My honey bear 6

3.6K 227 30
                                    

<Unicode>
မျက်တောင်ရှည်ရှည်လေးတွေရယ်၊ ခေါင်းအုံးလေးနဲ့ ဖိကပ်ခံထားရတဲ့ပါးဖောင်းဖောင်းလေးရယ်၊ ခပ်ဟဟ ဖွင့်နေတဲ့နှုတ်ခမ်းရဲရဲလေးရယ်ပေါ်ကို လက်နဲ့ဖွဖွထိတွေ့နေတဲ့ ကောင်လေးရဲ့မျက်နှာမှာ အပြုံးတွေကဝေဝေဆာဆာ။ ဒီအချိန်မှာ စောစောထရတာကို ကျင့်သားရနေတဲ့ မျက်လုံးတွေကိုပဲ ရှောင်ကျန့် ​ကျေးဇူးတင်မိတယ်။
သူ့ရှေ့က အိပ်မောကျနေဆဲ ကောင်လေးရဲ့ ဆံနွယ်လေးတွေကိုအသာလှပ်လို့ နဖူးပြင်လေးကို အသာအယာ အနမ်းခြွေလိုက်တော့ လှုပ်လှုပ်ရွရွ ဖြစ်လာတဲ့ အိပ်ပုတ်လေးကြောင့် အမြန်ပဲ တစ်ကျွတ်ကျွတ်လုပ်ရင်း တင်ပါးလေးကို အသာပုတ်လို့ချော့သိပ်ရတယ်။ နှုတ်ခမ်းထော်ထော်လေးတွေကို ပွစိပွစိလုပ်ရင်း သူ့ရင်ခွင်ထဲ တိုးဝင်လာတဲ့ကောင်လေးက တစ်ကယ့် ငချွဲလေး......ရှောင်ကျန့်ရဲ့ ချစ်မဝလေး။
ရင်ခွင်ထဲက ကိုယ်လုံးလေးကို ခပ်ကျစ်ကျစ်တိုးဖက်လို့ ဆံနွယ်အိအိလေးတွေကို ငုံ့နမ်းပစ်လိုက်တယ်။အင်း......... နံနက်ခင်းတိုင်းမှာ ဒီလိုသာနှိုးထခွင့်ရမယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ......။

နွေးထွေးတဲ့ ဖက်တွယ်မှုလေးကို မဖြတ်တောက်ချင်ပေမဲ့လည်း ရှောင်လွဲမရတဲ့တာဝန်ဝတ္တရားတွေရှိသေးတာကြောင့် ရှောင်ကျန့် မိမိရင်ခွင်ထဲကကိုယ်လုံးလေးကို အသာဖယ်လို့ ခပ်ဖြည်းဖြည်းထရတယ်။
နာရီကြည့်လိုက်တော့ မနက်၇နာရီ......ဟူး~
မတတ်နိုင်ဘူး ဒီနေ့တော့ ဖြစ်သလို ရုံးတက်ရမှာပဲ။

"အင့်!....."

ကုတင်ဘေးမှာ ​ကျောပေးလို့ရပ်နေတဲ့ ရှောင်ကျန့်က ရုတ်တရက်ဆွဲလှည့်ခံလိုက်ရတယ်။

"Mwah~"

ခဏလေးပါပဲ.....ထိတယ်ဆိုရုံလေး
သူ့နှုတ်ခမ်းတွေနဲ့ထိကပ်သွားတဲ့ နွေးအိအိအရာလေး........။
ရှောင်ကျန့် ကိုယ့်နှုတ်ခမ်းကို လက်နဲ့ထိလို့ကြောင်ရပ်နေမိတယ်။
ရင်ထဲမှာလည်း ဝုန်းဒိုင်းကြဲလို့ သူ့ရှေ့က ပါးလေးတွေရဲပြီး ဆံပင်ပွပွ အင်္ကျီလျော့ရဲရဲနဲ့ ကောင်ငယ်လေးကို ခုန်အုပ်ပစ်ချင်စိတ်တွေကတစ်ဖွားဖွား.........။

"အား.......ကိုကိုနော်.....လွှတ်ပေး"
"ဘာလဲ...... စတုန်းက လာစပြီး..... ထွက်ပြေးမလို့လား"

My Honey Bear🐻Where stories live. Discover now