EP 1

1.4K 45 61
                                    

ပူလိုက်တာ။
စကြဝဠာထဲမှာ နေတစ်လုံးတည်း ရှိနေတာမှ
ဟုတ်ရဲ့လား။
တစ်က်ိုယ်လုံး ပူလောင်လွန်းလို့ အရည်ပျော်ကျ
သွားမလားတောင် မှတ်ရတယ်။
အရင်တုန်းက စိတ်နဲ့ဆိုရင် အရည်ပျော်ပြီး
ချက်ချင်း ပျောက်ကွယ်သွားချင်မိမှာ အမှန်ပဲ။
အခုတော့ ပျောက်ကွယ်သွားချင်စိတ် မရှိဘူး။
လွတ်လပ်ချင်စိတ်ပဲ ရှိတော့တယ်။
ကောင်းကင်ကြီးကို သံတိုင်ပြတင်းပေါက်ကနေ ငေးကြည့်ရတဲ့ နေ့ရက်မျိုးကို မလိုချင်တော့ဘူး။
မြင်ကွင်းအဆုံးမှာ အုတ်နံရံတံတိုင်းကြီးက
ကာဆီးထားတာမျိုးကိုလည်း ငြီးငွေ့နေပြီ။
စိတ်ပင်ပန်းတယ်။ စိတ်မောတယ်။
အသက်ရှူကျပ်တယ်။ သေချင်တယ်။
ဒါပေမဲ့ အဲ့ဒီခံစားချက်တွေက ကြာကြာ
မခံစားရတော့ဘဲ လွတ်လပ်တော့မယ်ဆိုတဲ့ အသိစိတ်က ဝင်လာပြန်တယ်။
ပျော်လားဆိုတော့ မပျော်ဘူး။

" အကျဉ်းသူ ဂျောန်ဂျောင်ဟီ .. လွတ်ရက်စေ့ပြီ
ထွက်ခဲ့ "

အကျဉ်းထောင်စောင့် ရဲမေတစ်ဦးရဲ့
အမိန့်အာဏာသံ ခပ်ပြင်းပြင်းက နားထဲကနေ
ရင်ဘက်ထဲထိ ထိုးဖောက်ဝင်လာတာကြောင့်
ခေါင်းလေးက်ိုစောင်းကာ ဖြေးညှင်းစွာပင်
လှည့်ကြည့်လိုက်မိတယ်။

နောက်ဆုံးတော့လည်း .. အနှစ်နှစ် အလလ
ကြာရှည်အောင် စောင့်မျှော်နေခဲ့ရတဲ့ အခုလို
ရက်မျိုး ရောက်လာခဲ့ပြီပဲ။
ငါ လွတ်လပ်ပြီ။
တကယ် လွတ်လပ်ပြီလား။

ထောင်စောင့်ရဲမေက အကျဉ်းခန်းတံခါးကို
ကျွီခနဲ ဆွဲဖွင့်လိုက်တယ်။
ထိုအသံက ကျောက်သင်ပုန်းကို လက်သည်းနဲ့
ခြစ်ချလိုက်သလိုပဲ နားမခံနိုင်ဘူး။
အခုက နောက်ဆုံးအနေနဲ့ ကြားရခြင်းပါ။
နောက်ဆိုရင် ဒီတံခါးဖွင့်သံကို လွမ်းတောင်
လွမ်းနေမိဦးမှာ။
ကျွန်မ ခြေတစ်လှမ်း ကျော်ဖြတ်ပြီး
အကျဉ်းခန်းအတွင်းက ထွက်လိုက်တယ်။

ဒီတစ်ကြိမ်ထွက်ရတာဟာ
အလုပ်ကြမ်းတွေလုပ်ဖို့ မဟုတ်။
လူစုံ မစုံ အစစ်ဆေးခံဖို့ မဟုတ်။
တိုက်ပိတ်ခန်းမှာ နေဖို့ မဟုတ်။
အပြင်ကမ္ဘာလောကနဲ့ ဆက်သွယ်ဖို့ ဖြစ်တယ်။

အပြင်ကမ္ဘာလောက .. အပြင်ကမ္ဘာလောက ..

ကျွန်မ ဖြတ်သန်းခဲ့ရတဲ့
အပြင်ကမ္ဘာလောကဟာ .. အကျဉ်းထောင်နဲ့ ..
ဘယ်လောက် ကွာခြားနိုင်မှာမို့လို့လဲ ..

전정히  (Completed)Where stories live. Discover now