"ဖြန်း......."
ထိုအနီးနားကလူတွေတောင်လန့်ဖြတ်သွားနိုင်တဲ့ ရိုက်သံတခုကြောင့် ခံရတဲ့လူကိုကြည့်တော့လဲ ခေါင်းပေါ်က သွေးတွေစီးကျလျက်.......
နာကျင်သွားတဲ့ပါးထက် ဆေးရုံကုတင်မှာလှဲနေတဲ့လူကိုမြင်ရတာပိုနာကျင်တယ်မလား.....'ဘာလို့လဲ ထွက်သွားရင်လဲ အပြီးထွက်သွားတာမဟုတ်ဘူး ဘာလို့ပြန်ပေါ်လာတာလဲ နင့်ကိုယ်နင်ဘာထင်နေလဲ အစကတည်းကမင်းကိုစိတ်တိုင်းမကျခဲ့တာ မိဘမဲ့ကောင်ရဲ့......'
ချန်းယောလ်လက်ကိုကျစ်ကျစ်ဆုပ်ရင်း.....
'အစကတည်းကငါ့သားနဲ့ပတ်သက်ခဲ့တာအမှားဘဲ သာယာတဲ့ငါ့သားဘဝကိုလာနောင့်ယှက်တာ....
တစ်သက်နဲ့တစ်ကိုယ်လိမ္မာတဲ့ ငါ့သားကို လူဆိုးဖြစ်အောင်လုပ်ခဲ့တာနင်.....'ချန်းယောလ်ကိုရိုက်ရင်း
'သားသူ့ကိုယူမှာတဲ့ မင်းမျက်နာတစ်ကမ္ဘာထင်ပြီး ငါ့ကိုတောင်အဆက်သွယ်တွေဖြတ်ပြီး ရအောင်ယူခဲ့ကြတာဘဲ ဒါဆိုပျော်ပျော်ရွှင်နေထိုင်ရမှာမဟုတ်ဘူးလား ဘာလို့လဲ ......
ဆယ်ဟွန်းကဖောက်ပြန်တယ်လို့ မင်းထင်နေခဲ့တာလား ဟုတ်လား......
နင့်ခေါင်းထဲအတာကလွဲပြီးမစဉ်းစားတတ်ဘူးလား....
အမေကိုပစ်ပြီး နင့်ကိုရွေးခဲ့တာလေ အတာကိုနင့်မလို့ဖောက်ပြန်တယ်လို့ထင်တာလား......
ပတ်ချန်းယောလ် ငါ့သားတခုခုဖြစ်ရင် နင်လဲသေမယ်......'ချန်းယောလ် မျက်ရည်ကြားက ဟွန်းမေမေကိုနားမလည်စွာကြောင်ကြည့်နေမိသည်.....
'ဟုတ်တယ် ငါ့မျိုးဆက်ပျက်မှာမလို့ ကလေးယူခိုင်းတာအငှားကိုယ်ဝန်ဆောင်ခိုင်းတာ မင်းသိရင်စိတ်မကောင်းဖြစ်မှာမလို့ ငါ့သားကငြင်းသေးတယ် ငါမလုပ်ပေးရင် မင်းနဲ့ကွာရမယ်ဆိုလို့ သူ့ကဂျီနာနဲ့အတူသွားအတူစားခဲ့တာဘဲရှိတယ် ဒီလိုတွေကြားကမင်းသိမှာဆိုးလို့ သူဘလောက်ထိကြောက်ရွံနေခဲ့လဲ မင်းကတော့သူ့ကိုယ်ယုံကြည်မှာပါဆိုပြီး သူ့ကဟန်ဆောင်ခဲ့တာ မင်းရိပ်မိသွားလို့ မင်းခံစားရမှာကို သူသေမလောက်ကြောက်ခဲ့တာ....
ဒါကိုမင်းက......'ဟွန်းမေမေငိုပြီးလဲကျသွားခဲ့သည် ကြောင်ပြီးသားကြည့်ခဲ့သည် ဘာလုပ်ရမှာလဲ ခုကျနော်ကဘာလုပ်ရမှာလဲ....