[Zawgyi]
<မွန်းစတားတွေကို ခေါ်လိုက်ရမလား?>
နဉ်ရှု baseနဲ့အနီးအနားမှာ စွန့်ပစ်ထားတဲ့အဆောက်အဦးတစ်ခုကိုတွေ့လေသည်။ ထို့နောက်ပိုင်းရက်များတွင်တော့ သူမမှာအချိန်ရှိတိုင်း အနီးတစ်ဝိုက်ကိုလျှောက်သွားကာ လူတွေပြောတာကိုခိုးနားထောင်တတ်လေ၏။
သူငယ်ချင်းလေးရှောင်မင်ကတော့ နဉ်ရှုဘာတွေလုပ်နေလဲဆိုတာမသိပေမယ့် သူမနောက်ကလိုက်တတ်လေ၏။ သူ့အမြင်မှာတော့ နဉ်ရှုလုပ်သမျှအားလုံးက အဓိပ္ပါယ်မရှိပေ။ သားကောင်ကိုဖမ်းဖို့မလုပ်တာက အဓိပ္ပါယ်ကိုမရှိပေ။
ဒါပေါ့..နဉ်ရှုကတော့ သူငယ်ချင်းလေးရှောင်မင်က သူမကို ကြိတ်ကာအထင်သေးနေသည်ကို လုံးဝမသိရှာ။ နောက်ဆုံးတော့ သူမလိုချင်နေသောသတင်းကို နဉ်ရှုရလိုက်လေ၏။
Wolfနဲ့ Phoenixက baseမှာရှိပြီးတော့ သူတို့ရဲ့စွမ်းအားတွေက အရမ်းကိုမြင့်တာကြောင့် ရိုသေလေးစားခံရသည်။ သူတို့က baseခေါင်းဆောင်တွေတောင်ဖြစ်လာတော့မည်ပင်။
Phoenixက နတ်ဘုရားမတစ်ပါးလို ရိုသေလေးစားခြင်းခံရ၏။ သူမရဲ့အထူးစွမ်းရည်ကြောင့် လူတိုင်းက သူမကို ရေခဲနတ်ဘုရားမဟုတင်စားခေါ်ဝေါ်ကြလေ၏။
နတ်ဘုရားမ..အား! နဉ်ရှု အလွန်ပင်မနာလိုဖြစ်မိသည်။ သူမကတော့ တစ်ခြားလူတွေက သူမကိုနတ်ဘုရားမလို့ခေါ်တာ တစ်ခါမှမကြုံဖူးချေ။
ဘုရားသခင်က အတော်လေးကိုမျှတပါပေသည်။ သူက သင့်ကိုဆိုးရွားတဲ့ရုပ်ရည်ကိုပေးပြီးနောက်မှာ အရာအားလုံးကိုညီမျှစေဖို့အတွက် နိမ့်ကျသောIQကိုလည်း ပေးလိမ့်မည်။
ဗိုလ်ချုပ်ဘာတွေလုပ်နေသလဲဆိုတာ နဉ်ရှုသိချင်လာသည်။ အဲ့ဒီ့Wolfက baseကိုလွှမ်းမိုးချုပ်ကိုင်စပြုလာပြီဆိုတော့ နဂိုတည်းက baseရဲ့အထက်လူကြီးတွေဖြစ်တဲ့လူတွေက ဘယ်လိုဖြစ်သွားမလဲ?
အခြေအနေသိပ်မကောင်းဆိုတဲ့ခံစားချက်တစ်ခုကို သူမခံစားလိုက်ရသည်။
"ကောင်းပြီလေ။ ပြန်ကြစို့။"
နဉ်ရှုက ညင်သာစွာပြောလိုက်သည်။
YOU ARE READING
Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)
AdventureAuthor(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transmigration Cannon Fodder's Record of Counter Attack English Translator : Butterfly's Curse Realm Title : Searching in the Apocalypse for the L...