A Night On The Highway (extra)

666 67 18
                                    

(Both Zawgyi and Unicode)

Zawgyi

တစ်နှစ်ကျော်ခန့်ကြာပြီးနောက်....

ကွေ့ကွေ့ကောက်ကောက်လမ်းတစ်လျှောက် ညင်သာစွာမောင်းနှင်လာ
တဲ့ ကားလေးထဲ စကားသံတစ်စွန်းတစ်စမျှ မရှိဘဲ တိတ်ဆိတ်နေ
သည်။

အပြင်ဖက် မြင်ကွင်းဆီ ငေးမောကြည့်နေတဲ့ ညီက ကောင်းကင်ပြာဆီ မော့
ကြည့်လိုက်၊ လမ်းမတစ်လျှောက်အစီအရီရှိနေတဲ့ သစ်ပင်အိုတွေဆီ မော့ကြည့်လိုက်နှင့်ေတာ်တော်လေး ဘဝင်ခိုက်နေပုံပင်..။

မှန်ဖွင့်ထားတာမို့ ကားမောင်းနေတဲ့အရှိန်ပြေပြေကြောင့် တိုက်ခတ်နေတဲ့ လေနုအေးတွေက နဖူးပေါ်က ဆံသားတွေကို ညင်သာစွာ တိုက်ခတ်နေသည်ကို ကျေနပ်သေးပုံမပေါ်သည့်ညီက ခေါင်းတစ်လုံးလုံး အပြင်ကို ပြူတစ်
ပြူတစ် လုပ်ရင်း လေညင်းခံနေသေးသည်..။

တခြားကားအသွားအလာလဲ မရှိသည်မို့ ကျွန်တျော မတားတော့..။ အန္တရာယ်မရှိလို့ လှမ်းမတားတာဆိုတာထက် ညီကျွန်တေျာ့ကို စိတ်ကောက်နေတာမို့
လှမ်းတားလဲ ပိုပြီး ဘုကလန့်လုပ်ပြမည်ကို ကြောက်တာကြောင့်ဆို ပိုမှန်မည်။

ညီက မနေ့ညနေထဲက ဘာကိုဘဝင်မကျမှန်းမသိ..စကားကို ဘုကလန့်တွေပြောနေခဲ့သည်။ ဒီနေ့မနက်မှ စိတ်ကောက်နေမှန်း ကျွန်တော်ရိပ်မိခဲ့သည်။

ဘာကိုကောက်နေမှန်းမသိတာမို့ ချော့ဖို့ရာ စကားစ က ရှာမရ။ ညီက သူစိတ်ကောက်ရတဲ့အကြောင်းကို မသိရင်
ပိုပြီး ရစ်တတ်သည်။

ဒီကလေးက အလိုလိုက်လွန်းမှန်းသိလို့
ရစ်ဆိုး ဆိုးလာတယ်ပြောရမလားပဲ..။ဒါပေမဲ့ ချစ်နေတော့လဲ..ဆိုးနေတာကိုက ချစ်ဖို့ကောင်းလွန်းနေတာမျိုး...။

ကျနော် မှတ်မှတ်ရရ မနေ့က ချောင်းသာဆီ ခရီးထွက်ဖို့ပြင်တုန်းဆင်တုန်း သီရိရောက်လာလို့ ညီ့ကို ခနဆိုပြီး သီရိနဲ့စကားပြောလိုက်တာကနေ စတာထင်ပါရဲ့..။စကားပြောခဲ့တာက တကယ် ခနဆို ခနလေးပါ..။

မဟုတ်မှလွဲ..ဒီကလေး သဝန်တိုနေတာများလား..။

ဟုတ်လောက်လေမလားပဲ...။သီရိမွန်ဆိုတာက ကျောင်းတုန်းထဲက ခင်ခဲ့တဲ့သူငယ်ချင်းအရင်း...ကိုယ့်မိသားစု ကိစ္စ တွေကအစ တိုင်ပင်ဖော်..။ညီ့ကို ကြိုက်တော့ သူ့ဆီတောင်ရင်ဖွင့်မိခဲ့သေးတာ။
သူ့အကြောင်းတစ်ချို့ကို ညီ့ကိုပြောပြ
ဖူးသေးသည်မို့ ဒီကလေးက လူသာမသိ
ပေမဲ့ နာမည်ကိုတော့ ရင်းနှီးနေမှာအမှန်။ နောက်တစ်ခုက သီရိမှာလဲ ချစ်သူကောင်မလေးရှိပြီးသားပင်..။

A Night On The Highway (ZG/UN) {Completed}Tempat cerita menjadi hidup. Temukan sekarang