EP 7

179 24 41
                                    

ဆူညံလိုက်တာ ...
ဘယ်လိုလူတွေကများ ကာရာအိုကေလို
နေရာမျိုးကို ပျော်စရာကောင်းတယ်လို့
သတ်မှတ်ကြတာလဲ မသိဘူး။
ကျွန်မအတွက်တော့ အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။

ငယ်ငယ်တုန်းက ဇာတ်လမ်းတွဲတွေထဲမှာ
သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဘက်တွေ စုပြီး
ကာရာအိုကေမှာ သီချင်းတွေ အော်ဆိုလိုက်၊
ဆိုဂျူတွေ သောက်လိုက်နဲ့ ရယ်မောပျော်ရွှင်နေတဲ့ ဇာတ်ဝင်ခန်းမျိုးကို ကြည့်ပြီး တကယ်ပဲ
ပျော်စရာကောင်းမယ်လို့ ထင်ခဲ့မိပေမယ့်
အတွေးနဲ့ လက်တွေ့က လုံးဝကို တစ်ခြားစီပါပဲ။

ကျွန်မကလည်း ပျော်ဖို့လာတာမှ မဟုတ်တာ။
မကြာခင် စီအီးအိုဖြစ်မယ့် ကင်ဆော့ဂျင်ကို
ချဉ်းကပ်ဖို့အတွက်ပဲလေ။
ဒါရိုက်တာ ကင်နမ်ဂျွန်နဲ့တုန်းကတော့
အရမ်းကြီး မခက်ခဲပေမယ့် အချိန်နည်းနည်း
ယူလိုက်ရတယ်။
ကင်ဆော့ဂျင်နဲ့ဆိုရင် အချိန်သိပ်ယူစရာတောင် လိုမယ်မထင်ဘူး။

တွေးလေလေ ကိုယ့်ကိုကိုယ် အားမရလေပဲ။
တိုက်ခန်းငှားနေတုန်းက တိုက်ခန်းမှာ ရှိသမျှ
လူတွေကို ကြက်ကြော်နဲ့ ကိုကာကိုလာ
ဝယ်ကျွေးကတည်းက သူဌေးသားမှန်း ရိပ်မိခဲ့သင့်တယ်။ တိုက်ခန်းပိုင်ရှင်အဒေါ်ကြီး
ပြောခဲ့တုန်းကတောင် နည်းနည်းပဲဖြစ်ဖြစ် ယုံခဲ့သင့်တာ။
ရွှေခွက်တစ်ခွက်လုံး ကိုယ့်မျက်စိရှေ့ကို
ရောက်နေတာတောင် ရွံ့တွေဖုံးနေတာပဲ
မြင်နိုင်ခဲ့တဲ့ ကိုယ့်ကိုကိုယ် သောက်သုံးမကျဘူးလို့ပဲ တွေးလိုက်တော့တယ်။

အခု အဖွဲ့မှူးထေးနဲ့ အဖွဲ့မှူးဒုန်းတို့က PSY ရဲ့
DADDY သီချင်းကို အတူဆိုပြီး မကတတ်ဘဲ
လျှောက်ကနေကြတယ်။
နည်းနည်းဆင်တူသလိုဖြစ်ပေမယ့် အပေါစား
ဆန်တဲ့ ကကွက်ကြီးတွေ ဖြစ်နေတယ်။
ဒါကို အဖွဲ့ဝင်ဝန်ထမ်းတွေကလည်း မြှောက်ပင့်
အော်ဟစ်ပြီး အားပေးနေကြတယ်။
ကင်ဆော့ဂျင်ကလည်း သူတို့ကို ကြည့်ပြီးတော့
အားရပါးရ ရယ်နေတယ်။
သူ့ပုံစံက ဘေးလူကြည့်ရင်တောင် စီအီးအိုရဲ့သားအရင်းလို့ ထင်ချင်စရာတစ်ကွက်တောင်
မရှိပါဘူး။
သူသာ စီအီးအို ဖြစ်လို့ကတော့ ဝန်ထမ်းတွေ
မခန့်လေးစားလုပ်မှာ မြင်ယောင်သေး။

전정히  (Completed)Hikayelerin yaşadığı yer. Şimdi keşfedin