Chapter - 205

5.3K 875 62
                                    

[Zawgyi]

<Phoenixက အန်ကယ့်အပေါ်ခံစားချက်ရှိနေတယ်>

အဆုံးမှာတော့ နဉ်ရှုမချက်ခဲ့ပေ။ ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုရဲ့စိုးရိမ်ပူပန်နေတဲ့အမူအရာကိုကြည့်လိုက်ပြီး "မင်းကိုချက်တာက အစားအစာတွေကိုဖြုန်းတီးတာပဲ"လို့ ပြောလေ၏။

ကျောင်းဆရာဝန်အန်ကယ်ပဲ ချက်ပြုတ်လိုက်ပြီး သူက အသားပေါင်းတောင်လုပ်လိုက်သေးသည်။ အသားတွေကို အရွယ်တူအောင်လှီးဖြတ်ထားကာ ပုံစံခွက်တစ်ခုတည်းက ထွက်လာသလိုပင်ထင်ရ၏။

အန်ကယ့် OCDရောဂါက အရမ်းကိုပြင်းထန်လွန်းတာပဲ။ နဉ်ရှု ထမင်းနဲ့အသားတွေအများကြီးစားလိုက်တာကြောင့် အဆက်မပြတ် လေချဉ်တက်နေတော့သည်။ သူမ အရမ်းကိုစိတ်လှုပ်ရှားသွားပြီး ငိုခိင်လာသည်။ ကမ္ဘာပျက်ကပ်က အရမ်းကိုရက်စက်ကြမ်းကြုတ်သည်။ သူမ မင်းသမီးလေးဖြစ်တုန်းက ဘယ်စားကောင်းသောက်ဖွယ်ကို သူမ မမြည်းစမ်းဖူးလို့လဲ? ဒါပေမယ့် ဒီဟင်းလျာက ပိုပြီးအရသာရှ်နေပုံပေါ်သည်။

မာတောင့်နေတဲ့ ဘီစကစ်တွေကို အချိန်အကြာကြီးစားပြီးနောက်မှာ သူမရဲ့အရသာခံဖုတွေ သေတော့မလိုပင်။ ထမင်းနဲ့ ဆီရွှဲနေတဲ့အသားဟင်းလျာက အရမ်းကိုအရသာရှိလွန်းလို့ နဉ်ရှု သူမဂုဏ်သိက္ခာကို လွှင့်ပစ်ပြီး အန်ကယ့်ပေါင်ကိုဖက်ထားလိုက်ချင်သည်။

ကျောင်းဆရာဝန်အန်ကယ်ကတော့ အသားဟင်းလျာကို ထိပင်မထိဘဲ ရောကြောထားတဲ့ အသီးအရွက်တွေကိုသာ ဖြည်းညင်းစွာစားနေလေ၏။ သူ့လှုပ်ရှားမှုတွေက အလျင်လိုခြင်းမရှိဘဲ ကျက်သရေရှိနေသောကြောင့် နှိုင်းယှဉ်ကြည့်ပါက နဉ်ရှုကို ဆာလောင်မွတ်သိပ်နေတဲ့ ဝံပုလွေတစ်ကောင်ဖြစ်သွားစေသည်။

ကျောင်းဆရာဝန်အန်ကယ်က ငမ်းငမ်းတက်စားဆသာက်နေတဲ့ နဉ်ရှုကိုကြည့်လိုက်ပြီး မျက်ခုံးတို့တွန့်ခ်ျိုးသွား၏။ သူမမျက်နှာမှာ ဆီတွေပေနေတာကိုတွေ့တဲ့အခါ သူ့နှုတ်ခမ်းတွေတွန့်သွားပြီး ခေါင်းကို တစ်ဖက်လှည့်လိုက်သည်။ သူထပ်ကြည့်ချင်စိတ်မရှိတော့ပေ။

နဉ်ရှု စားလို့ပြီးတဲ့အခါ ပန်းကန်လုံးကိုချလိုက်ပြီး ကျေနပ်အားရစွာလေမှုတ်ထုတ်လိုက်သည်။ သူမ အန်ကယ့်ကိုလက်မထောင်ပြရင်း ပြောလိုက်သည်။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Donde viven las historias. Descúbrelo ahora