုင်တွေပျောက်နေတော့ လိုင်းကျသွားပြီ "

" စိတ်အေးအေးထားကွာ…အဆင်ပြေမှာပါ "

ကားဘီးလဲလို့လဲ ပြီးပြီမို့ ကောင်းကောင်းက
ကိရိယာတွေကို ဘူးထဲ ခပ်သွက်သွက်ပြန်
ထည့်နေသည်။

ထိုစဉ်…

" ဦးဦး "

အနောက်ဆီမှ ထွက်လာသောအသံကြောင့်
အားလုံးလှည့်ကြည့်လိုက်ကြသည်။

၇နှစ်အရွယ်ကလေးမလေးတစ်ယောက်…
ပန်းရောင်ဂါဝန်ပါးလေးနှင့်……။

ကျွန်တော့်စိတ်ထဲ တမျိုးတမည်ခံစားလိုက်ရ
သည်။

" ဘာဖြစ်လို့လဲ  ကလေး "
စိတ်မသက်မသာဖြစ်နေမှန်းသိသာသည့် သီဟ
၏ အမေးစကားအဆုံးတွင်…

" သမီး အရုပ်လေးတွေ့မိလားဟင် "

" အမ်? "

ထိုကလေးမလေး၏ မေးခွန်းက ရုတ်တရက်ဆန်ပြီး ကြောင်တောင်တောင်နိုင်
သည်မဟုတ်ပါလော…။

A Night On The Highway (ZG/UN) {Completed}Where stories live. Discover now