My honey bear 7

1.8K 179 26
                                    

<Unicode>

"စတွေ့တာကတော့ အဲ့လိုပဲဗျာ"

ရှောင်ကျန့် စကားစကို တစ်ခန်းရပ်လို့ စားပွဲခုံပေါ်က ရေဘူးကို လှမ်းယူသောက်ပစ်လိုက်တယ်။ ရေသောက်နေရင်း သူ့အမတွေကို အကဲခတ်ကြည့်လိုက်တော့ ပါးစပ်ဟောင်းလောင်းလေးတွေနဲ့ ငုတ်တုတ်မေ့နေကြတဲ့ပုံ။ အင်း......သူတို့ရဲ့ ဇာတ်လမ်းက အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး Romantic ဆန်လွန်းလို့ထင်ပါရဲ့။

"အဟမ်း!!"

ချောင်းတစ်ချက်လှမ်းဟန့်လိုက်မှ အသိဝင်လာကြတဲ့ သူ့အမတွေကို ရှောင်ကျန့် မျက်ခုံးတစ်ဖက်ကိုပင့် လက်နှစ်ဖက်ကို ဖြန့်လို့ ပုခုံးတစ်ချက်တွန့်ပြလိုက်တယ်။ ပြောလို့ပြီးပြီဆိုတဲ့သဘောနဲ့ပေါ့။

"တော်သေးတာပေါ့.....လူဖြစ်မရှုံးသွားလို့ ငကျန့်ရယ်......နင်သာတစ်ခုခုဖြစ်သွားရင် ငါတို့ ရင်ကျိုးရချည်ရဲ့...."
"ခုအကောင်းကြီးရှိပါသေးတယ်......လူဖြစ်မရှုံးတဲ့အပြင် လူဖြစ်ရတာတောင်ပို အဓိပ္ပါယ်ရှိလာသေးတယ်.....ဟက်"

ပြုံးပြုံးကြီးပြောနေတဲ့  ရှောင်ကျန့်ကို သူ့အမတွေက စိတ်လေတယ် ဆိုတဲ့အကြည့်တွေနဲ့ကြည့်လာတယ်။ သက်ပြင်းကိုချလို့ ခေါင်းကိုအသာခါရင်း သူ့အမတွေက ထပ်မေးလာပြန်တယ်။

"ဆေးမမှီတော့ဘူးပဲ..... ရှောင်ကျန့်........ဆိုတော့.....ဘယ်သူကအရင်စကြိုက်တာလဲ....... ဟိုဝမ်ကောင်လေးကလား"
"ဟက်!.....ကျွန်တော်ပါ.....ကျွန်တော်ကအရင်စကြိုက်တာ.......love at first sight ပေါ့လေ...."

ရှောင်ကျန့်က ကြည်ကြည်နူးနူးပြောနေပေမယ့် သူ့အမတွေကတော့ မျက်ဖြူစိုက်ပြတဲ့သူနဲ့၊ ခေါင်းတစ်ခါခါဖြစ်နေတဲ့သူနဲ့၊ မျက်လုံးပြူးလို့ ရင်ဘတ်ကိုဖိထားတဲ့သူနဲ့ အမျိုးမျိုး တုံ့ပြန်လာကြတယ်။ ရှောင်ကျန့် ကတော့ အရေးမစိုက်၊ ပိုလွန်းတယ်ဆိုတဲ့ အထာနဲ့ သူ့အမတွေကို မျက်စောင်းအသာခဲပြလိုက်တယ်။ ပြီးတော့ ချောင်းတစ်ချက်ဟန့်ပြီး သူ့ဇာတ်လမ်းကို ဆက်ရပြန်တယ်။
ချစ်ရတဲ့သူအကြောင်းကို ပြန်ပြောပြရတဲ့ ခံစားချက်က ကမ္ဘာကြီးကိုအပိုင်စားရတဲ့သူလို့ ဂုဏ်ယူဝမ်းသာကြည်နူးမှုတွေအပြည့်နဲ့။

My Honey Bear🐻Where stories live. Discover now