EP 12

137 15 0
                                    

ကင်ဆော့ဂျင်က ကျွန်မနားကို ပြေးပြီးတော့
ချက်ချင်း ရောက်လာတယ်။
ဂျောင်ဟိုဆော့နဲ့ ကျွန်မကြားမှာ ဝင်ရပ်လိုက်တယ်။
ကျွန်မရှေ့က ကာကွယ်ပေးသလိုမျိုး။
ဒါရိုက်တာ ကင်နမ်ဂျွန်ကတော့ ပြေးမလာဘူး။
ခြေလှမ်းသွက်သွက်လျှောက်ပြီး ကင်ဆော့ဂျင်ထပ် နည်းနည်းနောက်ကျမှ ရောက်လာတယ်။
ကျွန်မဘေးမှာ လာရပ်တယ်။
ပြီးတော့ ဂျောင်ဟိုဆော့ကို မျက်မှောင်ကျုံ့ပြီး
စိုက်ကြည့်နေတယ်။
ကျွန်မကို ပြန်ကြည့်တယ်။
ဂျောင်ဟိုဆော့ ကျွန်မကို ဘာလုပ်နေတာလဲဆိုတဲ့ အကြည့်မျိုး။

ကျွန်မ နေရတာ ကျဉ်းကျပ်လာတယ်။
ခန္ဓာကိုယ်က တဖြေးဖြေးကျုံ့လာမိတယ်။
ကျုံ့ပြီး သေးသေးလေးဖြစ်သွားရင် သိပ်ကောင်းမှာပဲ။
သေးသေးလေးဖြစ်ပြီး ဒီနေရာကနေ ချက်ချင်း
ပျောက်ကွယ်သွားချင်မိတယ်။
ဂျောင်ဟိုဆော့ကို ကြည့်လိုက်တော့ သူ့မျက်နှာက ခုနတုန်းကလို ခက်ထန်မနေတော့ဘူး။
ပုံမှန်မျက်နှာဘေးမျိုး ပြန်ဖြစ်သွားပြီ။

" ဘာဖြစ်နေတာလဲ ဂျောင်ဟီ "

" ဒီလူက ဘယ်သူလဲ အဖွဲ့မှူးဂျောန် "

ဒါရိုက်တာ ကင်နမ်ဂျွန်နဲ့ ကင်ဆော့ဂျင်က
ကျွန်မကို ပြိုင်တူမေးလာတယ်။
ကျွန်မ ဘာပြန်ဖြေရမှန်းမသိဘူး။
ဂျောင်ဟိုဆော့ကိုပဲ စိုက်ကြည့်နေမိတယ်။
အခုချိန်မှာ သူ ပြောလိုက်ရင်သွားပြီ။
ကျွန်မက ပြင်သစ်မှာ club မယ် လုပ်ခဲ့တာ။
သူက ကျွန်မသူဌေးဆိုတာကို ပြောလိုက်ရင်
ကျွန်မ နေရာမှာတင် ချက်ချင်းလဲသေသွားမှာ။
ကျွန်မ တစ်ကိုယ်လုံး ချွေးတွေပြန်လာတယ်။
အငွေ့ပျံပြီး ပျောက်ကွယ်သွားတော့လည်း
ကောင်းတာပဲ။
ကျွန်မ မျက်နှာလွှဲထားမိတယ်။
ဘယ်သူ့ကိုမှ ရင်မဆိုင်ရဲဘူး။
အခုအချိန်ကျမှ ... တိုက်တိုက်ဆိုင်ဆိုင်ကြီး။
မဟုတ်သေးဘူး ...။
ဒီလိုဖြစ်အောင် ဂျောင်ဟိုဆော့ တမင်
အကွက်ချစီစဉ်ထားတာနေမယ်။
အဲ့လိုမဟုတ်ဘဲ သူ ဒီနေရာထိ ရောက်လာစရာအကြောင်းမရှိဘူး။

" ခင်ဗျားက ဘယ်သူလဲ "

ကျွန်မ မဖြေတော့ ကင်ဆော့ဂျင်က ဂျောင်ဟိုဆော့ကို တည့်မေးတယ်။
ဂျောင်ဟိုဆော့က စပ်ဖြဲဖြဲမျက်နှာနဲ့ ပြုံးပြီး
ကျွန်မကို ကြည့်နေတယ်။

전정히  (Completed)Donde viven las historias. Descúbrelo ahora