My honey bear 5

2.7K 248 45
                                    

<Unicode>
" ရိပေါ် ထမင်းလာစား"
"ဟင့်အင်း"
"နည်းနည်းတော့ လာစားပါကွာ"
"ဟင့်အင်း"
"ဟင်းးးးး"

ဆိုဖာပေါ်လှဲမှီလို့ အပျော့ကပ်ကြီးဖြစ်နေတဲ့ရိပေါ်ကိုကြည့်ရင်း ယွီပင် သက်ပြင်းချမိတယ်။ ဘေးနားမှာကလည်း စားလက်စ မုန့်တွေကပွလို့။  သူငယ်ချင်းလည်းဖြစ် ဝမ်းကွဲညီလေးလည်းဖြစ်တဲ့ရိပေါ်က သူ့အပေါ်ဆိုးပါတယ်။  ငယ်တုန်းက ဒါသားညီလေးလေလို့ မားမိတ်ဆက်ပေးတုန်းက ချစ်စရာညီလေးလို့ သူတွေးခဲ့ဖူးတာကို ပြန်ရုတ်သိမ်းချင်မိတယ်။ မူလတန်းမှာ အဖျားကြောင့်တစ်နှစ်နားလိုက်ရလို့ရိပေါ်နဲ့အတန်းတူသွားကတည်းက ရိပေါ်ရဲ့ ဆိုးပေခြင်းတွေကို သည်းခံလာရတာ ဆယ်စုနှစ်တစ်ခုရှိခဲ့ပြီပေါ့လေ။ ခုလည်းကြည့်......အသဲကွဲလာတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ဘာမှမလုပ်ပဲ တစ်ငူငူတစ်ငိုင်ငိုင်နဲ့တစ်ပတ်ပြည့်တော့မယ်။ ခံစားနေရလို့ ထမင်းမစားဘူးဆိုပြီး မှာမှာပြီးစား​နေတဲ့မုန့်တွေ မုန့်တွေဆိုတာ..... သူမစားဖူးတာကိုမရှိလောက်တော့ဘူး။

"တီးတောင်! !"
"ဟော....လာပြီ.... ကော!"

တံခါးဘဲလ်သံမြည်လာတဲ့အခါမှ ရိပေါ်က
လှုပ်လှုပ်ရွရွဖြစ်လာတယ်။ ဖက်ခေါင်းအုံးလေးကိုပိုက်လို့ လက်သည်းကိုတစ်တိတိကိုက်ရင်း ယွီပင်ကိုတံခါးသွားဖွင့်ဖို့မျက်စပြစ်ပြလာတယ်။ ယွီပင်လည်း စိတ်ပျက်လက်ပျက်နဲ့ပဲ ထမင်းစားပွဲကထလို့ ဒီတစ်ပတ်လုံး သူ့အလုပ်လိုဖြစ်နေတဲ့အရာကို လုပ်ဖို့ သွားရတယ်။

"ကျန့်ကော..... ရိပေါ်က မတွေ့ချင်ဘူးတဲ့ မျက်နှာမမြင်ချင်ဘူး ပြန်ပါတဲ့....အိမ်ကို တန်းတန်းမတ်မတ်ပြန်ပါ ဘယ်မှမဝင်ပါနဲ့ အစားကောင်းကောင်းစား ဂရုစိုက်လို့လည်း သူ မမှာချင်ပါဘူးတဲ့...."

တစ်ပတ်လုံး ရွတ်နေရလို့ အသားကျနေတဲ့စကားတွေကို ရွတ်ပြလိုက်တော့ သူ့ရှေ့ကလူကလည်း ဖြစ်နေကျမျက်နှာငယ်လေးနဲ့။

"အော်... အေးပါ......ဒီမှာ သူကြိုက်တဲ့ဆိုင်က ဖက်ထုပ်ပေါင်းလေး.... သေချာလေးကျွေးပေးပါအုံးနော် ယွီပင်"

သိတယ်...သိနေတယ်။ သူ့ဟာလေးအတွက်တစ်ခုခုပါလာမယ်ဆိုတာ။ အဲ့ဒါကြောင့်ဟိုတစ်ယောက်ကလည်း ဘာမှမစားပဲစောင့်စားနေတာ။ ဒါလား.....လမ်းခွဲကြတာ။ သူ့မျက်စိထဲတော့ စိတ်ကောက်တမ်းဆော့နေကြတာပါ။

My Honey Bear🐻Hikayelerin yaşadığı yer. Şimdi keşfedin