My honey bear 11

1K 86 27
                                    

<Unicode>
မြူးကြွကြွဂီတသံနောက် ခေါင်းတစ်ညိတ်ညိတ်နဲ့စီးမျောရင်း လက်ထဲက ယမကာခွက်ကို တစ်ကြိုက်တည်းမော့သောက်လိုက်တယ်။ ပြင်းရှရှအရသာက လည်ချောင်းတစ်လျောက်ပူကနဲ။

"Cheer!!!"

ဖန်ခွက်ချင်းတိုက်ခတ်သံတွေကဆူဆူညံညံ။ ဝါကျင့်ကျင့်မီးအလင်းနဲ့ အသားကင်နံ့မွှေးပျံ့နေတဲ့ စားသောက်ဆိုင်လေးအတွင်းမှာ လူတွေရဲ့စကားသံ၊ရယ်မောသံတွေနဲ့ ခပ်မြူးမြူးဂီတသံလေးကလွှမ်းခြုံထားတယ်။

ဒီနေ့က ရှောင်းကျန့်တို့ ရှေ့နေရုံးကိုအသစ်ဝင်လာတဲ့အလုပ်သင်လေးတွေကို ကြိုဆိုတဲ့ပွဲဖြစ်တယ်။ ပုံမှန်ဆို ဒီလိုပွဲတွေမှာရှောင်းကျန့်က ခဏပဲနေပြီးထပြန်နေကျ။ ဒါပေမဲ့ ဒီနေ့ကတော့မတူ။ သူအချိန်အကြာကြီး ဒီညစာစားပွဲမှာရှိနေဖြစ်တယ်။ ဘယ်သူ့ကိုမှစကားမပြောပဲ ထောင့်တစ်နေရာမှာထိုင်လို့ မူးယစ်စေတဲ့ အရည်တွေကိုသာအဆက်မပြတ်သောက်နေမိတယ်။

ရှောင်းကျန့်ကမူးချင်တယ်။ ပြီးတော့ အဲ့ဒီကောင်လေးကိုမေ့ပစ်ချင်နေတယ်။ အင်း.....ကောင်လေးကရက်စက်တယ်။

သူ့ရှေ့မှာ တစ်ခြားမိန်းကလေးငယ်လေးနဲ့အနမ်းခြွေနေခဲ့တဲ့ကောင်လေးကရက်စက်ပါတယ်။ ဒီလိုနည်းနဲ့မှ သူ့ကိုငြင်းပယ်ခဲ့တဲ့ကောင်လေးက နတ်ဆိုးလေး။ မဟုတ်ဘူး။ မိစ္ဆာလေး။ တစ်ကယ်ဆို သူ့ကိုမချစ်နိုင်ရင် 'ကျွန်တော်ရှောင်းကျန့်ကိုမချစ်နိုင်ပါဘူးလို့' ပွင့်ပွင့်လင်းလင်းပြောရင် ရရဲ့သားနဲ့။ ခုတော့ ဝမ်ရိပေါ်က ဒီလိုလုပ်ရပ်မျိုးနဲ့ သူ့အသည်းကို နင်းချေဖျက်ဆီးတယ်။

မေ့ပစ်မယ်။ သူဒီကောင်လေးကိုမေ့ပစ်ရပါမယ်။ သူနေနိုင်မှာပါ။ ခုတောင် ဒီကောင်လေးဆီမသွားဖြစ်တာ တစ်ပတ်၊ ၈နာရီ၊ ၁၀မိနစ်နဲ့ ၂၀စက္ကန့်တောင်ရှိသွားပြီမလား။

ဘုရားရေ......ရှောင်းကျန့် ဘာတွေတွေးနေတာတုန်းဟ။

"စီနီယာရှောင်း အဆင်ပြေရဲ့လား"

ကိုယ့်ဆံပင်ကိုယ်ဆွဲခါပစ်နေမိတဲ့အခါ သူ့နံဘေးကအလုပ်သင်လေးက သူ့က်ုအူတူတူလေးကြည့်ရင်းမေးလာတယ်။ ခေါင်းကိုအသာယမ်းပြရင်း အိတ်ကိုဆွဲယူလို့ထရပ်လိုက်တော့ လူကယိုင်ကနဲ။ သူ ဒီည alcohol ပမာဏအတော်များများ သောက်လိုက်မိတဲ့ပုံပါပဲ။

You've reached the end of published parts.

⏰ Last updated: Sep 11, 2021 ⏰

Add this story to your Library to get notified about new parts!

My Honey Bear🐻Where stories live. Discover now