၂၀၁၈,အောက်တိုဘာ (၁၂),တနင်္ဂနွေနေ့ မနက် ၈နာရီဝန်းကျင်
စစ်သွေးခန့် : ကဲ…လူစုံပြီလား…ဘယ်သူတွေ
ကျန်သေးလဲကောင်းကောင်း : စုံတော့မစုံသေးဘူး ဆရာ
မြတ်နိုးတို့ ချိူကြီးတို့ကျန်
သေးတယ်ဆရာ…ကျောင်းပိတ်ရက် ခရီးစဉ်အတွက်
ကျွန်တော်တို့ရွာကိုသွားဖို့ တစုတစည်းထဲ
ရွေးချယ်လိုက်ကြပြီး ယခုသွားရမည့်
ရက်ပင်ရောက်လာလေပြီ။ကျွန်တော်တို့ဆိုတဲ့ နာမ်စားကိုသုံးရတဲ့
အကြောင်းက ကျွန်တော့်ရဲ့ သွေးချင်းမစပ်တဲ့
အစ်ကို,ကာယဆရာ စစ်သွေးခန့်ကြောင့်ပင်။ကျွန်တော့်အမေဆုံးပြီး ၂နှစ်မပြည့်ခင်လောက်
မှာ အဖေက ကိုစစ်သွေးရဲ့မိခင်ဖြစ်သူ
ဒေါ်ယုယခင်နဲ့ လက်ထပ်ခဲ့ပြီး ကျွန်တော့်ဘဝ
ထဲ သူစိမ်းနှစ်ယောက်ကို ခေါ်သွင်းခဲ့တယ်။အမေဆုံးတော့ ကျွန်တော့်အသက် ၁၁နှစ်သာ
ရှိခဲ့ပြီး အမေနဲ့အတူနေရတဲ့အချိန်က နည်းပါး
ခဲ့သည်။လောင်းကစားဝါသနာထုံတဲ့အမေ့ကြောင့်
အဆင်မပြေဖြစ်နေရတဲ့ အဖေနဲ့ အမေ့ရဲ့
အိမ်ထောင်ရေးက အမေ့ကျန်းမာရေးကြောင့်
ပိုပြီး အေးစက်လာခဲ့ပြီး နောက်ဆုံးအမေ
အိမ်က ထွက်သွားရတဲ့အထိဖြစ်သွားခဲ့သည်။
တခြား လူကြီးချင်းပြဿနာများကိုတော့
ကျွန်တော်မသိခဲ့ရပါ။ဇွဲသီဟ : ဟေ့ကောင်…ဟေ့ကောင် ရှိုင်း
ရှိုင်းသန့်ဇင် : ဟမ်?
ဇွဲသီဟ : မင်းဘာတွေ ငုတ်တုတ်မေ့နေတာ
လဲ ငါ့ကောင်……အားလုံးကားပေါ်
ရောက်နေပြီရှိုင်းသန့်ဇင် : အော်…ဟုတ်လား
အဟုတ်သား…။ကျွန်တော် အတွေးတွေလွန်
နေတာနဲ့ အားလုံးကားပေါ်ရောက်နှင့်နေတာ
တောင် မသိလိုက်…။သံသာချို : မြန်မြန်တက်… မြန်မြန်တက်
မြတ်နိုးစု : ကြာလိုက်တာဟာ…အချိန်မရှိဘူးဟ
နင်ပြောတော့ ၈ခွဲလောက်ထွက်မှ
ဟိုကို ၅နာရီ ၆နာရီလောက်ရောက်
တာဆို…
ESTÁS LEYENDO
A Night On The Highway (ZG/UN) {Completed}
Terror#A Night On The Highway(completed) BL own creation(horror) ဒါလေးက horror နဲနဲနှောမယ့် BL fiction လေးပါ... ပထမဆုံး OC လေးမို့ အားပေးကြပါဦးနော် BL own creation(horror) ဒါလေးက horror နဲနဲနှောမယ့် BL fiction လေးပါ...ပထမဆုံး OC လေးမို့ အားပေးကြပါဦးနော်