My honey bear 8

1.5K 161 25
                                    

<Unicode>

"ထတော့လေ..... ကိုကို"

ပြုံးပြနေတဲ့ မျက်နှာလေး......ပါးလေးတွေကမို့တက်လို့.......ဟော.....နှုတ်ခမ်းဖူးဖူးလေးက တစ်ချက်ရယ်လို့ သူ့မျက်နှာနားကို တိုးကပ်လာနေတယ်။ ထိကပ်လာတော့မယ်......သူသိပ်သဘောကျရတဲ့ နှုတ်ခမ်းလေး။ ဘယ်လောက်ယစ်မူးဖို့ကောင်းလိုက်မလဲ။ ရင်တွေကလည်း ခုန်လိုက်တာ။

"ဟေ့လူ.....ဟေ့!.... ဟေ့!......ရှောင်ကျန့်!!"

နှုတ်ခမ်းပေါ်ကျရောက်လာတဲ့ ခပ်ဆတ်ဆတ်ရိုက်ချက်ကြောင့် ရှောင်ကျန့် လန့်နှိုးလာတယ်။ အသိစိတ်ကပ်ကပ်ချင်း မြင်လိုက်ရတာက လက်ကိုပိုက်လို့ မျက်မှောင်ကုပ်ကာသူ့ကိုကြည့်နေတဲ့ ဆံပြာလေးနဲ့ angry bird လေး ရိပေါ်။

"ဟမ်.....ရောက်.....​ရောက်လာပြီလား"

အိပ်မက်ကြောင့် မလုံမလဲဖြစ်နေတဲ့ ရှောင်ကျန့်က စကားတွေတောင် ထစ်လို့။ ရှေ့က ကောင်လေးကိုလည်း မကြည့်ရဲသေး။

"ရောက်ပြီပေါ့ အချိန်ကိုလဲ ကြည့်အုံး.......ခင်များကြီးက ပိတ်ရက်ဆို အိပ်တာ အသေကောင်လိုပဲနော်........သွားရည်တွေသုတ်လိုက်ပါအုံး........ဟက်"

လှောင်ရယ်ပြီး ထွက်သွားတဲ့ ကောင်လေးက မနက်ခင်းရဲ့ နေရောင်ခြည်လေးလို လင်းလင်းလက်လက်။ ကမန်းကတမ်းနဲ့ ကိုယ့်ပါးစပ်ကိုယ် လက်တွေနဲ့ဆွဲသုတ်နေတဲ့ ရှောင်ကျန့်ကတော့ ဖရိုဖရဲ။

ကြည်နူးစရာ အိပ်မက်လေးကို ပြန်တွေးမိတော့ ဆူညံတဲ့ ရင်ခုန်သံနဲ့အတူ လူကလည်း ပြုံးပြုံးကြီး။ တစ်လရှိပြီ။ ရိပေါ်က ရှောင်ကျန့်ရဲ့မနက်ခင်းတိုင်းမှာ ပါဝင်နေတတ်တာ တစ်လရှိခဲ့ပြီ။ ဂျစ်တူးလေးရိပေါ်က သူတောင်းဆိုတာကို လိုက်လျောခဲ့လိမ့်မယ်လို့ ရှောင်ကျန့်တစ်ကယ်မထင်ခဲ့ဘူး။ အင်း.....တစ်လခွဲဆိုတဲ့ အချိန်ကန့်သတ်ချက်ကြောင့်လည်း ပါမယ်ထင်ပါရဲ့။

ရိပေါ်အတွက် တစ်လခွဲဆိုတာက နစ်နာကြေးအဖြစ် ရှောင်ကျန့်တောင်းဆိုရာကို တာဝန်ကျေလုပ်ပေးရုံ။ ရှောင်ကျန့်အတွက်တော့မတူ။ ဒီတစ်လအတွင်းမှာ ရှောင်ကျန့်အဖြစ်က မလွယ်ကူခဲ့။ သူငယ်ချင်း စိတ်ရောဂါဆရာဝန်ဆီလည်းရောက်ခဲ့ပြီးပြီ။ ယောကျာ်းလေးတွေကို သူအစတည်းကများ သဘောကျခဲ့တာလားဆိုတာ သိရအောင်လည်း gay club အစုံနှံ့ခဲ့ပြီ။ ရိပေါ်အပေါ်ဖြစ်မိတဲ့ ခံစားချက်ကို ပိုသိရအောင် မိန်းမလှလေးတွေနဲ့လည်း date ခဲ့ပြီ။ နောက်ဆုံးတော့ သူ့ကို ပြန်အမိဖမ်းလိုတဲ့ မိန်းကလေး၊ ယောက်ျားလေးတွေဆီကနေ အသည်းအသန်ရှောင်ပြေးရတာပဲ အဖတ်တင်သည်။ အင်း.......တစ်ခုတော့ သိခဲ့ရတာပေါ့လေ။ ယောကျာ်းတစ်ယောက်၊မိန်းမတစ်ယောက် ဆိုတာထက် ဝမ်ရိပေါ်ဆိုတဲ့ ဖြစ်တည်မှုလေးကိုသာ သူမြတ်နိုးနေမိပြီဆိုတာ.....။

My Honey Bear🐻Место, где живут истории. Откройте их для себя