Chapter - 186

5.7K 949 75
                                    

[Zawgyi]

<ဒါကိုပြောနေရမယ့်အချိန်မဟုတ်ဘူး>

"ဒါကိုပြောနေရမယ့်အချိန်မဟုတ်ဘူး။ အရင်ဆုံး...ကျွန်မတို့ပြေးသင့်တယ် အန်ကယ်။"

နဉ်ရှု ပြောရင်းငိုချင်လာသည်။ ဒီအခြေအနေကြီးကို ကြုံဖူးတယ်လို့ သူမသေချာခံစားနေရသည်။ ကျောင်းဆရာဝန်က ဘာလို့များ လူတွေရဲ့နှလုံးသားကို အကြောက်တရားနဲ့ ပေါက်ကွဲထွက်သွားစေနိုင်တဲ့အရာတွေကို လုပ်နေရတာလဲ?

ကျောင်းဆရာဝန်အန်ကယ်က မှတ်ချက်ခိလိုက်လေသည်။

"အရင်ကဖြစ်ဖူးတာနဲ့ တူနေတယ်။"

"ဂါးးး...ဂါးးးး။"

သူမတို့ ခါချခဲ့တဲ့ zombieတွေက သူမတို့ကို မှီလာပေပြီ။ ဗီဇကွဲzombieသေသွားတဲ့နောက်မှာ zimbieတွေက အထိန်းအချုပ်မဲ့သွားပုံပေါ်သည်။ လူသားတွေရဲ့အနံ့ကိုရတဲ့အခါ သူတို့က ပိုမိုကျယ်လောင်စွာ မာန်ဖီလာကြသည်။

"ကောင်းပြီ...ကောင်းပါပြီ။ အခု အရေးအကြီးဆုံးက zombieတွေနဲ့ ရင်ဆိုင်နေရတာပဲ။ သူတို့ကို အနိုင်ယူဖို့ အတူတူပူးပေါင်းတိုက်ခိုက်ရအောင်။"

Wolfရဲ့ စိတ်အခြေအနေက ဆိုးရွားနေပုံပေါ်သည်။

"ငါအခြေအနေကို ရှင်းအောင်ပြောထားမယ်။ ငါတို့ zombieတွေကို တိုက်ခိုက်နေတုန်း တစ်ခြားသူကို ချောင်းမြောင်းတိုက်ခိုက်တာကို တားမြစ်တယ်။"

နဉ်ရှု နှုတ်ခမ်းမဲ့လိုက်သည်။ Wolfရဲ့ စကားဆိုရင် တစ်လုံးလေးတောင် သူမမယုံပါဘူးနော်။

ကျောင်းဆရာဝန်အန်ကယ်က စကားပြန်မပြောဘဲ အနီးဆုံးမှာရှိတဲ့ zombieရဲ့ခေါင်းကို ပစ်ချလိုက်သည်။ သူ့လှုပ်ရှားမှုက အရမ်းကိုမြန်လွန်းတာမို့ လူတိုင်းငေးကြောင်သွားကြသည်။ ကျောင်းဆရာဝန်အန်ကယ်ကိုင်ထားတဲ့ သေနတ်ကိုကြည့်ရင်း Wolfရဲ့အမူအရာက လုံးဝကိုရှုပ်ထွေးနေတော့သည်။

"သေနတ်အသစ်အဆန်းလား?"

လက်နက်တွေအကြောင်းကို နဉ်ရှု သိပ်မသိသော်လည်း ဒီသေနတ်နဲ့ သူ့ကျည်ဆံတွေက ထူးထူးခြားခြားမြန်နေတယ်ဆိုတာတော့ သူမပြောနိုင်သေးသည်။ စောစောက ပစ်လိုက်တဲ့ ကျည်ဆံတွေနဲ့ လေထုရဲ့ ပွတ်တိုက်မှုကြောင့် အဖြူ ရောင်အငွေ့တန်းတွေကိုတောင်ဖြစ်သွားစေသည်။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Where stories live. Discover now