[Zawgyi]
<System No.>
နဉ်ရှု မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ သူမက ဖြူ လွကျယ်ပြန့်တဲ့ System spaceထဲပြန်လည်ရောက်ရှိနေခဲ့ပြီဖြစ်သည်။ တဖြည်းဖြည်းများပြားလာတဲ့ဖိအားတွေကို ပယ်ဖျက်ဖို့ကြိုးစားရင်း သူမ အသက်ပြင်းပြင်းရှူ လိုက်ကာ ပြန်ရှူ ထုတ်လိုက်သည်။
သူမ ငုံ့ကြည့်လိုက်တဲ့အခါမှာတော့ သူမရဲ့ဝိဥာဉ်က အတော်လေးမှိန်ဖျော့နေတာကိုမြင်လိုက်ရသည်။
"System spaceကိုပြန်လည်ရောက်ရှိလာတဲ့အတွက် ဂုဏ်ယူပါတယ် ကစားသူ။ မင်းရဲ့ အခြေအနေပြဇယားကိုကြည့်ရှုပါမည်လား? ကြည့်ရှုမည်/မကြည့်ရှုပါ။"
အေးစက်စက် စက်သံက ထပ်မံထွက်ပေါ်လာသည်။
"ကြည့်မယ်။"
နဉ်ရှုပြောပြီးတာနဲ့ သူမရဲ့အချက်အလက်တွေက သူမရှေ့မှာပေါ်လာတော့သည်။
နံပါတ် : 2333
အမည် : နဉ်ရှု
အသက် : 27
အတွေ့အကြုံ : 8600 (8600/10000)
ဝိဥာဉ် : 60 (+1)
သက်တမ်း : 50 (+1)
ဥာဏ်ပညာ : 80
ဆွဲဆောင်မှု : 1
ကံကောင်းမှု : 28 (+3)
စိတ်ခွန်အား : 120
ကိုယ်ခံပညာ : 10
ပါရမီ : 26
ကောင်းမြတ်သောအောင်မြင်မှု : 2
စွမ်းရည်များ : ငါးကွင်းပစ်သေနတ်ပစ်စွမ်းရည်၊ အညံ့စားကိုယ်ခံပညာ၊ အတုမဲ့သိုင်းပညာ၏အညံ့စားလက်သင်(စတင်သူ)။
ရရှိခဲ့သောခေါင်းစဉ်များ: စစ်နတ်ဘုရားမ။
ရမှတ်5000 ရရှိပါသည်။
အရည်အချင်းမှတ်10မှတ် ရရှိပါသည်။
ကျေးဇူးပြု ပြီး ခွဲဝေပါ။
ဤအကြိမ်တွင် တကယ်ကြီး ရမှတ်ငါးထောင်ရှိနေတာကို နဉ်ရှုတွေ့လိုက်ရသည်။ အများကြီးပဲ..အား! ဒါက သူမ ဗိုလ်ချုပ်ကိုကယ်လိုက်လို့ဖြစ်ရမယ်။
နဉ်ရှု အရည်အချင်းမှတ်10မှတ်ကို ဥာဏ်ပညာ၊ ဆွဲဆောင်မှုနှင့် ကံကောင်းမှုထဲပေါင်းထည့်လိုက်သည်။
KAMU SEDANG MEMBACA
Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)
PertualanganAuthor(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transmigration Cannon Fodder's Record of Counter Attack English Translator : Butterfly's Curse Realm Title : Searching in the Apocalypse for the L...