02

779 107 4
                                    

ဟွန်းဆီသွားမယ်company ကပြန်မလာတာ နစ်ရက်ရှိပြီ အတွင်းခံနဲ့လိုအပ်တဲ့ပစ္စည်းလေးထည့်လာခဲ့လိုက်

"ကျနော် လုပ်ငန်းတွေများနေလို့ တပတ်လောက်အိမ်ပြန်မလာဘူးနော်" ဆိုတဲ့msgတစောင်ကလွဲ ဘာမှမပို့ဖြစ်....
အရင်ကတီတီတာတာပြောခဲ့ဘူးတဲ့ msgတွေကလဲ old conservation တခုလိုဘဲ....
အရင်ကပို့ထားတဲ့conservation တွေပြန်ဖတ်ပြီးပြုံးလိုက်မိတယ် အရင်ချိန်တွေပြန်လွမ်းလိုက်တာ....
.
.
.
.
.
.
.
.
'ဟိုလေ ဆယ်ဟွန်းရှိလား ခဗျ..'

အတွင်းရေးမှူးဂျောင်က တချက်မျှကြည့်ပြီး...

'မရှိဘူး အကိုလေး ဆယ်ဟွန်းခုလေးတင်အပြင်ထွက်သွားတယ်.....'

'ဪ ဟိုလေ ဟွန်းလာရင် ဒါလေးပေးပေးစမ်းပါ့နော်....'

အတွင်းရေးမှူးဂျောင်ကိုနူတ်ဆက်ပြီး ပြန်လာတဲ့လမ်းမှာ....
ဓာတ်လှေကားကနေထွက်လာတဲ့ အတွဲတစ်တွဲ တခြားဘသူမှတော့မဟုတ် ကမ္ဘာပေါ်မှာအချစ်ရဆုံးလူသား ဟွန်း.....
ဘေးကလူကိုဘာပြောလိုက်မှန်းမသိပေမယ့် ကောင်မလေးကရှက်ပြုံးလေးနဲ့လက်မောင်းကိုအသာလေးထုလိုက်တာကို သဘောတွေကျပြီးပြုံးနေတဲ့ဟွန်းပါလေ....
မြင်မှာဆိုးလို့ရှောင်ပုန်းလိုက်ရပေမယ့် မသိစိတ်ကတော့ထွက်ပြချင်ပါရဲ့ သိစိတ်ကဟွန်းပျော်နေတာလေးပျက်စီးသွားမှာပါဆိုပြီး....
အသက်ရူရခက်လာလို့ နံရံကိုမှီပြီး တဖြည်းဖြည်းလဲကျသွားခဲ့တယ်...
တကမ္ဘာလုံးမှာယုံကြည်ရဆုံးလူကလဲ နောက်လူပေါ်လာတဲ့အခါ ကိုယ့်ကိုယ်စွန့်ပစ်ခဲ့လေပြီ...
"မောင်ကို တသက်လုံးပျော်ရွှင်အောင်ချစ်ပေးမှာ ဒီကမ္ဘာမှာ ဟွန်းလောက်မောင့်ကို ဘသူမှမချစ်ပေးနိုင်ဘူး"
နားထဲတဝဲလည်လည်နဲ့ရင်ဘတ်ကိုဖိရင်း ရယ်သာရယ်ချမိတော့တယ်....
ပုံပြောကောင်းသူနဲ့တွေ့ခဲ့တဲ့အခါ တစ်ဘဝလုံးဖြတ်သန်းချင်တဲ့စိတ်က လေထဲမှာအိမ်ဆောက်ခဲ့သလို တစ်စစီပြိုကွဲထွက်.....
.
.
.
.
.
အိမ်ကိုဘလိုပြန်ရောက်လာမှန်းမသိပေမယ့် တနေ့လုံးထိုင်တွေးမိတာက....
ငါ့ကိုငြီးငွေ့သွားတာလား ငါကဘာတွေလိုအပ်နေလို့လဲကလွဲဘာမှရေရေရာရာမတွေ့မိ....
ဘဝထဲကို ဒီလူကလွဲ အဆုံးသတ်ထိ ဒီလူသားတယောက်နဲ့ဘဲဖြတ်သန်းချင်တဲ့လောဘစိတ်လေးတစ်ခုဘဲရှိခဲ့တာ ကိုယ့်ဘက်ကဖြစ်ပေမယ့်တစ်ဖက်လူအတွက်ကြ စိတ်ပျက်စရာကောင်းလွန်းတဲ့လောဘဖြစ်နေခဲ့တာလား....
ငါ့ကတကယ်ဘဲရွံရှာစရာကောင်းတဲ့လူလား ဟွန်းရာ....
မင်းမလို့ မင်းမလို့လုပ်ရက်လိုက်တာ.....

Take Away(Completed)Tempat cerita menjadi hidup. Temukan sekarang