07

751 86 3
                                        

တကယ်ဆိုဒီကိစ္စကြောင့် မောင်သိသွားမှာကိုဆယ်ဟွန်းကြောက်နေသည်မှာအမှန်ပင်......
ကိုယ်ချစ်ရသူက တခြားသူနဲ့အိပ်ရမယ်ဆိုတာကြီးက တွေးကြည့်ရုံနဲ့တင်ခံရခက်နေပြီမလား....
ဂျီနာနဲ့အမေက မိတ်ဆက်ပေးပေမယ့် ကျနော်ဘလိုမှခံစားမရဘူး စိတ်ထဲမောင်ကိုဘဲတမ်းတနေမိသည်....
အပြစ်လုပ်ထားတာမလို့ မောင့်နားမကပ်ရဲ နူတ်ခမ်းကိုနမ်းဖို့ကြိုးစားနေတဲ့ မောင်ကိုရှောင်နေခဲ့တယ်....
ဂျီနာကုမ္ပဏီကိုလာလို့ ဆင်းခေါ်ခဲ့ပေမယ့် မောင်လဲလာသွားတယ်ဆိုတာကြောင့် ကျနော် ပတ်ပတ်လည်ပြန်ရှာကြည့်ပေမယ့် မောင်ကဓာတ်လှေကားတဖက်မှာ တယောင်ထဲပြိုလဲနေတယ်တဲ့....
ဒီကိစ္စနဲ့ပက်သတ်ပြီး မောင်တခုခုများပြောမလားဆူမလား သဝန်မတိုမလားဆိုတဲ့စိတ်ကမျော်လင့်နေမိတယ်....
အထင်နဲ့တခြားဆီမောင်က ကျနော်ပေါ်နည်းနည်းမှစိတ်ဝင်စားမူမရှိခဲ့ဘူး မိန်းမတယောက်နဲ့ပက်သတ်နေတာတောင်လေ......
မောင်က ဖောက်ပြန်နေတာလားမေးခဲ့တာ ကျနော့်မှာနာကျင်လိုက်ရတာလေ ကျနော်မဟုတ်ဘူးငြင်းချင်ပေမယ့် မောင့်ကိုနည်းနည်းလေးစိတ်ပူအောင်လုပ်စေချင်မိတာအမှန်ပါ.....
ကျနော်တပတ်ကြီးပြန်မလာတာတောင် မောင်ကဖုန်းဆက်ပြီးတခွန်းတလေတောင်အဆင်ပြေလားမမေးတဲ့မောင့်ကို စိတ်ဆိုးချင်ပါတယ်....
ကျနော်ခွင့်တစ်ရက်ယူတာ မောင့်အနားနေချင်တာကလွဲ ကျန်တာကြောင့်နားတာမဟုတ် ဒါကိုမောင်တရက်သိစေချင်ပါတယ်......
ထမင်းစားရင်း တနေကုန်မောင်ကပန်ချီခန်းထဲမဝင်တာကြောင့် သိချင်လို့မေးကြည့်တော့ "အွန်း"ကလွဲ ကျန်တာဆက်မပြော.....
​ဆက်မေးမည်ပြင်ပြီးမှ ဖုန်းmsgဝင်လာတာကြောင့် ကြည့်လိုက်တော့ ဂျီနာ....
စာပြန်ဖို့စာရိုက်နေစဉ် အသံတခုကနားထဲဝင်လာတာကြောင့် မောင်ကပေါ့တီးပေါ့ပျက်နဲ့.....
ဘာမှမဟုတ်တာလေးကိုဆူလိုက်တော့ ရစ်ဝဲနေတဲ့ မျက်ရည်စတွေ....
အဲ့ကတည်းက ကျနော်တို့ကဝေးခဲ့ကြတာလား.....
ကျနော်တောင်မသိတော့တဲ့ ကျနော့်တို့အခြေနေကို ......
တသက်နဲ့တစ်ကိုယ် ဆေးလိပ်နံတောင်မခံနိုင်တဲ့ မောင်က ဆေးလိပ်ကိုအထာကျကျဖွာသောက်တတ်နေတယ်တဲ့လေ.....
အများကြီးပြောင်းလဲသွားပေမယ့် ပြောင်းလဲခြင်းမှာတောင် မောင်ကကျနော့်ကိုအသိမပေးခဲ့ဘူး ကျနော်ကဘဲအရမ်းချစ်ပြနေခဲ့လို့လားမောင်ရေ.....
စချစ်ခဲ့ရတာလဲကျနော်ဘဲ တသက်လုံးဘသူ့ကိုမှမပေးချင်အောင်ဖွက်ထားချင်တဲ့ တစ်ဦးတည်းသောလူ......
နောက်ပိုင်း မောင်ကကျနော်ကိုဘလိုသဘောထားနေလဲမသိရပေမယ့် ကျနော်ကတောခုထိမောင့်ကိုဖွက်ထားချင်မိတုန်း......
နောက်ဆုံးမောင်ကို ဂျီနာနဲ့မိတ်ဆက်ပေးခဲ့တယ် အမှန်တရားကိုဖွင့်မပြောရဲခဲ့ပေမယ့် ကျနော်ပြောလို့ရရင်ပြောချင်ပါတယ် ကျနော်မောင်ကလွဲ တခြားတယောက်ကိုစိတ်ကူးနဲ့တောင်မပစ်မှာခဲ့ဘူးဘူးဆိုတာ....
ရှင်းမပြလဲ မောင်ကနားလည်မည်ထင်သည်......
ခရီးထွက်ဖို့လာပြောတဲ့မောင်ကို သွားချင်ပေမယ့် ရှယ်ယာတွေထိုးကျနေလို့ လိုက်လို့မရကြောင်းရှင်းပြချင်ပေမယ့် မောင့်ကိုခေါင်းရူပ်မခံချင်လို့ မပြောတော့တာကို မောင်ကဘာတွေးလိုက်လဲမသိပေမယ့် ဘာမှဆက်မပြောဘဲထွက်သွားသည်လေ...
အရင်လို ပုခုံးပေါ်ခေါင်းလေးမှီပြီးချွဲပြရင်တောင် ကျနော်ကခေါင်းငြိမ့်ဖို့အဆင်သင့်ဘဲဆိုပေမယ့် မောင်ဘက်ကတော့မဟုတ်ခဲ့ချေ......
အဲ့နေ့က မောင်ကျနော်ကိုပွေ့ဖွက်ခဲ့တာနောက်ဆုံးဆိုတာသိခဲ့ရင် ကျနော်ဘယ်မှထွက်မသွားလို့ရအောင်ဖက်ထားခဲ့မှာ.....
​တစ်ပတ်ခရီးဆိုပေမယ့် တစ်ရက်ပြီးတစ်ရက်ပြီးပုန်သွားပေမယ့် မောင်ဘက်ကစာမလာအကြောင်းမကြား.....
မောင်မေ့နေလို့ထင်ပြီးမျော်နေပေမယ့် တစ်ပတ်သာပြည့်လာခဲ့တာ မောင်ကတော့ပေါ်မလာခဲ့ချေ....
တစ်ရက်ပြီးတစ်ရက်အချိန်တွေကုန်သွားပေမယ့် တကယ်ကြီးမောင်ကအရိပ်ယောင်တောင်မမြင်ခဲ့...
ကျနော့်တို့အခန်းထဲရှာခဲ့တော့နောက်ဆုံးတွေ့ခဲ့ာတဲ့ ကွာရှင်းစာချုပ် မောင်လက်မှတ်လေးကတော့တည်ရှိနေခဲ့တယ်လေ.....
အဲ့နေ့က ကျနော်ငိုလိုက်ရတာဆိုတာလေ မောင်မလို့လေ လုပ်ရက်လိုက်တာ....
မောင်မေးရင် ဖြေဖို့အဖြေတွေကျနော်မှာအဆင်သင့်ရှိခဲ့ပေမယ့် မောင်ဘက်ကတော့မေးဖို့ဆိုတာဝေး..
မောင်ကကျနော်နဲ့ဝေးရာကိုထွက်ပြေးခဲ့ပြီလေ.......
.
.
.
.
.
.
.
အဲ့နေ့က မောင်ကိုပြန်တွေ့ခဲ့တဲ့နေ့ကများဆို ကျနော် ပျော်လိုက်တာဆိုတာလေ ဒါပေမယ့်အပျော်တွေကတာရှည်မခံလိုက်ရပါဘူးမောင်ရယ် ကျနော်မဟုတ်ဘဲ ဘေးကလူကမောင်ကိုပြုံးအောင်လုပ်နေတယ်ဆိုတဲ့အသိက အရာအားလုံးထက်ပိုနာကျင်ရတယ် ကျနော်ကတော့အရူးတပိုင်းလိုဖြစ်နေခဲ့ပေမယ့် မောင်ကတော့ပျော်နေတဲ့လား မတရားလိုက်တာ......
မျက်ဝန်းလှလှလေးတွေက ကျနော့်ကိုမြင်တဲ့အခါ ပြန်ပြီးရှောင်ဖယ်သွားတာမြင်တော့ ပြောစမ်းပါမောင်ရယ် ကျနော်မှဒီချိန်မရူးရင်ဘသူရူးမလဲ......
ထွက်ပြေးဖို့ရည်ရွှယ်နေတာသိတာကြောင့် နာကျင်လိုက်တာများမောင်ရယ်......
ဒီကလူကိုနည်းနည်းလေးမှမသနားဘူးလား.....
မေးချင်ပေမယ့် ပျောက်သွားတဲ့အချိန်မှာခုနာဘေးကကောင်နဲ့ပျော်နေတာလားဆိုတဲ့အသိကြောင့် မောင့်ပေါ်ကြမ်းတမ်းခဲ့မိသည်....
အရာအားလုံးဖြစ်ပြီးတော့ ကျနော်သိလိုက်ရတာ ကျနော်ကဆေးရုံကုတင်ပေါ်မှာ.....
.
.
.

Take Away(Completed)Where stories live. Discover now