08

682 79 1
                                    

ဆယ်ဟွန်း ဒီနေ့အလာနောက်ကျသည် တကယ်ကခုထိလုပ်ငန်းကမပြီးသေး အလုပ်တွေပစ်ပြီး မောင်ဆီကိုပြေးလာခဲ့ရသည် နစ်ယောက်သားကအရင်လိုအခြေနေဘဲလားမေးရင် နည်းနည်းတော့တိုးတက်လာတယ်ပြောရမယ် မောင်ကတခါတလေ စိမ်းကားတာကလွဲ ဒါကကိုယ်လုပ်ထားတဲ့အပြစ်ကြောင့်ဘဲမလား.....
ခြံထဲဝင်မယ်ဆိုတော့ သော့မခတ်ထားတာကြောင့်ပြုံးမိသည်....

တိုးတိုးတိတ်ဝင်လာရင်း ဧည့်ခန်းမှာ ဒိုဟွန်းနဲ့အဖိုးကမူန်ဝါးဝါး တီဗွီကိုအသဲအသန်ကြည့်နေရကြသည် ကျနော်လာတာသတိတောင်မထားမိကြဘူး ချစ်သူကိုကို လိုက်ရှာကြည့်အရိပ်ယောင်တောင်မမြင်ရ.....
ဒိုဟွန်းက ကျနော့်မြင်သွားတော့ မောင်အိပ်နေပြီဆိုတာအရိပ်ယောင်ပြသည်လေ....
အဖိုးပါလှည့်လာတာကြောင့် ဆယ်ဟွန်းပြုံးရင်း....
မောင်အခန်းဘက်လျောက်လာလိုက်သည်..
တံခါးကိုအသာယာဆွဲဖွင့်တော့ မောင်ကအေးချမ်းစွာအိပ်စက်နေသည်....
အိပ်နေတဲ့အချိန်မှာတောင် မောင်ကချစ်ဖို့ကောင်းလွန်းလို့ တကယ်မနာလိုရသေးသည်....
မောင့်ကုတင်ဘေးနားထိုင်ချပြီး မောင်လက်ကိုဖွဖွလေးဆုပ်ကိုင်လိုက်သည်.....

'ကျနော်လာတာတောင် မောင်ကအိပ်ပျော်နေတာတဲ့ အိပ်ပုတ်ကြီး......'

ဆယ်ဟွန်းသူရဲ့တစ်နေ့တာအကြောင်းတွေပြောပြီး...
ချန်းယောလ်လက်ဖဝါးလေးကိုသူ့ပါးပေါ်ကပ်ကာ....

'မောင်ကို ကျနော်စောင့်နေမှာဘဲ ဘယ်ချိန်ဘဲဖြစ်ဖြစ် ဒါကြောင့် ဘယ်ထိအလည်လွန်လွန် ကျနော်ဆီတော့ ပြန်လာပေးမယ်မလား...
ကျနော်မှားခဲ့ပါတယ် မောင့်ကိုနာကျင်အောင်လုပ်တဲ့သူကကျနော်ကိုယ်တိုင်ဖြစ်နေတယ်ဆိုတဲ့အမှန်တရားကြောင့်ဘဲ ကျနော်နာကျင်နေရပါတယ် ဒါကြောင့် ကျနော့်ဆီတော့ပြန်လာခဲ့ပေးနော်......'

ချန်းယောလ် လက်ဖမိုးကိုနမ်းလိုက်ရင်း.....

'အိမ်မက်ထဲ ကျနော့်ကိုထည့်မက်နော် ချစ်တယ်....'

စောင်ကိုအပေါ်ဆွဲတင်ပေးပြီး ဆယ်ဟွန်းထွက်လာခဲ့တော့သည်.....
______________________________

ခြံရှေ့ထိလိုက်ပို့မယ်ဆိုပြီးထလိုက်လာခဲ့တဲ့ဒိုဟွန်းကြောင့် အားနာရပြန်သည်.....
ခြံနားရောက်ခါနီးထိ ဒိုဟွန်းနဲ့ကျနော်ဘာမှမပြောဖြစ်တာကြောင့် ကိုယ့်ဘက်ကစကားစလိုက်သည်....

Take Away(Completed)Where stories live. Discover now