'ဒိုဟွန်း ဘယ်သွားမလို့လဲ.....'
ဒိုဟွန်းကပြုံးပြရင်း.....
'ကျနော် အကို့ကိုခိုးပြေးလာတာ...'
ချန်းယောလ်ပါးစပ်ဟသွားတာကြောင့် ဒိုဟွန်းကရယ်နေလိုက်သည်.....
'ခိုးပြေးရင်လဲ အနည်းဆုံးအကျီလေးတော့ယူပါရစေအုန်းဟ ခုတော့ဘာမှမပြင်ဆင်ဘဲ......'
ဒိုဟွန်းက ပြုံးနေပြီး......
'ကျနော်အတည်ခိုးပြေးချင်လာပြီနော်.......'
ချန်းယောလ်ကရယ်လိုက်သည် ပြီးတော့ ကားဘောင်ကနေကျော်ပြီး ရူခင်းတွေကိုခံစားတော့သည်...
ရပ်တန့်သွားတဲ့ ကားကြောင့် ချန်းယောလ် နိုးလာမိသည်....
ရှေ့ကမြင်ကွင်းက ဘလောက်လှလိုက်လဲ....
ပင်လယ်ကြီး......
ချန်းယောလ် ဒိုဟွန်းမျက်နာလှမ်းကြည့်တော့
မျက်ခုံးပင့်ပြီးပြုံးပြလိုက်တာမြင်ရော ချက်ချင်းပြေးဆင်းပြီး ရေတွေကိုထိတွေ့လိုက်သည်.....
.
.
..
အကို ပင်လယ်သွားကြည့်ချင်တယ်ဆိုတဲ့စကားကြောင့် မခွဲခင်အချိန်လေးတော့ ဖြည့်ဆည်းပေးချင်တယ်.....
သဲပေါ်ကိုထိုင်ချလိုက်ပြီး ကလေးတယောက်လိုပျော်နေတဲ့ အကို့ကိုရဲ့ပုံရိပ်ကို သေချာမှတ်တမ်းတင်နေလိုက်သည်...
ကျနော်မျက်စိနဲ့တာငေးကြည့်နိုင်တဲ့ သက်ရှိပန်းချီလေးက ဘလောက်တောင်လှနေလိုက်လဲ.....
မပိုင်ဆိုင်ရလဲပျော်တယ်ဆိုတာ အလကားဘဲ ချစ်ရသူကိုပိုင်ဆိုင်ရတာဘလောက်ကောင်းလဲဆိုတာ ပိုင်ဆိုင်ဘူးတဲ့လူကအသိဘဲလေ ကျနော်ကတော့ မပိုင်ရဘူးဘူးတော့မသိဘူး.....အကိုကရေဆော့တာအားရမှ ကျနော့်ဘေးထိုင်ချလာသည်.....
'ပျော်စရာကြီး ဟွန်းနဲ့တခါမှမရောက်ဘူးဘူး သူကလဲမအားတာကြောင့်....'
စူထွက်လာတဲ့နူတ်ခမ်းကြောင့် ချန်းယောလ်အကိုကတကယ် ချစ်စရာကောင်းလိုက်တာ.....
'ဘာဘဲဖြစ်ဖြစ် ကျေးဇူးဘဲ ဒိုဟွန်းရာ ငါပထမဆုံးရောက်ဖူးတာ....'
အကိုကကျနော့်ဘက်ကို လှည့်ပြီးအလှဆုံးပြုံးပြနေသည်....
'ကျနော်ကပထမဆုံးဆိုတော့ ပျော်ပြီပေါ့ ဟဟဟ.....'