04

681 80 1
                                    

'ဟွန်း မောင်တို့အပန်းဖြေခရီးလေးထွက်ကြမလား.....'

ချန်းယောလ်ပြောသံကြောင့် အလုပ်လုပ်နေရာကနေရပ်တန့်ပြီး......

'ကျနော်မအားဘူး မောင်သွားချင်တယ်ဆိုသွားလေ ကျနော်ဘဏ်မကောင့်ထဲ ပိုက်ဆံလွှဲပေးမယ်.....'

ကြိုသိနေသောအဖြေကြောင့် ချန်းယောလ်ပြုံးမိသည်...
ဟွန်းနဲ့ယူပြီးကတည်းက ဘာအလုပ်မှမလုပ်ဘဲအိမ်မှာထိုင်စားနေရသည် "မောင့်ကိုဘသူမှမမြင်အောင်ဖွက်ထားချင်တာ"ဆိုတဲ့ စကားကြောင့် ပြင်ပလောကကိုလဲမဆက်သွယ်ခဲ့ လက်ကြောင့်သာဂျယ်ဝန်းနဲ့ပြန်ဆုံတွေ့ခဲ့ရခြင်းဖြစ်သည်.....
ပန်းချီဆွဲနေကြလက်ကိုကြည့်ရင်း သက်ပြင်းချလိုက်မိသည်...
တကယ်ဆို ဒီပညာကလွဲကျန်တာဘာမှမတတ်မြောက်တာ....
တကယ်ဆိုဒီလက်က ဟွန်းအမေကြောင့်ဖြစ်သွားတာဆိုပေမယ့် ချစ်ရသူရဲ့အမေဖြစ်တာကြောင့် ဘာမှပြောစရာစကားမရှိ....
ယခုလဲဆိုင်သူကသူ့ချစ်ရသူကိုမိတ်ဆက်လာပြီးပြီဘဲ ကိုယ့်ဘက်ကအလိုက်သတိထွက်ခွာဖို့ကျန်တော့သည်.....
လက်ထဲက ကွာရှင်းစာချုပ်မှာ ကိုယ့်လက်မှတ်ကိုရေးထိုးထားပေမယ့် မျက်လုံးထဲကတော့မူန်ဝါးလို့နေခဲ့သည်......
.
.
.
.
.
'မောင် ဘဏ်အကောင့်ထဲငွေလွှဲခဲ့တယ်နော် ကြည့်ကြည့်အုန်း လိုတာရှိရင်ဟွန်းကိုဖုန်းဆက်လိုက်....'

ချန်းယောလ်အဝတ်အထည်တွေအကုန်ထည့်ရင်း ခေါင်းငြိမ့်ပြလိုက်သည်....

'နစ်ရက်သုံးရက်သွားမယ့်ခရီးကို ဒီလောက်အများကြီးယူသွားတာလား....'

ချန်းယောလ်ရယ်ရင်း ကုတင်ဘေးမှာထိုင်နေတဲ့ဆယ်စွန်းနားသွားပြီ ဒူးထောက်ကာ လက်နစ်ဖက်ကိုကိုင်ရင်း.....

'ဟွန်း ကျန်းမာရေးဂရုစိုက် ဂရုစိုက်အုန်းနော် ပြီးတော့ ပျော်ရွှင်ပါစေ.....'

နှလုံးသားတစ်ခုလုံးကျေမွရင်တောင် ခံစားရတဲ့သူကကိုယ်ဘဲဖြစ်ပါစေ......
ဆယ်ဟွန်း ဒူးခေါင်းပေါ် မျက်နာအပ်ကာ.....

'ဒီလိုလေးအမြဲနေသွားချင်တာ အမြဲတမ်း....'

ဒီစကားကိုတော့ နူတ်ခမ်းလူပ်သလောက်ပြောပေမယ့် နှလုံးသားချင်းအမှန်တကယ်နီးစပ်ခဲ့တဲ့မင်းကတော့ကြားပါစေ.......

Take Away(Completed)Where stories live. Discover now