My honey bear 10

1.3K 117 12
                                    

<Unicode>

"ကျန့်ကျန့်ရေ...... ကျန့်ကျန့်!!"

လိုက်ကာဆွဲပိတ်မထားမိတာမို့ မျက်နှာပေါ်ဖြာကျလာတဲ့နေရောင်တွေကို အပြစ်တင်နေမိတုန်း နားထဲ ဆိုးဝါးစွာဝင်ရောက်လာတဲ့အသံတွေ။ Password ရိုက်သံ တစ်တီတီနဲ့ တစ်ဆာဆာဟစ်နေတဲ့ အသံဆိုးတွေကိုကြားရုံနဲ့ ဘုရားသခင်က သူမလိုချင်ပဲ အတင်းပေးအပ်ထားတဲ့ အစ်မတော်တွေဆိုတာ တန်းသိလိုက်ပါတယ်။ ခေါင်းကို ခေါင်းအုံးအောက်ထဲထိုးထည့်လို့ ပေကပ်ပြီး ဆက်အိပ်နေလိုက်တယ်။ မကြာပါဘူး။ ခေါင်းပေါ်ဖိထားတဲ့ ခေါင်းအုံးက ဇတ်ကနဲဆွဲယူခံလိုက်ရပြီး လူကလည်း ဆွဲမခံလိုက်ရတယ်။

"အမလေးလေး....... မသေကောင်းမပျောက်ကောင်း မောင်လေးရယ်....."
"ကျန့်ကျန့်ရယ်........ငယ်တော့တာလည်းမဟုတ်ပဲနဲ့ ရန်ဖြစ်လာရသလား"
"ပြစမ်း......၃ ချက်ချုပ်လိုက်ရတယ်ဆို"

ကောင်းကောင်းမပွင့်ချင်သေးတဲ့ မျက်လုံးတွေကို အတင်းဖွင့်ခိုင်းလိုက်၊ သူ့ကိုယ်ကိုလှုပ်ခါလိုက်၊ နဖူးကဒဏ်ရာကို ကိုင်လိုက်လုပ်နေကြတဲ့ သူ့အစ်မတွေက စိတ်ပူနေတာထက် ထပ်နှိပ်စက်နေသလိုပင်။

"ကျန့်ကျန့်.......မျက်လုံးဖွင့်စမ်း! ငါတို့ကစိတ်ပူနေတာကို....."
"အိုက်ယား........ငါဘာမှမဖြစ်ဘူး..ကောင်းနေပြီ  အားလပ်ရက်လေး အေးဆေးအိပ်ပါရစေဟာ..."

ရှောင်ကျန့် ကိုယ့်ဆံပင်ကို ဆွဲဖွာရင်း စိတ်ရှုပ်စွာညည်းညူမိသည်။ ထိုအခါမှ ဘေးနားက အစ်မတော်တွေက သက်ပြင်းကိုယ်စီချရင်း သူ့ကိုမျက်စောင်းထိုးလာကြသည်။

"ကျန်းချန်က နင်ခေါင်းကွဲသွားတယ်ပြောတော့ ငါတို့က စိတ်ပူသွားတာပေါ့"
"ပြောစမ်း......နင့်ကို ဘယ်သူလုပ်တာလဲ.... ငါတို့တရားစွဲပေးမယ်"
"ဟုတ်ပါ့.......ငါတို့မောင်ချောလေးကိုများ.....ထိရက်တယ်...."

တစ်ယောက်တစ်ပေါက်ပြောနေတဲ့ အစ်မတော်တွေကို လျစ်လျုရှု့လို့ ထပြီးရေချိုးခန်းထဲဝင်လာလိုက်တယ်။ သူ့နောက်ကျောဘက်ဆီက သူ့ကိုရိုက်တဲ့သူကို ပညာပေးမယ်ဆိုပြီး မကျေမချမ်းရေရွတ်သံတွေကြောင့်လည်း ရှောင်ကျန့်ပြုံးမိရသေးရဲ့။ သူ့ရဲ့အစ်မတွေဆိုတာက 'ငါတို့မောင်လေးကို ဘယ်သူမှလာမထိနဲ့ သေသွားမယ်' ဆိုတဲ့အမျိုး။ ဆိုလိုတာက သူတို့ကိုယ်တိုင်တော့ထိချင်ထိမယ်ဆိုတဲ့သဘောပေါ့လေ။

My Honey Bear🐻Where stories live. Discover now