My honey bear 1

10.1K 347 15
                                    

<Unicode>
့"ဒါလေး?"
"နိုး"
"ဒီတစ်ထည်ရော"
"နိုး"
"ဒီတစ်ခု"
"နိုး"
"ဝမ်ရိပေါ်!! ဒီတစ်သက်ရွေးလို့ပြီးအုံးမှာလား
ဟိုဟာလဲမဟုတ် ဒီဟာလဲမဟုတ် တုံးလုံးသာလိုက်သွားတော့"
"ဟာ....ရွေးရမှာပေါ့ ကိုယ့်ချစ်သူအိမ်သွားမှာလေ ချစ်သူမျက်နှာမငယ်စေဖို့ စဉ်းစားပေးရမှာပေါ့ ဒါတွေ faတွေ မသိပါဘူး"
"ဝမ်ရိပေါ်!!!"
"ဘာလဲ ဘာလဲ အာရုံနောက်တယ် လာအော်မနေနဲ့"
"မင်းးးရော့..မင့်အဝတ်တွေ မင့်ဟာမင်းမဝတ်ပဲနဲ့ပဲသွားသွား"
သာယာတဲ့မနက်ခင်းလေးကို တိုက်ခန်းတစ်ခုအတွင်းက ကောင်လေးနှစ်ယောက်ကတော့
ဆူညံအော်ဟစ်သံများနဲ့ အစပြုသည်
ချစ်သူကဆွေပြမျိုးပြခေါ်လို့ လိုက်သွားမယ့်
ရိပေါ်လေးကို ချစ်သူငယ်ချင်းလေး ယွီပင်က
အဝတ်အစားကူရွေးပေးနေခြင်း
ဂျီးများတဲ့ရိပေါ်ကြောင့် ယွီပင် စိတ်တိုလာရသည် ကူညီပေးတဲ့လူကိုက နှိမ်သေးသည်
ယွီပင်က တစ်နေ့မှ တွေ့မယ်လို့တေးမှတ်ထားလိုက်တယ်
ဒီအချိန်မှာ အပူတွေမလိုချင်လို့ Faလုပ်နေတာလို့ပြောလဲ မွှန်နေတဲ့ rsတွေကနားထဲဝင်မှာမဟုတ်
ပြန်ချေပနေလို့ မထူးမဲ့အတူတူ ဆက်မကူညီပဲထွက်လာလိုက်တယ်
ကြာရင် ဒင်းလေးကို လည်ပင်းညစ်သတ်မိတော့မယ်
"တီးတောင် တီးတောင်"
ဘဲလ်တီးသံကြောင့် ယွီပင်မလုံမလဲလန့်သွားရတယ် ဒါ..ဒါ..ဟိုဘဲနာကြီး
ရိပေါ်ကြွစောင်းစောင်းဖြစ်နေရတဲ့တရားခံ
ရိပေါ်ကိုမှလူထင်တဲ့ ရိပေါ်ရဲ့လူကြီး ရှောင်ကျန့်
"ဟီးးကျန့်ကော လာပြီလား"
"အင်းးရိပေါ်ရော"
တွေ့လား တွေ့လား သူ့ဟာလေးကိုတန်းမေးတော့တာပဲ
"သူ အဝတ်လဲနေတုန်း ကျန့်ကော"
"အင်း အင်း"
"ကိုကိုလား? ခဏစောင့်နော်"
"အင်းးhoney ဖြည်းဖြည်းလုပ် ကိုယ်စောင့်နေမယ်"
ယွီပင် မျက်နှာကိုတစ်ဖက်လှည့်လို့မှဲ့လိုက်တယ်
အော့ အော့ ပဲ
အံပါရဲ့ 'ကိုကို' 'honey'ဆိုပဲ
ရိပေါ်ကို honeyလို့ သူ့မို့ခေါ်တယ်
တစ်ကယ်ကို amazing
"အံမယ်ကျန့်ကော ဒီနေ့ သန့်လှချည်လား"
"အဲ...ကောက law firmကိုသွားလဲဒီလိုပါပဲ
ဒီနေ့တော့ နည်းနည်းပိုတာပေါ့"
"ဟုတ်သားပဲ...ဟင်း..ဟင်း"
ပြုံးရင်းပြောလာတဲ့ မှဲ့နက်နဲ့လူသားကို
ယွီပင် အားနာပါးနာနဲ့ သွားဖြဲပြလိုက်တယ်
ချီးကို ဒီလိုပါပဲလား ပြင်ထားတာဖြင့် ခုပဲ
မင်္ဂလာဆောင်တော့မလိုပဲ

My Honey Bear🐻Where stories live. Discover now