My honey bear 2

3.5K 293 10
                                    

<Unicode>
ရိပေါ်ချွေးပျံနေပြီ လက်ရှိအခြေနေကြီးက
ဒုတိယကမ္ဘာစစ်ထဲရောက်နေရသလိုလို
တစ်ဒိန်းဒိန်းခုန်နေတဲ့ရင်ဘတ်ကြီးလဲပေါက်ထွက်တော့မယ်
ကိုကိုကသူ့လက်ကိုဆုပ်ကိုင်ထားလို့သာ
မဟုတ်ရင် သူထွက်ပြေးပြီးပြီ
Fighting ရိပေါ် ဘာမှမဖြစ်ဘူး
ရည်းစားဟောင်းတွေမှမဟုတ်တာ
ရိပေါ်အားတင်းပြီး မျက်လုံးလေးလှန်ကြည့်လိုက်တယ်
ဘုရားရေ~လန့်လိုက်တာ
မော့အကြည့်မှာ ကိုကို့အမတွေရဲ့
အကြည့်စူးစူးတွေနဲ့ထိပ်တိုက်ဆုံတယ်
ရိပေါ်တစ်ကိုယ်လုံးတုန်သွားရတယ်
ခုသူက ကိုကိုတို့အိမ်ဧည့်ခန်းကဆိုဖာပေါ်မှာ
ကျုံ့ကျုံ့လေးထိုင်နေရတယ်
ကိုကိုကတော့ သူ့ဘေးမှာထိုင်ပြီး သူ့ကိုကျစ်ကျစ်ပါအောင်ဖက်လို့ထားတယ်
ကိုကို့အစ်မတွေကတော့ လက်ပိုက်လို့
သူတို့ကိုစိုက်ကြည့်နေတယ်
သူတို့မျက်လုံးတွေကသာ
မီးတွေထွက်ရင် ရိပေါ်ပြာကျနေလောက်ပြီ
မားရေ သားကြောက်တယ် ~~အဟင့်

"တွဲနေကြတာဘယ်လောက်ကြာပြီလဲ"
"၆လ! ဒါကသိဖို့လိုလို့လား!"
"တိတ်စမ်း ရှောင်ကျန့်!!!"

ဘုဆတ်ဆတ်ဖြေနေတဲ့ကိုကို့ကို
သူ့အစ်မတွေကလှမ်းဟောက်တယ်
ရိပေါ်ကတော့ ကုတ်ကုတ်လေး
မခုတ်တတ်တဲ့ကြောင်လေးလိုပေါ့

"အဟင်းးးခေါင်းမော့ပါအုံး အိပေါ်လေးရဲ့
မင့်ရဲ့မမ ရှောင်ချင်းလေ အို့ မဟုတ်ဘူး မင်းပေးထားတဲ့nicknameလေးနဲ့မိတ်ဆက်တာပေါ့
ဇီဇာကြောင်တဲ့ အပျိုကြီးလေ...ဟင်း..ဟင်း"

ဇီဇာကြောင်တဲ့အပျိုကြီးလို့ မိတ်ဆက်လာတာက
ရိပေါ်ကိုငြင်းခဲ့တဲ့ပထမဆုံးမိန်းကလေး
ကိုကို့ရဲ့ အစ်မအကြီးဆုံး
နက်မှောင်တဲ့ ဆံနွယ်ရှည်တွေနဲ့
အေးဆေးတည်ငြိမ်ဟန်နဲ့ ရှောင်ချင်းချင်း

"ဟက်...ဒီကိုလည်းကြည့်ပါအုံး
မင်းကြိုက်လို့ရူးရပါတော့မယ်ဆိုတဲ့
မမရှောင်လီလေ မှန်ကြောင်မ ဆိုရင်တော့
မှတ်မိမှာပါနော်"

မှန်ကြောင်မလို့ ရိပေါ်nickname ပေးမိတာက
ကိုကို့ရဲ့အမလတ် ရှောင်လီလီ
သူ့ကိုငြင်းတဲ့ဒုတိယမိန်းကလေး
ဆံပင်ဂုတ်ဝဲလေးနဲ့
ပါဝါမျက်မှန်ထူထူကို အမြဲလိုလိုတပ်ပြီး
Manga Webtoon တွေကိုစွဲလမ်းလွန်းတဲ့သူ

My Honey Bear🐻حيث تعيش القصص. اكتشف الآن