ထို အရိပ်မည်းအုပ်ကြီးသည် ကျွန်တော်တို့ဆီ
တဖြည်းဖြည်း နီးကပ်လာနေပြီ…။ထိုအသိက ကျွန်တော်တို့ အားလုံးကို အကြီး
အကျယ် ကြောက်လန့်စေသည်။ကျွန်တော်လဲ ကြောက်လွန်းလို့ မျက်လုံးတွေ
ကို အတင်းမှိတ်ထားမိလိုက်သည်။.
.အတန်ကြာလို့ မျက်လုံးဖွင့်ကြည့်လိုက်မိတော့..
လမ်းပေါ်မှာ ဘာမှရှိမနေတော့…။
ဘေးက မယ်မင်းကြီးမ များကလဲ ကြောင်အမ်း
အမ်း မျက်နှာများနှင့်……။ညာဘက်ကို လှည့်ကြည့်မိတော့ ဘုရားရေ။
ကျွန်တော်…ကျွန်တော် သူ့လက်ကို ကိုင်ထားမိ
တယ်။ကျွန်တော် ချက်ချင်း လက်ကိုဖြုတ်ချလိုက်တော့
သူကျွန်တော့်ကို ပြန်ကြည့်တယ်…ဘာဖြစ်လို့လဲ
ဆိုတဲ့ အကြည့်နဲ့ပေါ့…။ကျွန်တော် သူနဲ့ မျက်နှာချင်းဆိုင်မနေ
တော့ဘဲ…။" ဟျောင့်…ဘယ်ရောက်သွားတာလဲ "
ထူးဆန်းနေတဲ့ ထိုအကြောင်းအရာကို လေသံ
နှိမ့်ရင်း သီဟကို လှမ်းမေးတော့…။" ငါတို့ကို ကျော်ပြီး သွားတာကွ "
သီဟကပါ အသံတိုးတိုးနဲ့ ကျွန်တော့်ကို ပြန်ဖြေ
သည်။" ငါတို့ ခဏလေးပဲ သည်းခံရမှာ…မိုးလင်းဖို့
သိပ်မလိုတော့ဘူး "သူက နာရီကိုကြည့်ကာ ကြောက်နေတဲ့
မိန်းကလေးတွေဘက်လှည့်ရင်း စကားဆိုလိုက်
သည်။၃ နာရီ ၅၃မိနစ်
ကားတစ်စီး.…။ကုန်တင်ကားဖြစ်ဟန်တူတဲ့
ကားကြီးကြီးတစ်စီး…။ကျွန်တော်တို့လဲ အဝေးကလှမ်းမြင်နေရတဲ့
ထိုကားကိုကြည့်ရင်း မျှော်လင့်ချက်ရောင်ခြည်
တွေ လင်းလက်လာရပြီ။" ဟိုမှာ ဟိုမှာ ကားတစ်စီးဟ "
" အကူအညီတောင်းရအောင် "
ကျွန်တော်တို့ ထိုကားကို လှမ်းတားဖို့ ဆုံးဖြတ်
လိုက်ကြပြီး…ခပ်ဝေးဝေးလောက်ထဲက ကားကို လက်ပြတား
လိုက်ပေမဲ့…အရှိန်မသတ်ဘဲ ဆက်မောင်းလာ
နေသော ထိုကား…။
YOU ARE READING
A Night On The Highway (ZG/UN) {Completed}
Horror#A Night On The Highway(completed) BL own creation(horror) ဒါလေးက horror နဲနဲနှောမယ့် BL fiction လေးပါ... ပထမဆုံး OC လေးမို့ အားပေးကြပါဦးနော် BL own creation(horror) ဒါလေးက horror နဲနဲနှောမယ့် BL fiction လေးပါ...ပထမဆုံး OC လေးမို့ အားပေးကြပါဦးနော်