A Night On The Highway (5/ZG)

308 33 0
                                    

ကျွန်တော်ထင်ထားတာ မမှားဘူးဆိုရင်
ကားနောက်ဖုံးထဲမှာ ကျွန်တော်တို့ မလိုလား
တဲ့ တစ်စုံတစ်ရာကများ လိုက်ပါစီးနင်းလာလေ
သလား…။

အားလုံးလဲ ကျွန်တော်နဲ့ အတွေးတူနေမည်ဟု
ကျွန်တော် ယုံကြည်သည်။

ပါးစပ်က ထုတ်မပြောကြပေမဲ့ အားလုံးအချင်း
ချင်း အကြည့်ဆုံသွားကြပြီး…ပြိုင်တူနီးပါး
အကြည့်တွေကို ကားနောက်ဖုံးဆီသို့….။

ဒုန်း!!

အသံ…။
ကားနောက်ဖုံးဆီမှ ထွက်လာသောအသံ။
ကျွန်တော်တို့ထင်တာ မှန်နေပြီလား…။

ဒုန်း!!

" အမလေး! "

ကားမောင်းနေတဲ့ ကိုစစ်သွေးလဲ ကားနောက်
ဖုံးဆီမှ ထွက်လာသောအသံကြောင့်လည်း
ကောင်း, ကျွန်တော်တို့ဆီမှထွက်လာသော
အသံကြောင့် လည်းကောင်း, ကြောက်စိတ်
တစ်စွန်းတစ်စကြောင့် လည်းကောင်း လွတ်
လွတ်သွားသော အသိစိတ်ကို ပြန်ထိန်းရင်း
ကားစတီယာရင်ကို ဂရုတစိုက် ထိန်းနေရပုံ
ပေါ်၏။

" ဟင်း…ဟင်း…ဟင်း…ဟား  ဟား  ဟား
ဟီးဟီးဟီးဟီး… "

ကားနောက်ဖုံးဆီမှ ထွက်လာသော ကြောက်
ရွံ့စရာ ညည်းသံသည် ကျောချမ်းစရာ ရယ်သံ
ကြီး အဖြစ်သို့ ပြောင်းလဲသွားပြီး……

" ငါကြောက်လာပြီ "

ထိုရယ်သံကြီးနှင့်အတူ ရှေ့ဆင့်နောက်ဆင့်
ထွက်လာသော မြတ်နိုးစု၏ ငိုသံ…။

" မြတ်နိုးရာ…စိတ်အေးအေးထားပါဦးဟ "

" ငါတို့လဲ ကြောက်တာပဲ…မငိုပါနဲ့ဟာ "

" ဟီး  ဟီး  ဟီး  ဟီး……ဟီး ဟီး "

ဒုန်း!…ဒုန်း!…ဒုန်း!

" သမ္ဗုဒ္ဓေ… "

တုန်ယင်နေသည့်အသံနှင့် ရုတ်တရက် ဘုရား
စာ ထရွတ်သည့်ကောင်းကောင်းကြောင့်
ကျွန်တော်တို့လဲ သူ့နည်းတူ……

" သဟဿ      ကေ ပဉ္စဿ      တ  သဟဿာနိ… "

ကျွန်တော်တို့က ကြောက်ကြောက်နဲ့ ပိုပြီး
ဖိဆိုလေလေ အနောက်ဖက်မှ တဒုန်းဒုန်း
အသံက ပိုပိုကျယ်လောင်လာ၏။

A Night On The Highway (ZG/UN) {Completed}Where stories live. Discover now