A Night on The Highway (2/UN)

576 66 1
                                    

"ညီ အိပ်ချင်အိပ်လေ"

ကျွန်တော်တစ်ယောက်တည်း အတွေးယာဉ်ထဲ
နစ်မြောနေစဉ် သူ့စကားသံကြောင့် လှည့်ကြည့်
လိုက်မိသည်။

ဒါပေမဲ့…ကျွန်တော့်မျက်နှာကတော့ သူနဲ့
စကားပြောချင်နေတဲ့ မျက်နှာမျိုးဖြစ်မနေမှာ
သေချာပါသည်။

မတတ်နိုင်ဘူး…စစ်သွေးခန့်…ကျွန်တော်
ဒီလိုဖြစ်နေတာ ခင်ဗျားအမှားမကင်းဘူး။

ကျွန်တော့်ဘက်က စကားမပြန်တော့
သူက ဆက်ပြောသည်။

"အော်…ညီ  ညနေစောင်းမှ အိပ်ပျော်သွားမှာ
စိုးလို့…ညနေဘက်အိပ်တာ မကောင်းဘူး
လေ"

"ကျွန်တော် မအိပ်ချင်ဘူး"

ကျွန်တော် အပြင်ဘက်က တိုးဝင်လာတဲ့
လေညင်းတွေကိုခံစားရင်း မျက်စိတဆုံးမြင်နေရ
တဲ့ လယ်ကွင်းပြင်တွေကို ကြည့်ကာ ပြန်ဖြေ
လိုက်သည်။

"ဒါနဲ့ ဆရာ  လမ်းမကြီးဘက်က မသွားဘူး
နော်"

"အင်း ဟုတ်တယ်…အစ်ကိုတို့ ထမင်းစားလဲ
နားထားသေးတာဆိုတော့ ရွာရောက်ဖို့ဆို
အချိန်က ပိုမိုးချုပ်တော့မှာလေ……အဲဒါ
ဟိုင်းဝေးလမ်းမကြီးပေါ် ညဘက်မမောင်း
ချင်လို့"

"ဒါပေမဲ့  ဒီလမ်းကသွားတော့   ပိုမကြာဘူးလား"

ကျွန်တော် သူ့ဆီအကြည့်မပို့ဘဲ အမေးစကား
ဆိုတော့ သူက ဟက်ခနဲရယ်လိုက်ရင်း…

"ဟက်……အင်းပါကွာ…ပြန်တဲ့ရက် မနက်တော့ လမ်းမကြီးကပဲ သွားပါ့မယ်…
ဟုတ်ပြီလား…"

သူကပင် ဆက်ပြောပါ၏။

"ဒါနဲ့ ဘာလို့ အစ်ကိုလို့မခေါ်တော့တာလဲ…
ကျောင်းမှာလဲမဟုတ်ဘဲနဲ့……
ညီ့ဆီက  ဆရာ လို့ခေါ်တဲ့အသံကြားတိုင်း
တမျိုးကြီးရယ်"

သူ့မေးခွန်းအတွက် ကျွန်တော်အဖြေမပေးမိပါ။
ကျွန်တော့်အကြည့်တွေကို အပြင်ဘက်သာ
ပို့ထားရင်း  အတွေးယာဉ်ထဲ ခရီးဆက်နေလိုက်
သည်။

************************************
"ပေးလိုက်ပါ မြတ်နိုးရာ…နင်ကလဲ…ကလေးလဲ
မဟုတ်ဘဲနဲ့"

"အချဉ်ထုတ်က ဒါပဲရှိတော့လို့ပါဟာ"

"သူက ကားမူးနေတာလေ…လုပ်ပါဟာ"

A Night On The Highway (ZG/UN) {Completed}Donde viven las historias. Descúbrelo ahora