ဒီပန်းချီက ကျနော်နောက်ဆုံးဆွဲတဲ့လက်ရာဖြစ်မယ်ထင်တယ်
''ချန်းယောလ်လက်ကိုသိပ်မသုံးစေချင်တော့ဘူး ကြာရင် လုံးဝသုံးမရသလိုဖြစ်သွားနိုင်တယ်.....''
ဆွဲနေတဲ့လက်ကတုန်လာလို့ ချက်ချင်းစုတ်တံကိုချရင်းထိန်းကိုင်လိုက်သည် အထဲကဆတ်ခနဲဆတ်ခနဲ ခုန်နေသလိုကြီး.....
ချက်ချင်းထိုင်ရာက ထပြီး ပန်ချီဆွဲခန်းကို ကျောခိုင်းလိုက်သည်....
အပြင်ရောက်တော့ ဖုန်း contactထဲကနာမည်တခုကို နိပ်လိုက်ရင်း....တူ...တူ......
'ဟလို.......'
'ဟွန်းပြန်မလာသေးဘူးလား.....'
တဖက်ကသက်ပြင်းချသံကိုကြားလိုက်ရသည်.....
'မလာသေးဘူး ဘာအရေးကြီးကိစ္စရှိလို့လဲ......'
'ဪ.......'
ဖုန်းscreenပေါ်က anniversary dateကလေးကတော့ အထီးကျန်လျက်....
.
.
.
.
.
'ဆရာအရင်ကထက်ပိုဆိုးလာတယ် နစ်ချက်သုံးချက်လောက်လုပ်ပြီးရင် လက်တွေကတုန်လာတယ် သွေးကြောတွေအပြင်ခုန်ထွက်လာမလားတောင်တွေးရတယ်.....'ရွှတ်နောက်နောက်ပြောလိုက်ပေမယ့်....
'ချန်းယောလ် ဒါကရယ်စရာမဟုတ်ဘူးနော် တကယ်မင်းလက်သုံးစားစရာမရှိအောင်ဖြစ်သွားနိုင်တယ်.....'
ချန်းယောလ် ပြုံးလိုက်ပြီး
'ငါ့မှာ ပိုင်ဆိုင်တာဆို ဒီပန်းချီဆွဲတာတခုဘဲရှိတယ် ဒါသာစွန့်လွှန်လိုက်ရင် ငါ့မှာဘာမှမရှိတော့ဘူး.....'
'မင်းဒီလိုဖြစ်တာ ဆယ်ဟွန်းသိလား......'
ခေါင်းရမ်းလိုက်တဲ့ ချန်းယောလ်ကြောင့်....
'မင်းဘာတွေတွေးနေတာလဲ ချန်းယောလ်ရာ.....'
'ဂျယ်ဝန်း တခုလောက်တော့ ကတိပေးပါ...
ငါကိုယ်တိုင်ဘဲသူ့ကိုပြောပြပါ့မယ့် မင်းကဆရာဝန်ဖြစ်ပေမယ့် လူနာကမပြောခိုင်းရင်မပြောရဘူးဆိုတာ သဘောပေါက်နော်....'ဂျယ်ဝန်း သက်ပြင်းသာချနိုင်လောက်တော့သည်.
.
.
.
.
.
မှောင်မဲနေတဲ့ အိမ်ထဲဝင်တော့လဲ တယောက်တည်းဆိုတဲ့ခံစားချက်ကအထီးကျန်ခြင်းကိုဝင်ရောက်စေတယ်....
ပျင်းရိပျင်းတွဲနဲ့ ဆိုဖာပေါ်ထိုင်ချလိုက်ပေမယ့် ထိုင်ချလိုက်တဲ့အသံကလွဲ ဘာသံမှမကြားရ.....
ကျနော် သိပ်မြတ်နိုးရပါတယ်ဆိုတဲ့အိမ်ကလဲ အရင်လောက်မနွေးထွေးနိုင်.....
.
.
.
အချိန်ဘလောက်ကြာသွားသည်လဲမသိပေမယ့် မီးလင်းရောင်ကြောင့် မျက်စိဖွင့်ဖွင့်ချင်းစူးခနဲ့.....
မီးဖိုချောင်ထဲဝင်သွားတဲ့ ကျောပြင်လေးက ကျနော်ကိုးကွယ်ရာဖြစ်တဲ့အချစ်.....