03

686 92 2
                                    

ဘယ်ကနေဘလိုစပြီး ဝေးကွာခဲ့လဲမသိတော့ဘူး အရင်လိုပျော်ရွှင်စရာကောင်းပါတယ်ဆိုတဲ့ကိုယ့်ရဲ့ တစ်ဦးတည်းသောအိမ်ကလဲ အေးစက်လျက် ပထမဆုံးနှင်းကျတဲ့နေ့လေးမလို့ ပြတင်းပေါက်နေဘဲအပြင်ကိုငေးကြည့်ဖြစ်တယ်....
နေရတာမပျော်တော့တာမှန်ပေမယ့် ထွက်သွားရင်လဲကိုယ်ကဘဲနာကျင်ရမှာ ဘာမှမသိသလိုလေးနေလို့ရနေသရွေ့မင်းဘေးမှာဘဲနေချင်တယ်.....
.
.
.
.
.
ထမင်းစားပွဲမှာနစ်ယောက်အတူတူထိုင်ပေမယ့် ပြောစရာစကားကသိပ်မရှိပေမယ့် တခါတလေတွေးမိတယ်ဒီအခြေနေက ရာသီဥတုအေးတယ်ဆိုတာကျနော်တို့နစ်ယောက်အခြေနေကိုမမှီပါဘူး.....
ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ကိုစဖြိုခွဲလိုက်တဲ့သူကတော့......

'မောင် ဒီရက်ပိုင်း ပန်းချီဆွဲတာသိပ်မတွေ့သလိုဘဲ......'

ခပ်ယဲ့ယဲ့ပြုံးလိုက်မိတယ် ဟွန်းကသတိတော့ထားမိသေးတယ်.....

'အွန်း......'

ဆယ်ဟွန်း ကျနော့်ဖြေသံကြောင့်မော့ကြည့်ပြီး....

'ဪ.......'

ဪဘဲလား ဘာကြောင့်လဲဘာဖြစ်လို့လဲဆိုတဲ့ မေးခွန်းတွေမမေးတော့ဘူးလား.....
ကျနော်စားလို့ပြီးတာနဲ့ ဘေစင်ကပန်ကန်တွေကိုဆေးကြောရင်း....

'အ.......'

ပန်ကန်လုံးရဲ့နူတ်ခမ်းသားမှာကွဲနေတဲ့ ကွဲရာလေးကလက်ကိုရှမိတော့ ဟွန်းကစားနေရကနေထလာပြီး....

'ဘာဖြစ်တာလဲ နာသွားလား ဒါလေးတောင်သတိမထားမိအောင် အတွေးတွေကဘယ်ရောက်နေလဲ ဒီပန်ကန်ကြီးလွှတ်ပစ်လိုက်....'

သွေးထွက်နေတဲ့လက်ချောင်းကို ဟွန်းဆုပ်ကိုင်တာမြင်ရတော့ နာကျင်တယ် ရင်ဘတ်ထဲကပိုနာတယ်...
မျက်ရည်တွေဝဲရင်း.....

'နာတယ် ဟွန်း.....'

ရင်ဘတ်ထဲကပိုနာလို့ ဘလိုလုပ်ရပါ့ဟွန်းရယ်....
ဆေးထည့်ပြီးထသွားတဲ့ဟွန်းကို.....

'ဘာလို့လဲ ဘာကြောင့်လဲ လူတွေကကိုယ်ပိုင်ထားတဲ့တခုတည်းနဲ့မလုံလောက်နိုင်ဘူးလား'

နောက်ကိုပြန်လှည့်ကြည့်လာတဲ့ဟွန်းကို ပြုံးပြရင်း...

'မောင် ဒီညပန်းချီဆွဲခန်းမှာဘဲအိပ်မယ်နော်.....'

Take Away(Completed)Où les histoires vivent. Découvrez maintenant