A Night On The Highway (Final/UN)

614 66 26
                                    

ကျွန်တော်သတိရလာတော့ ပထမဦးဆုံးမြင်
လိုက်ရတာက အဖြူရောင် မျက်နှာကျက်…

နှာခေါင်းထဲ ခပ်သဲ့သဲ့ဝင်လာတဲ့ ဆေးနံ့များ
ကြောင့် ကျွန်တော်ဆေးရုံကိုရောက်နေမှန်း
သိလိုက်ရသည်။

ခေါင်းပေါ်က တင်းကျပ်ကျပ်ခံစားမှုကြောင့်
ခေါင်းတွင် ပတ်တီးစည်းထားမှန်းလဲခန့်မှန်း
မိသည်။

ကျွန်တော့်တစ်ကိုယ်လုံးလဲ ကိုင်ရိုက်ထားသလို
ပင်…အားပျက်ကာ အလွန်နာကျင်နေပါ၏။

" သား…သားရှိုင်း သတိရပြီလား"

ဒေါ်ယုယခင်အသံ…။
ပထမဦးဆုံးအနေနဲ့  သူမအသံကြောင့်
ကျွန်တော် နွေးထွေးလုံခြုံမှုကို ခံစားလိုက်ရ
သည်။

ခဏအကြာမှာတော့ ဆရာဝန်နှင့် သူနာပြုအချို့
ရောက်လာကာ ကျွန်တော့်ကို စစ်ဆေးမှုများ
ပြုလုပ်ကြပြီး ကျွန်တော်လဲ အသိဝင်တစ်ချက်
မဝင်တစ်ချက်နှင့် မျက်ခွံများလေးလံလာပြီး
နောက်တစ်ဖန် အိပ်စက်ခြင်းသို့……

.
.
.

ဆေးနံ့ပြင်းပြင်းတွေအစား ကျူးလစ်ပန်းနံ့
သင်းသင်းလေးနှင့် ကျွန်တော် ဒုတိယအကြိမ်
နိုးထလာသည်။

အော်…ခုတင်ဘေး စားပွဲပေါ်က ပန်းအိုးလေး
ထဲ ကျူးလစ်ပန်းတွေအပြည့်ထိုးထားသည်
ကိုး…။

ဘေးမှာတော့ ပန်းသစ်တော်သီးတွေအခွံခွာရင်း
အလုပ်ရှုတ်နေသည့် ဒေါ်ယုယခင်။

နောက်ထပ်ပထမဦးဆုံးအနေနဲ့ သူမကို
ကြည့်ရင်း ကျွန်တော့်ရင်ထဲ နွေးထွေးသလို
ခံစားလိုက်ရသည်။

သားနှစ်ယောက်ရဲ့ အခြေအနေကြောင့်
မျက်နှာပေါ် မိတ်ကပ်တောင် မတင်နိုင်ဘဲ
ဆံပင်လဲ သေသေသပ်သပ်ရှိမနေတဲ့ သူမရဲ့
သွင်ပြင်က အခုတော့ ကျွန်တော့်အတွက်
အမေရင်းတစ်ယောက်လိုပင်…။

" အင်း…… "

ကျွန်တော် တစ်ချက်ညည်းလိုက်ရင်း ထဖို့လုပ်
တော့ ကပြာကယာပြေးထူရှာတဲ့ သူမက…
တစ်ဆက်တည်းမှာပဲ ဝမ်းသာနေတဲ့အပြုံးမျက်
လုံးတွေနဲ့ အတူ စကားဆို၏။

" သားရှိုင်း  နိုးပြီလား…သက်သာရဲ့လား "

အရင်က သူမအပေါ်သိပ်အမြင်မကြည်ခဲ့တဲ့
ကျွန်တော်က  ကျွန်တော့်ကိုလှမ်းကိုင်ထားတဲ့ သူမရဲ့လက်တွေကို စူးစိုက်ကြည့်လိုက်တော့…

A Night On The Highway (ZG/UN) {Completed}Where stories live. Discover now