FINAL

628 31 7
                                    

ပြင်သစ်မှာ ကုမ္ပဏီခွဲဖွင့်မဲ့ ကိစ္စနဲ့ပတ်သက်ပြီး
အရေးကြီး အစည်းအဝေးရှိလို့ ကျွန်မ အခု
အစည်းအဝေးခန်းထဲ ရောက်နေရတယ်။

ထုံးစံအတိုင်း ရှယ်ယာရှင်တွေနဲ့ ကျွန်မတို့လို
ရာထူးအမြင့်ပိုင်းထဲကလူတွေပဲ အစည်းအဝေးခန်းထဲမှာ ရှိနေတာ။
ဒါရိုက်တာ ကင်နမ်ဂျွန်တော့ မပါဘူးပေါ့။
သူက ပြင်သစ်မှာလေ။
သူ အစီအစဉ်ဆွဲပြီး တင်ပြလိုက်တဲ့
ကုမ္ပဏီဆောက်မယ့် မြေနေရာအကျယ်အဝန်းနဲ့
အဆောက်အဦးပုံစံမူကြမ်းကို ကျွန်မတို့က
ကြည့်ပြီး အကဲဖြတ်ပေးနေရတာ။

တကယ်တမ်းဆိုရင် ဒီကိစ္စက ကင်ဆော့ဂျင်၊
ဒါရိုက်တာ ကင်နမ်ဂျွန်နဲ့ မန်နေဂျာမင်တို့
သုံးယောက်တည်း စီစဉ်ဆုံးဖြတ်ရင်
ရပါတယ်။
ကင်ဆော့ဂျင်က ဝန်ထမ်းအားလုံးကို
တန်းတူအခွင့်အရေးပေးတတ်တဲ့သူမို့
ကျွန်မတို့လို ဌာနခွဲ၊ အဖွဲ့ခွဲက လူတွေကိုပါ
ခေါ်ပြီး ကျွန်မတို့ရဲ့ အကြံဉာဏ် ဆုံးဖြတ်ချက်တွေကို တောင်းခံနေတာလေ။
တကယ့်ကို လေးစားစရာကောင်းတဲ့ စီအီးအိုပါပဲ။

ပြီးတော့ အစီအစဉ် တင်ပြချက်တွေကို
သူ့အတွင်းရေးမှူးကို မလုပ်ခိုင်းဘဲ
သူကိုယ်တိုင် ပရိုဂျက်တာရှေ့မှာရပ်ပြီး
စည်းစနစ်တကျ ရှင်းပြ၊ ပြောပြနေတာ။
စီအီးအိုကိုယ်တိုင် ပြောနေတာဆိုတော့
အကုန်လုံးက မျက်တောင်တစ်ချက်တောင်
မခတ်ရဲဘဲ အာရုံစူးစိုက်ပြီး နားထောင်နေကြတယ်။

ကျွန်မတစ်ယောက်တည်းကပဲ ကင်ဆော့ဂျင်မျက်နှာကို ကြည့်နေပေမယ့် သူပြောနေတဲ့
အကြောင်းအရာတွေကို လုံးဝ အာရုံထဲမထားမိတာ။

လေဝင်လေထွက်ကောင်းအောင် ကုမ္ပဏီရဲ့
အထပ်တိုင်းမှာ သစ်ပင်စိုက်ထားဖို့။
ဝန်ထမ်းတွေအတွက် စားသောက်ခန်း။
မီးအချက်ပေးစနစ်နဲ့ အရေးပေါ်လှေကားနေရာ။
ဓာတ်လှေကားလုံခြုံရေးစနစ်။
ကုမ္ပဏီအတွက် ဝန်ထမ်းအင်အား။
အဲ့ဒါတွေကိုတော့ နားထဲမှာ မကြားတစ်ချက်၊
ကြားတစ်ချက်ပဲ။
အာရုံစိုက်ချင်ယောင်ဆောင်လိုက်တဲ့ အချိန်မှာပေါ့။

" ကျွန်တော်အခု ပြောလိုက်တဲ့ အကြောင်းအရာတွေထဲမှာ လူကြီးမင်းတို့ သဘောမကျတဲ့၊
ပြင်ဆင်သင့်တယ်လို့ထင်တဲ့ အရာတွေရှိနေရင်
ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း တင်ပြလို့ရပါတယ် "

전정히  (Completed)Tempat cerita menjadi hidup. Temukan sekarang